အပိုင်း(၂၈)
Ring~ ~ ~
ဖုန်းဆက်တိုက်မြည်နေတာကြောင့် သျှန် မျက်လုံးအစုံပွင့်လာခဲ့ပြီး သူ့ရင်ခွင်ထဲမှာ အိပ်မောကျနေတဲ့ ရာရာမနိုးအောင် အသာထပြီးဖုန်းကိုကိုင်လိုက်သည်။
"ရေလွှာ နင် ဒီအချိန်ကြီး ဖုန်းဆက်ရလား..."
"ဘာ ဒီအချိန်လဲ နာရီကိုကြည့်ဦး...နေဖင်ထိုးနေပြီ"
သျှန် နာရီကြည့်မိတော့ ဆယ်နာရီကျော်နေပြီ။ ရာရာ့ကို လှမ်းကြည့်တော့ အိပ်မောကျနေဆဲပင်။
"ထားပါတော့ ဘာပြောစရာရှိလို့လဲ..."
"ငါ ရင်ခုန်နေတယ်..."
"နင်ရင်ခုန်တာ ငါကဘာလုပ်ပေးရမှာလဲ"
"သျှန် နင့်တုန်းကငါကူညီခဲ့တဲ့ ကျေးဇူးကိုထောက်ပြီး ငါပြောတာ နားထောင်..."
"ဟုတ်ပြီ..နားထောင်နေတယ် ပြော..."
"အင်း...ဟင်း..."
သျှန် ရေလွှာနဲ့ အသံနိမ့်ပြီးဖုန်းပြောနေစဉ်မှာ ရာရာ့ညည်းသံကြားတာကြောင့် အိပ်ရေးပျက်မည် ဆိုး၍ သျှန် ရာရာကို တစ်ချက်ကြည့်ပြီး ထွက်ခဲ့လိုက်သည်။
သျှန်ထွက်သွားတော့မှ မျက်လုံးပွင့်လာတဲ့ရာရာ့မျက်နှာကစူပုတ်နေလျက်...
"မနက်စောစောစီးစီး ဘာတွေပြောနေကြတာလဲ...တစ်ကယ်ပဲ"
Ring~ ~ ~
ရာရာ့ဖုန်း ထပ်မြည်လာတာကြောင့် ကြည့်လိုက်တော့ ကိုကိုးဆီက...
"ဘာလဲ..."
"အက္ခရာ စိတ်တိုနေတာလား...ဘာမှမပြောရသေးဘူးလေ"
"သိတယ် ပြော...ကျွန်မစိတ်မကြည်ဘူး ပြောချင်တာ မြန်မြန်ပြော..."
"ရေလွှာလှိုင်းရိပ်က ဘယ်လိုယောကျာ်းလေးမျိုးကို စိတ်ဝင်စားတာလဲ..."
မရေလွှာဘဲလား! တစ်ယောက်က ရေလွှာနဲ့ဖုန်းပြောနေလို့ စိတ်တိုနေပါတယ်ဆိုမှ နောက်တစ်ယောက်ကပါ ရေလွှာ့အကြောင်းလာမေးတော့ ရာရာသည်းမခံနိုင်တော့။
"ကျွန်မ ဘယ်လို သိမှာလဲ သိချင်ရင် တခြားသူမေး..."
"ကိုကိုးကို စိတ်ဝင်စားလောက်လား..."
YOU ARE READING
ဦး (သို့) ပထမဆုံးရင်ခုန်မိသော/ဦး (သို႔) ပထမဆုံးရင္ခုန္မိေသာ