ep7 (Unicode)

491 28 0
                                    

အပိုင်း၇.....

              "ကိုနေ မင်းနောက်ကျတယ်"

ကျောင်းနောက်ကျလေ့မရှိသော ကိုနေသည် ဒီနေ့မှ ကျောင်းတော်တော်ကို နောက်ကျနေသည်။

         "ကိုနေ မင်းဘာဖြစ်နေတာလဲ မျက်နှာလဲမကောင်းဘူး"

အမြဲ စလိုက်နောက်လိုက်နဲ့ ရွှတ်ပြောင်ပြောင်နေတတ်သော ကိုနေသည် ဒီနေ့အတော်ကိုထူးဆန်းနေသည်။

        "ငါ့အစ်မ ကားaccidentဖြစ်လို့ သူ့အမျိုးသားရောပဲ"

အသံကျယ်ကျယ်အမြဲပြောတတ်သော ကိုနေသည် ဒီနေ့မှ မနည်းအားစိုက်ကာ နားထောင်ရသည်အထိ ခပ်တိုးတိုးအသံဖြင့်သာပြောသည်။

        "အဆင်ပြေမှာပါ ကိုနေရာ အခုဆေးရုံမှာလား"

သောက မေးလိုက်တော့ ခေါင်းတချက်ငြိမ့်ပြသည်။သောကသည် အပေါင်းအသင်းဆိုလို့ ကိုနေတယောက်တည်းသာရှိသောကြောင့် ကိုနေ ဒီလိုပုံစံဖြစ်နေလျှင် သောကမနေတတ်ပါ။ဒါမဲ့ သောက ဘယ်လိုနှစ်သိမ့်ပေးရမလဲ
မသိပါ။

            "အဲ့ကြောင့် ငါ့အဖေနဲ့အမေ ဆေးရုံလိုက်သွားတာ ငါအခု taxi နဲ့လာတာ အဲ့ကြောင့်နည်းနည်း နောက်ကျသွားတယ်"

သူ့အစ်မကို စိတ်ပူနေသော်လည်း နောက်ကျရတဲ့အကြောင်းရင်းကို သိချင်နေသည့် သောကပုံစံကို ကိုနေက ရိပ်မိ၍ အကျယ်တဝင့်ရှင်းပြသည်။သောက ပြုံးလိုက်မိသည်။

       "အပြန်ရော taxi ပဲလား"

ကျောပိုးအိတ်ထဲမှ စာအုပ်တွေထုတ်နေသော ကိုနေသည် သူ့ဘက်လှည့်ကာ ခေါင်းငြိမ့်ပြသည်။

       "ငါနဲ့လိုက်ခဲ့ ငါအိမ်ပြန်လိုက်ပို့ပေးမယ် ကိုနေ"

      "ပြယ် ငါအိမ်မပြန်ဘူး အစ်မတို့ဆေးရုံကို လိုက်သွားမှာ"

အဲ့တော့လဲ ဘာဖြစ်လဲ။သောက ဆေးရုံကို လိုက်ပို့ပေးဖို့ တွေးထားမိပြီးသားပင်။

       "ဆေးရုံသွားမှာဆိုလဲ ငါလိုက်ပို့ပေးမယ်"

ကိုနေ စိတ်သက်သာရာရလိုစေသဖြင့် ပုခုံးကိုလက်ဖြင့် တစ်ချက်ဖိချကာ ငါရှိတယ်ဟူသော ပုံမျိုးဖြင့် အမူအရာပြလိုက်သည်။ကိုနေသည် နားလည်သဘောပေါက်သည်မို့ သောကကို တချက်ပြုံးပြကာ စာပြန်ကူးနေတော့သည်။
........................................
      "လာ တက် ကိုနေ ဘယ်ဆေးရုံလဲသိလား"

တသွေမတိမ်း (completed) Where stories live. Discover now