အပိုင်း၄.....
" good morning teacher"
တစ်တန်းလုံး မတ်တပ်ရပ်ကာ အသံညီစွာ အတန်းပိုင်ဆရာမအားနှုတ်ဆက်လိုက်ပါတယ်။
"good morning class ,sit down" သဘောကောင်းသော အတန်းပိုင်ဆရာမ၏အသံသည် ချိုအေးကြည်သာနေသည်။
"Thank you teacher"
တစ်တန်းလုံး အသံညီစွာပင် ပြန်ပြောလိုက်တယ်။
"ကဲ...ကလေးတို့ရေ ဆရာမ သားတို့ကို ပြောစရာတစ်ခုရှိပါတယ်။ ကျောင်းမှာမနှစ်ကထိ canteen မရှိခဲ့ပါဘူး။ဒါမဲ့ ဒီနှစ်ကစပြီး ကျောင်းcanteenစဖွင့်မှာပဲ ဖြစ်ပါတယ်။canteen ကအစားအစာကို စားမဲ့ကလေးတွေက ဒီကဒ်လေးကိုရမှာပါ။ ဒီကဒ်လေးတွေနဲ့စားစရာသွားထုတ်ရမှာ။အိမ်ကထမင်းချိုင့်ယူချင်တဲ့ ကလေးတွေကကျတော့ ကိုယ့်ထမင်းချိုင့်နဲ့ကိုယ်စားပြီး သူငယ်ချင်းတွေနဲ့တူတူ canteen မှာထိုင်လို့ရပါတယ်။ ကန်တင်းမှာစားဖို့ မစားဖို့ကို ဒီနေ့ကျောင်းကပြန်ရင် မိဘတွေကိုမေးခဲ့နော်။ စားမယ်ဆိုရင် တစ်နှစ်စာ စာရင်းသွင်းရပါမယ်။ မနက်ဖြန်ဆရာမက စာရင်းကောက်မှာမို့ မမေ့မလျော့မေးခဲ့ကြပါ"
ဆရာမက အသေအချာရှင်းပြပြီးနောက် စာသင်ဖို့ရာ စာမျက်နှာ စလှန်ခိုင်းပါပြီ။ ဘေးနားက ပြယ့်ကိုမေးချင်ပေမဲ့ စာက စပြီးသင်နေပြီကြောင့် ပြီးမှပဲမေးပါတော့မယ်လေ။
"ပြယ် မင်း ထမင်းချိုင့်လား canteen လားဟင်"
ကျောင်းတက်သည်သာ တပတ်ပြည့်သွားသော်လည်း အနေအေးသော ပြယ်ကြောင့် ကျွန်တော်တို့၂ယောက်ကြားမှာ ထင်ထားသလောက် ရင်းနှီးမှုမရှိသေးပါ။ အမြန်ရင်းနှီးချင်ရင် ဝါသနာတူရာအကြောင်း ပြောတာဖြစ်ဖြစ် ဒီတိုင်းရောက်တတ်ရာရာ စကားပြောတာဖြစ်ဖြစ် ပြောမှသာရင်းနှီးမည်ဖြစ်တယ်။အခုတော့ ပြယ် က ကျွန်တော်မေးလျှင်ဖြေတယ်။ကျွန်တော်စကားစပြောမှသာ ပြန်ပြောတာဖြစ်တယ်။ဒါမဲ့လဲ ပြယ်နဲ့ပဲ ရင်းနှီးချင်တဲ့စိတ်က ထိန်းမရအောင် ဖြစ်နေသည်မှာ ဘယ်သူမှမပြောလဲ ကိုယ့်ဘာကိုရိပ်မိပါတယ်။
" မသိသေးဘူး အမေ့ကိုမေးရအုံးမယ် ကိုနေ"
စကားပြောရင် တဖက်လူရဲ့မျက်လုံးတည့်တည့်ကို စိုက်ကြည့်ပြီးမှ ပြောတတ်သော ပြယ်ရဲ့အကျင့်ကို သိသော်လည်း အဲ့မျက်တောင်ကော့ကော့လေးများရှိရာ မျက်လုံးများနှင့် ထိပ်တိုက်ရင်မဆိုင်ရဲပါ။မရိပ်မိစေရန် မျက်နှာအသာလွှဲလိုက်ပြီး
YOU ARE READING
တသွေမတိမ်း (completed)
Romanceဒီ fic လေးဟာ username mhaingnge ဆိုတဲ့ wp acc မှာတင်ဖူးပါတယ်။ ဒါမဲ့ wp error တက်ရင်းရော ကိုယ့်ရဲ့လက်ကလိမှုကြောင့် acc ထဲ ပြန်ဝင်မရဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ပြီးဆုံးခါနီးပြီး ဖြစ်တဲ့ ဒီfic ကလေးကို ပြန်တင်ပါ့မယ်။ ဤfic သည် ကိုယ့်ရဲ့ ကိုယ်ပိုင်စိတ်ကူးဖြစ်...