အပိုင်း၂၂...
( ၃)နှစ်ကြာသော်...
ရန်ကုန်မြို့ ဆေးတက္ကသိုလ် ကျောင်းကြီးတွင် ကျောင်းသားများ ကိုယ်စီကိုယ်စီ သွားလာနေကြသည်။
နေလင်းရောင်သည်လဲ ခုံတန်းတစ်ခုတွင် ထိုင်ကာ တောင်တောင်အီအီ လျှောက်ငေးနေလိုက်သည်။ ၃နှစ်ကျော်ကြာသည်အထိ အဆက်အသွယ် မရသော ချစ်ရသူ။ ဖုန်းဆက်လို့ပြောခဲ့တာကို ဘာကြောင့် ခေါင်းငြိမ့်လက်ခံခဲ့သလဲ။ သူ့ကို လိမ်ညာခဲ့တဲ့ ချစ်ရသူကို စိတ်မဆိုးရက်ပေ။
ပြယ် ဟိုမှာအဆင်ပြေရဲ့လား။ အပေါင်းအသင်းကော ရှိပါရဲ့လား။ ဇာတိမြို့မဟုတ်တဲ့ နေရာမှာ တစ်ယောက်ထဲ သွားတတ်လာတတ်ပါရဲ့လား။ ပြယ်ရဲ့မိဘတွေကအဆင်ပြေအောင် စီစဥ်ပေးနိုင်သော်လည်း သူကတော့ စိတ်ပူတဲ့စိတ်ကို ဖျောက်ဖြတ်၍ မရပေ။
၃နှစ်ကြာခဲ့ပြီ။ ဂုဏ်ထူး ၄ဘာသာ ပါခဲ့သော သူတောင် ဆေးကျောင်းအမှတ်မှီခဲ့တယ်။ ဂုဏ်ထူး ၆ ဘာသာရသော ပြယ်ကော ဆေးကျောင်း တက်နေရဲ့လား။ အမှန်အတိုင်းပြောရရင် သိပ်လွမ်းတာပဲ ပြယ်။အဲ့နေ့က နောက်ဆုံးမှန်းသိခဲ့ရင် ဒီထက်ပိုပြီး စကားတွေ ပြောခဲ့မှာ။ ဒီထက်ပိုပြီး မျက်နှာလေးကို ငေးကြည့်နေခဲ့ရမှာ။
"ကိုနေ... "
တစ်ယောက်ထဲ တွေးငေးနေရင်း အဝေးက ခေါ်ကာ လက်လှမ်းပြတဲ့ သူငယ်ချင်းမလေး "ရိပ် "။ တစ်နည်းအားဖြင့် "အလင်းရိပ်" ဆိုတဲ့ ကလောင်နာမည် ရှိသော တက်သစ်စ စာရေးဆရာမလေး။ ဆရာဝန်မလောင်းလေး။
သူပြန်လည် လက်ပြတော့ အနားဝင်ထိုင်သည်။
"နင်ရဲ့မော်ကြီးလေ ဒီနှစ်နွေ ပြန်လာမယ်တဲ့"
ရေဘူးကို အလျှင်အမြန် မော့သောက်ကာ ပြောလာတဲ့ စကားကို နေလင်းရောင် နှစ်နှစ်ခြိုက်ခြိုက် ပြုံးမိသွားသည်။ ဆယ်တန်းအောင်စာရင်း ထွက်သည်နှင့် နိုင်ငံခြားတွင် ဒီဇိုင်နာပညာ သင်ချင်ပါတယ်ဆို၍ ပြောလာသော မော်ကြီး။ မထင်မှတ်ထားသော စကားကြောင့် ရိပ်နဲ့သူတင်မက ရိပ်တို့ရဲ့ မိဘတွေကစ တအံ့တသြ ဖြစ်ခဲ့ရသည်။ သို့သော် မော်ကြီးနဲ့ရိပ်တို့ရဲ့ မိဘများက သားသမီးကို မချုပ်ချယ်တတ်တာကြောင့် မော်ကြီးရဲ့ ဆန္ဒကို လက်ခံပေးခဲ့သည်။
YOU ARE READING
တသွေမတိမ်း (completed)
Romanceဒီ fic လေးဟာ username mhaingnge ဆိုတဲ့ wp acc မှာတင်ဖူးပါတယ်။ ဒါမဲ့ wp error တက်ရင်းရော ကိုယ့်ရဲ့လက်ကလိမှုကြောင့် acc ထဲ ပြန်ဝင်မရဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ပြီးဆုံးခါနီးပြီး ဖြစ်တဲ့ ဒီfic ကလေးကို ပြန်တင်ပါ့မယ်။ ဤfic သည် ကိုယ့်ရဲ့ ကိုယ်ပိုင်စိတ်ကူးဖြစ်...