ep17 (Unicode)

372 22 6
                                    

အပိုင်း၁၇...

            "ကလင်..ကလင်..ကလင်"

ဒီဇင်ဘာ ကျောင်းလေ့လာရေးခရီး မထွက်ခင်တွင် ၅၀မှတ်ဖိုး အစမ်းစာမေးပွဲဖြေဆိုလေသည်။အဖြေလွှာစာရွက်ဝေရန် ပထမဆုံးလျှပ်စစ်ဘဲလ်တီးသံဖြင့် သတိပေးလေသည်။စာမေးပွဲဖြေဆိုခန်းထဲတွင် ဆရာမကြီးတစ်ယောက်၊ဂိုက်ဆရာမတစ်ယောက်နဲ့ ဂိုက်ဆရာတစ်ယောက်တို့ စုစုပေါင်း သုံးယောက် အခန်းစောင့်ကြသည်။

     ဂိုက်ဆရာများက အဖြေလွှာစာရွက်ဝေနေချိန်တွင် ဆရာမကြီးက စာမေးပွဲစည်းကမ်းကို ဖတ်ပြလေသည်။စာမေးပွဲစည်းကမ်း ဖတ်ပြီးသည်နှင့် ဘာသာရပ်များဖြေဆိုရာတွင် လူစစ်သည့်အနေနှင့် ဆရာမပေးသော စာရွက်တွင် လက်မှတ်ရေးထိုးရသည်။သောက တစ်ချက်ပြုံးလိုက်သည်။ကိုနေနဲ့ လေ့ကျင့်ထားတဲ့ လက်မှတ်လေးကို ထိုးလိုက်သည်။ကိုနေနဲ့သူက စာမေးပွဲခန်းမတူညီပေ။
 
     "ကလင်...ကလင်..ကလင်"

ဒုတိယမြောက် လျှပ်စစ်ဘဲလ်တီးသံကြားသည်နှင့် ဆရာမများက မေးခွန်းစာရွက် ဝေလေတော့သည်။
   
      "အဖြေလွှာပေါ်မှာ ခုံနံပါတ်၊အတန်း၊ဖြေဆိုတဲ့ ဘာသာရပ် နဲ့ ရက်စွဲတပ်ပါ။မေးခွန်းစာရွက်ပေါ်မှာ ဘာမှရေးထိုးခြင်းမလုပ်ပါနဲ့ သေချာအာရုံစိုက်ပြီး ဖြေဆိုပါ။မြန်မာစာ ဖြစ်တဲ့အတွက် အချိန်မှီအောင် ပြန်မစစ်ရအောင် စဖြေကတည်းက စာလုံးပေါင်းစစ်ပြီး ဖြေပါ။"

စာမေးပွဲဖြေဆိုသည့် အခန်းထဲတွင်
တိတ်ဆိတ်သွားသည်နှင့် ဆရာမကြီး၏ သတိပေးသံကို ကြားရသည်။သောကလည်း အဖြေလွှာစာရွက်ထိပ်က ခုံနံပါတ်တွေတပ်ပြီးလား လှမ်းစစ်လိုက်သည်။ထို့နောက်တွင်တော့ သေချာအာရုံစိုက်၍ စာမေးပွဲ ဖြေဆိုတော့သည်။
........................................

     "ရေးးးး တစ်ဘာသာ ပြီးပြီကွ"

ကိုနေရဲ့ အော်သံကို မော်ကြီးကခေါင်းရမ်းသည်။မြန်မာစာ ဖြေပြီးသည်နှင့် ထမင်းစားဖို့ ထမင်းစားဆောင်ဖြစ်တဲ့ ကန်တင်းသို့ လာရသည်။

        "ပြယ် ဖြေနိုင်လား"

သူ့ကို ကိုနေက မေးသည်ကြောင့် ခေါင်းငြိမ့်ပြလိုက်သည်။ထို့နောက် မော်ကြီးဘက်လှည့်ကာ ပြောနေရင်း ထုံးစံအတိုင်း ထဖောက်ကာ စကားများကြသည်။သောကလည်း ထုံးစံအတိုင်း ခပ်ဝေးဝေးမှသာ လျှောက်လိုက်သည်။ 
    
    စာမေးပွဲသည် တစ်နေ့တစ်ဘာသာဖြစ်သည်ကြောင့် မနက်ခင်းစာမေးပွဲဖြေပြီး နေ့လည်ခင်း စာစုကျက်ရသည်။ထို့ကြောင့် မော်ကြီးသည် ကိုနေနဲ့သူ့နားသို့လာကာ ခုံပါယူ၍ English စာလုပ်ရသည်။

တသွေမတိမ်း (completed) Where stories live. Discover now