Part(22)

3.3K 68 0
                                    

           အပိုင်း(၂၂)

*ရိန်း*ဆေးရုံကြီး

"တီး..တူ.."

"ဟင်..."

ဆေးရုံမှာ ကားတိုက်မှုတစ်ခုကြောင့် ရောက်လာတဲ့ ရာရာ့ကို စံစံမြင်ပြီး အံ့ဩသွားရသည်။

"ရာရာ..."

"ဒေါက်တာ...သူမက ကားနဲ့သစ်ပင်နဲ့‌တိုက်မိတာ..‌နဖူးထိပ်‌ဘေးမှာတော့ပေါက်သွားတယ် အဲ့တာ သွေးမထွက်အောင် လုပ်ပေးထားပြီးပြီ...လူမရှိတဲ့ဘက်ကို တိုက်မိတာကြောင့် စိုးရိမ်စရာမရှိဘူး..."

"တခြားထိခိုက်မိတာရော မရှိဘူးမလား..."

"မရှိပါဘူး..."

ဆေးရုံကို လာပို့တဲ့ ကူညီရေးအသင်းကအစ်ကို အခြေအ‌နေကိုသေချာရှင်းပြမှ စံစံ အသက်ကို ဝဝရှုမိသည်။

"တော်သေးတယ် ‌နင် ဘာမှမဖြစ်သွားလို့..."

စံစံ ရာရာ့နဖူးထိပ်ကို အသာဆေးထည့်ပေးရင်း လက်တွေပါတုန်လာသည်။ စံစံနင်လုပ်နိုင်တယ်။

"Ring<<<<Ring📱📲"

"ဒုတ်..."

ရာရာ့ကို ဆေးထည့်ပြီးလို့ လက်စသတ်နေတုန်းမှာ ဖုန်းကရုတ်တရက်မြည်လာ‌တာကြောင့် စံစံလက်ထဲမှာကိုင်ထားတဲ့ ညှပ်လေးကို လွှတ်ချမိလိုက်သည်။

"ကျစ်...ဖုန်းလာတာကို..."

စံစံ့ဖုန်းမဟုတ်တာကြောင့် အစက မကိုင်ဖို့လုပ်ထားပေမဲ့ ဆက်တိုက်ခေါ်နေတဲ့ဖုန်းကြောင့် စံစံကိုင်လိုက်သည်။

"ဟဲလို..."

"ဘယ်သူလဲ အက္ခရာရဲ့ဖုန်းမဟုတ်ဘူးလား..."

"အခု ဒီဖုန်းပိုင်ရှင်က ကား accidenceဖြစ်လို့ဆေးရုံရောက်နေပါတယ်ရှင်..."

"ဗျာ..."

"စိတ်လည်းအရမ်းမပူပါနဲ့ရှင်...အခြေ
အနေမဆိုးပါဘူး ပွန်းမိတဲ့ဒဏ်ရာတွေပဲ ရှိတာပါ"

"ဟုတ်ကဲ့...အခုဘယ်ဆေးရုံလဲ..."

"ရိန်းမှာပါ..."

"ဟုတ် ဆရာမကျေးဇူးပါ..."

စံစံဖုန်းချလိုက်တော့ ဖုန်းထဲကအသံ‌ကယောက်ျားလေးတစ်ယောက်ရဲ့အသံကြောင့် မနေ့က မမပြောတဲ့ကောင်လေးကိုသတိရသွားသည်။

ဦး (သို့) ပထမဆုံးရင်ခုန်မိသော/ဦး (သို့) ပထမဆုံးရင်ခုန်မိသောWhere stories live. Discover now