Part(18)

3.1K 73 0
                                    

           အပိုင်း(၁၈)

ကြီးဝေဖုန်းဆက်ပြောတဲ့အချိန်...သျှန် ဘယ်လောက်တောင် လန့်သွားလဲဆိုတာ သူကိုယ်တိုင်ပဲ သိပါလိမ့်မည်။

ဒါကိုကြီးဝေမသိအောင် သူဘယ်လောက်တောင် ဟန်ဆောင်ထားရလဲဆိုတာ။

သျှန် တိုက်ခန်းကနေ ‌ကပြာကလျာထွက်ကာ...ရာရာ့ကို စိတ်ပူစွာလိုက်ရှာမိသည်။

"ကျေးဇူးပြုပြီး ဘာမှမဖြစ်ပါစေနဲ့ချာတိတ်..."

ဒီနေ့မှ ပုံမှန်ထက်ပိတ်/ကြပ်နေတဲ့ လမ်းကို စောင့်ရင်းစိတ်မရှည်တော့ဘဲ ရာရာသွားတတ်တဲ့နေရာတွေကို ‌ပြေးရင်းနဲ့သာ လိုက်ရှာနေမိသည်။

ရာရာနဲ့တူတဲ့ပုံစံတွေ့ရင် လှမ်းဆွဲလိုက်၊
ရာရာမဟုတ်တာကြောင့် ပြန်ပြီးတောင်းပန်လိုက်နှင့် ချွေးတွေထွက်နေတာကိုပင် မသုတ်နိုင်။

နောက်ဆုံး ရာရာသွားတတ်တဲ့နေရာက အရင်အိမ်သာကျန်သည်။ သူဘာမှစဉ်းစားမနေတော့ဘဲ ‌ဆက်ပြီး‌ပြေးခဲ့တော့ တစ်ကယ်ပင် အိမ်ရှေ့မှာ ငုတ်တုတ်ထိုင်ပြီး တစ်ခုခုကိုစောင့်နေဟန်တူသည့်...ရာရာ။

"ရာရာ..."

နာမည်ခေါ်လိုက်ပြီး ရာရာ့ကိုတွေ့သွားမှ သျှန်ရဲ့ခြေလှမ်းတွေက လှမ်းလို့မရတော့ဘဲ ရပ်တန့်နေသည်။

သွားခွင့်ရှိခဲ့ရင်တောင် သွားလို့မရတဲ့ဘဝမလို့...ရပ်နေတာက နှစ်ယောက်လုံးအတွက် အဆင်ပြေစေမှာပါ။ နာကျင်နေရတာကလွဲလို့ပေါ့။

သူ ကြီးဝေကို ဖုန်းဆက်ကာ တွေ့ကြောင်း လှမ်းပြောလိုက်ပြီး လာခေါ်ခိုင်းလိုက်သည်။

နာရီဝက်လောက်ကြာမှ ကြီးဝေကတက္ကဆီနဲ့ရောက်လာသည်။ ရာရာ့ကိုချော့ခေါ်ရင်း မလှမ်းမကမ်းမှာရှိနေတဲ့သျှန့်ကို ကြည့်သွားသည်။

"ရာရာ...ဘာလို့ ထွက်သွားတာလဲ ဘာမှလည်းမပြောသွားဘူး..."

"ရာရာ...သဲဆုကိုစောင့်နေတာ ကြီးဝေရဲ့ သဲဆုက ဒီနေရာမှာ ရာရာနဲ့တွေ့မယ်တဲ့..."

"ဘယ်လို..."

"ဟုတ်တယ် ကြီးဝေရဲ့ ရာရာ့ကိုမနေ့ညက အိမ်မက်ထဲမှာလာပြောတာ...သဲဆုက လျှောက်လည်ကြရအောင်တဲ့..."

ဦး (သို့) ပထမဆုံးရင်ခုန်မိသော/ဦး (သို့) ပထမဆုံးရင်ခုန်မိသောWhere stories live. Discover now