ep27 (Unicode)

488 25 9
                                    

အပိုင်း၂၇...

အထပ်မြင့်စားသောက်ဆိုင် တစ်ဦး၏ VIP အခန်းတစ်ခုထဲတွင် လေထုသည် အပြုံးများဖြင့် နွေးထွေးလျက်ရှိသည်။

    "အစ်မ စားနော်"

ပြယ့်ရဲ့အမေသည် ကိုနေရဲ့အမေကို ဟင်းထည့်ပေးနေသည်။ ပြယ်ကတော့ အမေနှစ်ယောက်ကို ပြုံး၍သာ ကြည့်နေတော့သည်။ ပြယ်ပျော်လျှင် သူလဲပျော်ပါသည်။ ဒီနေ့ကတော့ နှစ်ဖက်မိဘတွေ့ဆုံပွဲပင် ဖြစ်သည်။

    "အိမ်ရှာတာ တွေ့ပြီလား သားတို့"

ပြယ့်ရဲ့အမေက မေးမြန်မှုကြောင့် စကားပြောနေသော အဖေနှစ်ယောက်ပါ လှည့်ကြည့်လာသည်။

   "ဟုတ်ကဲ့ အမေ။ ဆေးရုံနဲ့အနီးဆုံးက ဝိုင်းကွက်ကို ဝယ်ဖို့စဥ်းစားထားတယ်။ နောက်မှ စိတ်တိုင်းကျ အိမ်ဆောက်မလို့ပါ"

    "ဒါဆို အိမ်ပြီးမှ လက်ထပ်မယ်ဆို နည်းနည်းကြာအုံးမှာပေါ့ သားပြယ်"

သူ့အမေကပါ ပြယ့်ကို မေးလာပြီဖြစ်သည်။

   "ဟုတ်တယ်ဗျ။ နည်းနည်းတော့ ကြာအုံးမယ်။ အလျင်လိုစရာလဲ မဟုတ်တော့ အေးဆေးလုပ်မို့ပါ"

   "သားကသာ အလျင်လိုစရာမဟုတ်ဘူးပြောနေတာ။ ကိုနေရဲ့ မျက်နှာကြီးလဲ ကြည့်လိုက်အုံး"

အနည်းငယ် စူပုပ်နေသော သူ့မျက်နှာကို အဖေက လှမ်း၍ စနောက်လေသည်။ အကုန်လုံး ရယ်သံတွေထွက်ပေါ်လာသည်။ သူ လည်ဂုတ်ကို လက်ဖဝါးဖြင့် ပွတ်တိုက်ကာ အရှက်ပြေ စကားပြောလိုက်တော့သည်။

   "မဟုတ်ပါဘူး အဖေရာ"

ပြယ့်ကိုကြည့်တော့ ခပ်ပြုံးပြုံးလေးသာ။ ဟင်းလေး ခပ်ထည့်ပေးတော့ သူ့ကို မော့ကြည့်လာသည်။ မိဘတွေရှိနေ၍ ကြာကြာငေးမကြည့်နိုင်။ တစ်ဖက်သို့ မျက်နှာပြန်လွှဲကာ ရွှေကိုင်းမျက်မှန်လေးကို လက်ညိုးလေးဖြင့် မြှင့်တင်နေပြန်သည်။

   ခုံအောက်က လက်ကလေးကို ဆုပ်ကိုင်တော့ ရုန်းထွက်လေသည်။ သူစချင်၍ ထပ်မံဆုပ်ကိုင်လေတော့  ခြေထောက် တက်နင်းခံလိုက်ရသည်။ တော်တော်ရှက်တတ်တဲ့ ချစ်သူလေးကို ရထားတဲ့ နေလင်းရောင်ကတော့ ခံပေါ့ဗျာ။

တသွေမတိမ်း (completed) Where stories live. Discover now