ep8 (Unicode)

460 24 0
                                    

အပိုင်း၈...

နေ့၊လတွေပြောင်းလ  နေ့၊လတွေပြောင်းလာခဲ့တဲ့ အချိန်မှာ ကိုနေနဲ့သောကနဲ့ ရင်းနှီးမှုသည်လည်း တဖြည်းဖြည်းနဲ့ ပိုမိုကြီးမားလာခဲ့သည်။ကျောင်းကြီးသည်လည်း တက်လာသည့်အချိန်မှာ သီတင်းကျွတ်ပင်ရောက်တော့မည်ဖြစ်သည်။

       "ကဲ ကလေးတို့ရေ ဆရာမ ပြောစရာလေးရှိလို့ပါ သီတင်းကျွတ် ကျောင်းမပိတ်ခင်မှာ ဘောလုံးပြိုင်ပွဲနဲ့ ကြက်တောင်ပြိုင်ပွဲလေးတွေ ကျင်းပပါမယ်။နားချိန်ရောက်ရင် ပြိုင်မဲ့သူတွေ နာမည်စာရင်းလာပေးလို့ ရပြီနော်။ပြိုင်ပွဲမှာသေချာပြိုင်နိုင်ဖို့ နားချိန်တွေမှာ လေ့ကျင့်ရမယ်နော်။ကဲ...မော်ကြီးရေ နာမည်စာရင်း တီချယ့်ရုံးခန်းထဲ ယူလာပေး။အော်...ကိုနေလဲလိုက်ခဲ့အုံး။မနေ့ကစစ်ပြီးသား စာအုပ်တွေ ယူရမှာမို့ မော်ကြီးကိုကူပေးအုံးနော်"

ဆရာမရဲ့စကားသံပြီးတဲ့အခါမှာ ဘေးမှာထိုင်နေသော ကိုနေက ချိုသာစွာပြုံးပြပြီး
"ဟုတ်ကဲ့"ဟုဆိုကာ ခေါင်းညိတ်ပြသည်။ကိုနေသည် သောကထက် စာပိုမတော်သော်လည်း လူချစ်လူခင်များသူမို့ ဆရာမများကပါ ချစ်ခင်ကြသည်။

မော်ကြီးဟုခေါ်သော အတန်းခေါင်းဆောင်ပြီးလျှင် ကိုနေသည် ဆရာမများ၏အားကိုးရသူ ဖြစ်သည်။သောက ကတော့အနေအေးသူမို့ ဆရာမများနှင့်လည်း ခပ်တန်းတန်းသာနေသည်။

      "ပြယ် မင်းဘာပြိုင်မှာလဲ"

လက်မောင်းကို ဆုပ်ကိုင်ကာမေးလာသော ကိုနေကို လှည့်ကြည့်ပြီး ခေါင်းရမ်းပြလိုက်သည်။

     "ထင်သားပဲ မပြိုင်လောက်ဘူးလို့ ငါဘောလုံးပြိုင်ပွဲမှာ ဝင်ပါမယ် မင်းငါ့ကိုအားပေးရမယ်"

ကိုနေပြောလာသော စကားကြောင့် ပြုံး၍ခေါင်းညိတ်ပြလိုက်သည်။

     "ငါ့ကိုပဲကြည့်ရမှာနော် ပြယ် ဘယ်သူမှမကြည့်ရဘူး"

ကိုနေရဲ့ကလေးဆန်ဆန်စကားကြောင့် အနည်းငယ်ရယ်လိုက်ကာ

     "အင်းပါကွာ မင်းပဲကြည့်မှာပါ"

ထိုသို့ဖြေမှသာ ကျေနပ်သောအပြုံးဖြင့် တဖက်သို့ လှည့်သွားတော့သည်။
........................................

တသွေမတိမ်း (completed) Where stories live. Discover now