Warning!
( အတတ်နိုင်ဆုံး မညစ်ညမ်းသော စကားလုံးများ ကိုယ်သုံးထားပေးပါတယ်။ အကယ်၍ အမြင်မသင့်စရာ စကားလုံးများပါခဲ့လျှင် ဝန်ချတောင်းပန်အပ်ပါတယ်။ နားလည်ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါရစေ။)
အပိုင်း၂၈...
နေ့ခင်းဘက် ခနနားလိုက်သည်ကြောင့် သောကရော ကိုနေပါ မျက်နှာလေးတွေ ပြန်လန်းလာသည်။ မိုးလဲ ချုပ်ခါနီးပြီမို့ dinner လုပ်မည့် စားသောက်ဆိုင်သို့ သောကတို့နှစ်ယောက် ရောက်လာခဲ့သည်။
မော်ကြီး ၊ ရိပ်နဲ့ ပယင်းတို့က ကြိုတင်ရောက်နေပြီး ဖြစ်တာကြောင့် သောကတို့ကို လက်လှမ်းပြ၍ ခေါ်လေသည်။
"စားစရာတွေ မှာပြီးပြီလား"
"အင်း မှာထားတယ်။ ဒီညသောက်မယ်မလား ကိုနေ"
မော်ကြီးနဲ့ ကိုနေက စကားပြောနေသည်မို့ သောက ဘေးမှာ ငြိမ်ငြိမ်လေးသာ ထိုင်နေမိသည်။ တကယ်တော့ သူစိတ်လှုတ်ရှားနေသည်လဲ ပါသည်။ dinner ပြီးလျှင် အိမ်ပြန်ရမည့်အကြောင်းတွေးရုံနဲ့ ကြက်သီးတောင်ထမိသည်။
"သောက အရမ်းမစားထားနဲ့နော်"
သူ့ဘေးနားကပ်၍ ပယင်းက ခပ်ဖြီးဖြီးမျက်နှာနဲ့ပြောသည်။ ရိပ်ကတော့ ရယ်ချင်သည်ကို အတင်းအောင့်ထားဟန်။ ဆရာဝန်တစ်ယောက်ဖြစ်သည်ကြောင့် ဆောင်ရန်ရှောင်ရန်တွေကို သူသိထားပါသည်။ ထို့ကြောင့် ပယင်းရဲ့ စကားကို သူနားလည်ပါသည်။
"အင်း...မစားဘူး"
"အဟမ်း...အဟမ်း "
ရိပ်ရဲ့ လုပ်ကြံချောင်းဆိုးသံကြောင့် စကားပြောနေတဲ့ မော်ကြီးနဲ့ ကိုနေကပါ လှည့်ကြည့်လာသည်။ ဘာမှမဟုတ်ဘူးဆိုတဲ့ သဘောမျိုးနဲ့ ခေါင်းရမ်းပြမှ ပြန်စကားပြောနေသည်။
"ကိုနေ မူးနေပြီလား။ အပြန်ရောက်ရင် ငါကားမောင်းလိုက်ရမလား"
"ရတယ် ပြယ်။ မောင်နည်းနည်းပဲ သောက်လာတာ မမူးသေးဘူး"
အိမ်ပြန်လမ်းလေးတွင် ကိုနေက သူ့လက်တစ်ဖက်ကို ဆွဲကိုင်၍ ကားမောင်းခဲ့သည်။ အိမ်ထဲရောက်သည်နှင့် ထိန်လင်းသွားသော မီးလုံးလေးတွေကို အကြောင်းမရှိ ကြည့်နေမိသည်။ ကိုနေနဲ့ မျက်လုံးချင်းဆိုင်ဖို့ရာပင် မဝံ့ရဲပေ။
YOU ARE READING
တသွေမတိမ်း (completed)
Romanceဒီ fic လေးဟာ username mhaingnge ဆိုတဲ့ wp acc မှာတင်ဖူးပါတယ်။ ဒါမဲ့ wp error တက်ရင်းရော ကိုယ့်ရဲ့လက်ကလိမှုကြောင့် acc ထဲ ပြန်ဝင်မရဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ပြီးဆုံးခါနီးပြီး ဖြစ်တဲ့ ဒီfic ကလေးကို ပြန်တင်ပါ့မယ်။ ဤfic သည် ကိုယ့်ရဲ့ ကိုယ်ပိုင်စိတ်ကူးဖြစ်...