Final Part-Part(29)

9.1K 110 4
                                    

           အပိုင်း(၂၉)

          ဇာတ်သိမ်းပိုင်း

*မောင်ရဲသွေးသစ်သျှန်
           နှင့်
မအလွမ်းအက္ခရာ*
           တို့၏
   မဂ်လာဧည့်ခံပွဲ

ရွှေရောင်စာလုံးတွေနဲ့ လှပသေသပ်လှစွာ တည်ရှိနေသော အမည်နာမနှစ်ခု။

Gloryရဲ့နာမည်အောက်မှာ တည်ရှိနေသော ဟိုတယ်...

ရာရာက ဒယ်ဒီနဲ့သဲဆု လက်ထပ်ဖို့ စီစဉ်ထားတဲ့ဟိုတယ်မှာ လက်ထပ်ပွဲလုပ်ချင်တယ်လို့ပြော‌တာကြောင့် သျှန်စီစဉ်ထားခြင်းဖြစ်သည်။

အခန်းတစ်ခုအတွင်းမှာတော့ အဖြူရောင်သတို့သမီးဝတ်စုံလေးကို ဝတ်ဆင်လျက် လှပနေသော အဖြူရောင်နတ်သမီးလေးရာရာ။

ရာရာကို ဒီလိုလှပအောင် ပြင်ဆင်ပေးတဲ့သူကတော့ ရေလွှာကိုယ်တိုင်ပါ။

"လှလိုက်တာ ရာရာရယ်..."

"ကျေးဇူးပါ မမရေလွှာ...ပြင်ပေးတဲ့မမလှလို့ လှသွားတာ"

"အဟင်း ရာရာက ချစ်ဖို့ကောင်းအောင်လည်းပြောတတ်လိုက်တာ..."

"ဟီး...ဪ ဒါနဲ့ မမကိုမေးစရာရှိသေးတယ်"

"ဟင် ဘာလဲ..."

"ဦးသျှန်ရဲ့လျှို့ဝှက်ချက်က ဘာလဲ..."

"ဟင်!"

"ကျွန်မသိပြီးပါပြီ...ဒယ်ဒီနဲ့ပတ်သတ်ပြီး..."

"ရာရာ...အဲ့တာက!"

ရေလွှာ ဘာပြန်ပြောရမယ်မှန်းမသိခင်မှာဘဲ အခန်းထဲကို ဝင်လာခဲ့တဲ့ သျှန်...

"ရေလွှာ ကိုယ်ချာတိတ်ကို ပြောစရာရှိသေးလို့ခဏ!"

"ဪ အင်း..."

အခုမှ ကူမဲ့သူပေါ်လာတဲ့ရေလွှာ ချက်ချင်းပင် ခေါင်းငြိမ့်ပြီး အပြင်ကို အပြေးအလွှားထွက်သွားသည်။

"ချာတိတ်..."

"ရှင်..."

ရာရာ့အသံအဆုံး ရာရာ့ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်တဲ့ သျှန်။ မျက်လုံးအစုံက တောက်ပနေပြီး အချစ်များစွာပြည့်လျှံနေသည်။

"ဒီအတော့အတွင်း ချာတိတ်ပင်ပန်းခဲ့ရတဲ့အချိန်တွေအတွက် အခုကစပြီး ပြန်ပေးဆပ်ပါရစေ...တစ်သက်လုံး အနားမှာနေပြီး စောင့်ရှောက်ခွင့်ပြုပါ ချာတိတ်...ဘယ်လိုအကြောင်းပြချက်မျိုး၊အကြောင်းအရာပဲ ခြားခြားကိုယ်ထပ်ပြီး ချာတိတ်ရဲ့အဝေးကို မထွက်သွားဖူးလို့ ကတိပေးပါတယ်...ကိုယ့်ကို ခွင့်လွှတ်နိုင်မလား"

ဦး (သို့) ပထမဆုံးရင်ခုန်မိသော/ဦး (သို့) ပထမဆုံးရင်ခုန်မိသောWhere stories live. Discover now