ep12 (Unicode)

393 22 0
                                    

အပိုင်း၁၂...
               "ပြယ် ဒီတစ်ပတ် ပိတ်ရက်တွေ ဘာလုပ်စရာရှိလဲ"

အခန်းထဲတွင် ဆရာမ မလာနိုင်၍ သင်ပြီးသားတွေ ပြန်နွှေးခိုင်းထားသည်။စာလုပ်နေသော ပြယ့်နားသို့ကပ်ကာ နေလင်းရောင်မေးလိုက်သည်။

           "ဘာမှလုပ်စရာမရှိဘူး နေ့လည်တွေက ကျူရှင်ချိန်ရှိတယ်။ ကျန်တဲ့အချိန် အားတယ်"

နေလင်းရောင် ကျေနပ်သွားကာ ပြယ့်နားသို့ ပိုနီးကပ်လိုက်သည်။

         "ကိုနေ ဟိုဘက်တိုး ဘယ်နှယ့် အရမ်းကပ်နေတာလဲ"

ပြယ်က မျက်ခုံးလေးကျုံ့ကာ ပြောလာသည်။ချစ်မိသွားရင် ဘာလုပ်လုပ် ချစ်ဖို့ကောင်းနေတယ်ဆိုတဲ့ စကားကို ပြယ်နဲ့တွေ့မှ ယုံကြည်သွားသည်။

       "မဟုတ်ဘူး ကပ်မှဖြစ်မှာ သူများတွေ ကြားကုန်လို့မဖြစ်ဘူး လာ ငါ့နားတိုး"

မျက်မှောင်ကျုံ့ကြည့်နေသော ပြယ့်ကို လက်ယက်ခေါ်တော့ နေလင်းရောင်ရဲ့ မျက်နှာနားသို့ ကပ်လာသည်။ထို့နောက် ပြောမဲ့စကားကို ငြိမ်သက်စွာ စောင့်နေသည်။

ဟာ....ဘယ်လိုလုပ်ရမလဲ ပြယ်ရာ။ငါအချစ်တွေ ဖွင့်မပြောတော့ပဲ ထိန်းချုပ်ထားတော့မယ်ဆိုတဲ့ စိတ်ကို ပြောင်းလဲအောင် လုပ်နေသလားကွာ။

       "ပြောကွာ ကိုနေ "

စိတ်မရှည်တဲ့အသံလေး ကြားမှပဲ နေလင်းရောင် အသိဝင်လာတော့သည်။

       "စနေနေ့ညနေ ရှမ်းကန်မှာ ငါးစာသွားကျွေးရအောင် ငါတို့နှစ်ယောက်တည်းလေ"

ခနတာ စဥ်းစားနေပုံလေး လုပ်ကာ နောက်တော့ ခေါင်းငြိမ့်ပြသည်။နေလင်းရောင် အသဲယားသဖြင့် ပြယ့်ရဲ့ ဆံပင်ပျော့ပျော့လေးကို လက်ဖြင့် လှမ်းဖွလိုက်သည်။

       "ကိုနေ မင်းနော် အကြီးရဲ့ခေါင်းကို ကိုင်စရာလား ငရဲကြီးမယ် "

       "အော်...၂လလောက်ကြီးတာကို ၂နှစ်လောက်ကြီးသလိုနဲ့ လာပြောနေတယ်"

      "ဘာပဲဖြစ်ဖြစ် ငါ မင်းထက်ကြီးတယ် တရိုတသေဆက်ဆံ"

       "ဟုတ်ကဲ့ ကိုကို "

တသွေမတိမ်း (completed) Where stories live. Discover now