Part(15)

3K 67 5
                                    

           အပိုင်း(၁၅)

"အင်...ဟင်း..."

ညည်းသံနဲ့အတူ မျက်လုံးမဖွင့်ခင် အတွေးထဲရောက်လာတာက မနေ့က အဖြစ်အပျက်တွေ။

မျက်လုံးကို မဖွင့်ကြည့်သေးဘဲ မနေ့ကအဖြစ်က အိမ်မက်ဖြစ်ပါစေလို့ဆုတောင်းနေပေမဲ့ ရာရာဆုတောင်းမပြည့်ပါ။

ရာရာ ဦးသျှန်နဲ့မှားသွားပြီ...အဲ့တာက တစ်ကယ့်အဖြစ်အပျက်ပဲ။

ရာရာ စောင်ကိုပတ်ခြုံကာ...အိပ်ယာပေါ်ကနေအသာဆင်းလိုက်သည်။ ဦးသျှန်နိုးသွားလို့မဖြစ်ဘူး။

အခုအချိန် ရာရာ ဦးသျှန်ကို မျက်နှာချင်းမဆိုင်ချင်ဘူး။
ရာရာရဲ့အပျိုစင်ဘဝလေးကို မညှာမတာခြွေရက်တယ်။

ရာရာမကျေမနပ်ပြောရင်း ခြုံထားတဲ့စောင်ကို တက်နင်းမိကာ...ချော်လဲကျသွားတာ ကို့ယို့ကားယားနဲ့...

"အာ့...နာလိုက်တာ..."

"ကျွတ်..."

"ဟင်...ဦးသျှန်..."

‌နားထင်ကို လက်နဲ့အသာဖိရင်း ထလာတဲ့ဦးသျှန်။
လဲကျနေ‌တဲ့ ရာရာ့ကို မြင်သွားပြီး...

"ရာရာ...ဒီကိုဘယ်လို..."

သျှန် စကားကိုအဆုံးထိဆက်မပြောဘဲ မနေ့ကဖြစ်ခဲ့တဲ့အဖြစ်အပျက်က ခေါင်းထဲအစီအရီပေါ်လာသည်။

"ကျစ်...သွားပြီ..."

ပြောပြီး ရာရာ့ကိုကြည့်မိတော့ မျက်နှာက ငိုမဲ့မဲ့...

"ချာတိတ်...ကိုယ်ကလေ..."

"အာ...ဦးသျှန်...အဝတ်အရင်ဝတ်လေ..."

ရာရာက သူမမျက်လုံးကို လက်နဲ့ဖုံးအုပ်ထားရင်းပြောမှ သျှန် သတိရသွားပြီး ကုတင်အောက်မှာ ကျနေတဲ့အင်္ကျီကို ကောက်စွပ်လိုက်သည်။

"ချာတိတ်...စိတ်ဆိုးသွားတာလား..."

"အနားမလာနဲ့...ရာရာ ရှက်တယ်..."

"ကိုယ်ပုံမှန် တစ်ခွက်လောက်သောက်ယုံနဲ့ မမူးပါဘူး...တွန်းအားတစ်ခုခုပါမှ ဖြစ်တာ
မဟုတ်မှ...ဆေး..."

ဟုတ်တယ် အဲ့ဖန်ခွက်ထဲက အရက်ကိုသောက်လိုက်တာ။
အဲ့နောက်ပိုင်း ဘာမှမသိဘဲနဲ့ ခေါင်းတွေမူးပြီး ပူစပ်စပ်ဖြစ်လာတာ။

ဦး (သို့) ပထမဆုံးရင်ခုန်မိသော/ဦး (သို့) ပထမဆုံးရင်ခုန်မိသောWhere stories live. Discover now