Part(2)

6.6K 152 2
                                    

ပထမဆုံးရင်ခုန်မိသော (သို့) ဦး

           အပိုင်း(၂)

"ကျွတ်...ကျွတ်...."

သျှန်မနက်နိုးလာတော့ ရောက်နေတာက အိမ်တစ်အိမ်ရဲ့ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ။

‌ဝမ်းဗိုက်၏နောက်ကျောက ဒဏ်ရာ နာနေပေမဲ့ ပတ်တီးစည်းထားတာကြောင့် နည်နည်းတော့ အနာသက်သာပါသည်။

သျှန် ဘယ်လိုဖြစ်ပြီး ဒီနေရာရောက်လာရတာလဲ မသိပေမဲ့ မိန်းကလေးတစ်ယောက်ခေါ်လာခဲ့တာကိုတော့ မနေ့က ရေးရေးလေးမှတ်မိလိုက်ပါသည်။

သျှန် စဉ်းစားနေစဉ်မှာဘဲ ရာရာက အိမ်ရှေ့ထွက်လာပြီး သျှန်နားလာကာ နဖူးကို စမ်းကြည့်သည်။

ရာရာရဲ့အပြုအမူကြောင့် သျှန်က ရာရာ့ရဲ့လက်ကိုပုတ်ထုတ်သည်။

"ဘာလုပ်တာလဲ...."

"အဖျားမရှိဘူး...မနေ့ညက ဒဏ်ရာကြောင့်ဖျားမယ်ထင်တာ"

"ငါ့ကိုကယ်တာမင်းလား"

"ဦးလေးကြီးရှေ့မှာ ဘယ်နှစ်ယောက်မြင်နေလို့လဲ...."

"မင်း...."

သျှန် သူ့ကို တည့်တည့်ကြည့်ပြီးပြောလာတဲ့ရာရာကြောင့် စိတ်တိုပြီး ဒေါသထွက်မိသွားသည်။ ပြီးမှ ကိုယ့်ကိုကယ်ခဲ့တယ်ဆိုတဲ့အသိကြောင့် စိတ်ပြန်လျော့လိုက်ရသည်။

လူကိုမလေးမစားနဲ့။

"ဒဏ်ရာ ဆေးထပ်ထည့်ရမယ်"

"ကိုယ့်ဘာသာထည့်မယ်"

"နောက်မှာ မျက်စိပါတာလား...."

"ရတယ်...ငါ့ခန္ဓာကိုယ်ကို တခြားသူထိတာမကြိုက်ဘူး"

"ဦးလေးကြီးရဲ့အသားကိုလည်း ထိချင်လို့ထိနေတာ မဟုတ်လို့ စကားမများဘဲ ငြိမ်ငြိမ်နေပေး..."

ရာရာက စကားကို ခပ်မာမာပြောလိုက်တော့ သျှန်ငြိမ်ကျသွားသည်။

စိတ်တိုဖို့ကောင်းလိုက်တာ။ သူ့လို လူကြီးက ဒီလို ခလေးသာသာအရွယ်ရဲ့စကားကို နားထောင်နေရသည်တဲ့။ စိတ်ရှိလက်ရှိကိုင်ပေါက်ထည့်လိုက်ရရင်ဖြင့် ကြည့်ကောင်းဦးမည်။

ရာရာက ဆေးထည့် ပတ်တီးစည်းပေးပေမဲ့ သျှန်တစ်ချက်မှ မညည်းပါ နာရင်တောင်  အံကြိတ်ထားတတ်သည်။

ဦး (သို့) ပထမဆုံးရင်ခုန်မိသော/ဦး (သို့) ပထမဆုံးရင်ခုန်မိသောWhere stories live. Discover now