အပိုင်း၂၆...
သံယောဇဥ်ဆိုတာ ဖြတ်တောက်ရ ခက်တယ်ဆိုတာ ဧကန်အမှန်ပင်။ သောကသည် သူငယ်ချင်းရှားသူမို့ သူငယ်ချင်းဆိုတဲ့ သံယောဇဥ်တွေကို ပို၍ မက်မောပါသည်။ ယနေ့တွင်တော့ အချိန်ကြာ မတွေ့ရသည့် သူငယ်ချင်းလေးယောက် ပြန်လည်တွေ့ဆုံရသည်။ ရိုးရာမပျက် ကိုနေရဲ့အိမ်တွင်ပေါ့။
"အဲ့လိုဆိုတိုင်း ငါတို့ကိုပါ အဆက်အသွယ် ဖြတ်ပြစ်တာတော့ မဟုတ်သေးပါဘူး"
သောကရဲ့ အမေပြောခဲ့သမျှကို ပြန်လည်ရှင်းပြလေတော့ ရိပ်ရဲ့ မကျေမနပ်စကားသံလေး ထွက်ပေါ်လာသည်။
"ပြယ်က မင်းတို့ကို ပိုခင်တာသိရဲ့နဲ့ ရိပ်ရယ်။ ပြယ့်ကို နားလည်ပေးလိုက်ပါ"
သောကပြောရန် ကြံရွယ်နေတုန်းရှိသေး ကိုနေက ဝင်၍ ပြောလေသည်။ သောကရဲ့ဘက်မှ ကူပြောပေးလေသော ကိုနေကို ရိပ်က မျက်စောင်းတချက် ထိုးလေသည်။
"သောကနော် နောက်တခါ အဲ့လိုလုပ်ရင် မခေါ်တော့ဘူးမှတ်"
"မလုပ်တော့ပါဘူး ရိပ်ရယ်"
အခုမှ ရိပ်က ပြုံးပြုံးရွှင်ရွင်ဖြစ်လာလေသည်။
"သောကရဲ့ အရပ်က ပိုရှည်လာပြီး ခန္ဓာကိုယ်ကလဲ ပိုကြည့်လို့ကောင်းလာတယ်။အသားဖြူလို့ မျက်မှန်ရွှေရောင်နဲ့ လိုက်ဖက်တယ်။ စိတ်ဝင်စားရင် ငါ့ဆိုင်မှာ မော်ဒယ်လာလုပ်ပါလား ဘယ်လိုလဲ"
မော်ကြီးက ဒီဇိုင်နာပီပီ ခန္ဓာကိုယ်ကြည့်၍ ဆုံးဖြတ်ကာ မော်ဒယ်လုပ်ဖို့ကမ်းလှမ်းလေသည်။
"ဘာကိစ္စ ငါ့ရည်းစားကို မော်ဒယ်လုပ်ခိုင်းရမှာလဲ။ လူအများကြည့်မဲ့ ကိစ္စတွေ ပြယ့်ကို မလုပ်ခိုင်းဘူး"
"ကိုနေ ငါက သောကကိုပြောတာလေ။ မင်းက နေရာတကာ ဝင်ပါရအောင် သူ့အဖေလား"
"ငါက သူ့ယောက်ျား။ မင်း ဘာဖြစ်ချင်လဲ"
ကြီးကောင်ကြီးမားအရွယ်ထိ မော်ကြီးနဲ့ကိုနေက တွေ့တိုင်း ရန်ဖြစ်နေဆဲပင်။ဒီတစ်ခါတော့သောကနဲ့ရိပ်နဲ့ မတားဖြစ်ပါ။ နှစ်ယောက်သား ရန်ဖြစ်တာကို ကြည့်ပြီး ရယ်မောနေကြသည်။ ဒီမြင်ကွင်းလေးကို မမြင်ရသည်မှာ ကြာနေပြီဖြစ်သည်။
YOU ARE READING
တသွေမတိမ်း (completed)
Romanceဒီ fic လေးဟာ username mhaingnge ဆိုတဲ့ wp acc မှာတင်ဖူးပါတယ်။ ဒါမဲ့ wp error တက်ရင်းရော ကိုယ့်ရဲ့လက်ကလိမှုကြောင့် acc ထဲ ပြန်ဝင်မရဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ပြီးဆုံးခါနီးပြီး ဖြစ်တဲ့ ဒီfic ကလေးကို ပြန်တင်ပါ့မယ်။ ဤfic သည် ကိုယ့်ရဲ့ ကိုယ်ပိုင်စိတ်ကူးဖြစ်...