ep9 (Unicode)

423 23 0
                                    

အပိုင်း၉...

             "ကိုနေ ငါစောင့်ကြည့်နေမယ်သိလား မထိခိုက်စေနဲ့"

ဒီနေ့က သီတင်းကျွတ်ကျောင်းပိတ်ဖို့ တရက်အလို အားကစားပြိုင်ပွဲ ကျင်းပသည်။နေလင်းရောင်တို့အတန်း ဘောလုံးပြိုင်တော့မှာဖို့ ပြယ်က
ဂရုစိုက်ဖို့မှာနေသည်။

       "ဂရုစိုက်မှာပါ စိတ်မပူနဲ့ သွားတော့မယ် အော်....ငါ့ကိုပဲကြည့်ရမှာနော် ပြယ်"

သတိပေးစကားလို ပြောမှပဲ ပြယ်က

      "မင်းကိုပဲ ကြည့်စရာရှိတယ်"

လို့သာ ပြန်ဖြေသည်။ခေါင်းငြိမ့်ပြပြီး ပြိုင်ပွဲဝင်တွေ တန်းစီတဲ့နေရာသာ သွားလိုက်တော့သည်။

    ပထမပွဲစမှာတော့ နေလင်းရောင်တို့ ဘက်က အသာရနေခဲ့သည်။မော်ကြီးက ပွဲစစချင်းမှာ ၁ဂိုးသွင်းလိုက်ခြင်းပင်။၄၅မိနစ် ပထမပိုင်းကစားလို့ပြီးသည့်အချိန်တွင်တော့ ၂ဖက်လုံးသရေ ဖြစ်နေခဲ့သည်။

     "ကိုနေ ရေနည်းနည်းပဲသောက်နော် ထပ်ပြီးပြေးရအုံးမှာကို"

ပထမပိုင်းနားသည့်အခါတွင် ရေဘူးကမ်းပေးသော ပြယ့်ဆီမှ စကားကြောင့် အာဆွတ်ရုံသာ သောက်လိုက်သည်။

      "ပြယ် ငါတို့နိုင်လောက်ပါတယ်နော်"

နှစ်ဖက်လုံးသရေ ဖြစ်နေတာကြောင့် နေလင်းရောင်ရဲ့စိတ်ထဲ အနည်းငယ် စိုးရိမ်စိတ်ဝင်နေသည်။

     "နိုင်တာပေါ့။ ခုမှ ပထမပိုင်းပြီးရုံပဲရှိသေးတာကို အများကြီးမတွေးနဲ့ မော်ကြီးလာ ရေနည်းနည်းပဲသောက် ခနနေပြန်ပြေးရအုံးမှာ"

ပြယ်က ကျွန်တော့်ကို အားပေးစကားပြောရင်း မော်ကြီးကိုပါ ကျွန်တော့်နည်းတူပင် စိုးရိမ်စကားပြောသည်။ပြယ်ရဲ့မွေးနေ့ပွဲပြီးတဲ့နောက်တွင် မော်ကြီးတို့အမွှာနှစ်ယောက်နဲ့ ပိုပြီးရင်းနှီးသွားခဲ့သည်။ messenger မှာ gp ဖွဲ့ပြီးစကားတွေပြောကြသည်။အစက ပြယ်စိတ်ရှုပ်နေမလားဆိုပြီးတွေးပူပေမဲ့ ပျော်နေတာမြင်ရတော့ နေလင်းရောင်လဲ ကျေနပ်ပါသည်။

     "ပြယ် ငါသွားတောမယ် ငါတို့နိုင်ဖို့ ဆုတောင်းပေး"

၁၅မိနစ်နားချိန်ပြည့်သွားတော့ ဒုတိယပိုင်းပြန်စတော့မည်ဖြစ်၍ ပြယ့်ကိုပြောပြီး ကစားကွင်းထဲပြန်ဝင်သွားလိုက်တော့သည်။
........................................

တသွေမတိမ်း (completed) Where stories live. Discover now