ep18 (Unicode)

355 19 2
                                    

အပိုင်း၁၈...

               ဒီဇင်ဘာလတွင်းမှာ နေပြည်တော်မြို့ကြီးကတော့ ချမ်းစိမ့်စိမ့်နှင့် နေလို့ကောင်းနေသည်။တောင်တန်းတွေ၊တောင်ကုန်းတွေသာ ဝန်းရံထားတဲ့ မြို့ကြီးဟာ မနက်ခင်းချိန်ခါတွင် ကျေးငှက်တို့ရဲ့ တွတ်ထိုးသံလေးများ လွင့်မျောတတ်သည်။

        ကျောင်းလေ့လာရေးခရီးပြီးဆုံးသည့် နောက်နေ့တွင် တောင်တက်ထားရသည်ကြောင့် ကျောင်းသား၊ကျောင်းသူတို့ကို တစ်ရက်အနားပေးခဲ့သည်။နေလင်းရောင်သည်လဲ အပြင်သို့မသွားနိုင်သည်အထိ ခြေလက်တွေ ကိုက်ခဲနေတော့သည်။သူသာ ဒီလိုဖြစ်နေရင် ပြယ်ရော ဆိုတဲ့စိုးရိမ်စိတ်က ဝင်လာတော့ ဖုန်းအမြန်ပြေးဆက်ချင်သည်။သို့သော် အအိပ်မက်တဲ့ ချစ်ရသူ ဒီချိန်နိုးမည်မဟုတ်၍ စိတ်ထိန်းချုပ်ကာ မနက်စာစားရန်သာ အောက်ထပ်သို့ဆင်းလာခဲ့သည်။
    
        "မာမီနဲ့ဖေဖေ Morning "

မီးဖိုချောင်ထဲမှ ဟင်းခွက်ချနေသော မာမီက လှည့်ကြည့်ကာ ပြုံးပြသည်။ရေနွေးကြမ်းသောက်နေသော ဖေဖေကတော့ လက်တစ်ဖက် ထောင်ပြကာ ပြန်လည်နှုတ်ဆက်လေသည်။

        "ကိုနေ ထမင်းစားပြီးရင် မာမီ ဆေးတိုက်မယ်နော်။ ကိုယ်လက်တွေ ကိုက်နေတယ်မလား"

မာမီက ပြော၍ သူအကဲပိုကာ မျက်နှာကြီးရှုံ့မဲ့ပြီး မာမီရဲ့လက်မောင်းကို တစ်ကိုယ်လုံးမှီကာ ကပ်ချွဲလိုက်သည်။မာမီကတော့ ခပ်တိုးတိုးလေးရယ်ပေမဲ့ ဖေဖေကတော့ သတင်းစာကို ခေါက်ကာ လှမ်းရိုက်လေသည်။မနက်ခင်းလေးမှာ သူတို့ရဲ့ရီသံလေးတွေက ထုံးစံအတိုင်း ပျံ့လွင့်လျက်ပင်။သူထပ်ပြီးမစတော့ပဲ မနက်စာ စားလိုက်တော့သည်။

        ခနနေတော့ ဖေဖေကလဲ အပြင်သွားစရာရှိသည်ဟူ၍ အပြင်ထွက်သွားလေသည်။နဂိုထဲက မိသားစုလေးယောက် ရှိသောအိမ်လေးသည် မမနွယ် အိမ်ထောင်ကျသွားသည့်အချိန် လူနည်းလာခဲ့သည်။ခုလို ဖေဖေအပြင်သွားချိန် သူနဲ့မေမေသာ ကျန်ခဲ့သည်။သူကျောင်းသွားရင်ရောလို့ တွေးမိတော့ မာမီ့ကို သနားသွားသည်။တစ်ယောက်ထဲ ပျင်းနေရှာမှာပေါ့။

       ဒီနေ့ ကျောင်းပိတ်တာရော နှစ်ယောက်ထဲရှိတာရောကြောင့် မာမီ့ကို သူပြောစရာရှိသည်။ဆောင်းတွင်းမို့ မိသားစုကို နှစ်စဥ်နှစ်တိုင်းပေးသော မာမီ့လက်ဆောင်သည် သိုးမွေးလည်ပတ်လေးတွေပင် ဖြစ်သည်။အခုလဲ သိုးမွေးထိုးနေသော မာမီနားသို့ကပ်သွားလိုက်သည်။

တသွေမတိမ်း (completed) Where stories live. Discover now