Extra 1 (Unicode)

887 35 4
                                    

Extra (1)...

                  ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်သူများအတွက် နေ့ထူးနေ့မြတ် တစ်ရက်သာဖြစ်သည်။ မြတ်စွာဘုရားရှင်က တာဝတိံသာ နတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆက်သက်တော်မူတယ်။ ထိုနေ့ကို ရည်စူး၍ ဘုရားရှင်အား ပူဇော်သည့်အနေဖြင့် ဆီမီးများ ကပ်လှူ ပူဇော်ကြသည်ဟု ရှေးပဝေသဏီထဲက အစဥ်အလာရှိခဲ့သည်။

ထိုနေ့တွင် ကောင်းမှုကုသိုလ်များကိုသာ ရွေးချယ်လုပ်ကြသည်။ ကိုနေနဲ့ သောကတို့သည်လည်း ထိုနေ့မတိုင်ခင် မိဘများကို ကန်တော့ရန် ပစ္စည်းပစ္စယများနှင့် လှူဒါန်းဖို့ ပစ္စည်းများ ဝယ်ယူနေရသည်။

    "ပြယ် ဒီပုဆိုးလေး အဆင်ပြေလား"

ကိုနေက သူ့အဖေကို ပုဆိုးဝယ်ပေးဖို့ရန် ရွေးချယ်နေသည်။

    "အင်း လူကြီးဆန်တယ်။အဲ့ဒါလေး အဆင်ပြေတယ်"

    "ပြယ် ဆေးရုံမှာလှူဖို့ မုန့်တွေလာပို့နေပြီတဲ့။ မောင်တို့ အိမ်မှာ ခနလာထားခိုင်းလိုက်တယ်"

    ကိုနေရယ် သောကရယ် နှစ်ယောက်တူတူ သီတင်းကျွတ်လပြည့်နေ့တွင် ဆေးရုံရှိ လူနာများအား အာဟာရဖြည့်စွက်စာ လှူဒါန်းရန် စီစဥ်နေခြင်းဖြစ်သည်။ ချစ်ရသူနဲ့ အတူကုသိုလ်ယူရခြင်းသည်ပင် မဂ်လာတစ်ပါးပင်။

    "ဒါဆို ငါတို့ အိမ်မြန်မြန်ပြန်မှဖြစ်မယ်။အိမ်တံခါး သော့ခတ်ခဲ့လို့ ကိုနေ"

မိဘတွေကို ကန်တော့ရန် ပစ္စည်းတွေကို အလျင်အမြန် ဝယ်ယူပြီး အိမ်အမြန်ပြန်ရသည်။ ထို့နောက် ပိုက်ဆံတွေကို အသစ်လေးတွေ ဘဏ်တွင် လဲလှယ်ရသည်။ သူတို့ဟာ အသက်၂၇ ကျော် အသက်၃၀ နားနီးနေပြီဖြစ်၍ လာကန်တော့မည့် ဆရာဝန်တပည့်လေးတွေ သူနာပြုလေးတွေ ရှိသည်။ ထိုကလေးတွေကို မုန့်ဖိုးပေးဖို့ရန် ပိုက်ဆံအသစ်လေးတွေ လဲလှယ်ရသည်။

    "မနက်ဖြန် မနက်စောစော ဆေးရုံသွားလှူရအောင် ကိုနေ။ ကလေးတွေက နေ့လည်လောက် လာမယ်တဲ့။"

တသွေမတိမ်း (completed) Where stories live. Discover now