Part(14)

2.8K 59 1
                                    


           အပိုင်း(၁၄)

"ရာရာ..."

"ဟင်..."

ဒယ်ဒီရဲ့အသံကြောင့် ရာရာရုတ်တရက်လှည့်ကြည့်လိုက်ပြီး ထရပ်တော့ အရှိန်လွန်ပြီးခန္ဓာကိုယ်က ယိုင်သွားသည်။

"အို..."

ပြန်ထိန်းလိုက်ပေမဲ့ ရာရာမထိန်းနိုင်လိုက်ဘဲ ကန်ဘက်ကို အရှိန်နဲ့ကျသွားသည်။

"ဒုန်း..."

"ရာရာ!"

"ချာတိတ်!"

"အာ့..."

‌ရေထဲကိုမကျသွားပေမဲ့ ကန်ဘောင်ဘက်နဲ့ရေကြားထဲက လျှောစောင်းပုံစံခင်းထားတဲ့ ခဲတွေကြောင့် ရာရာအရမ်းနာကျင်သည်။

ဒယ်ဒီနဲ့ဦးသျှန်ရဲ့စိုးရိမ်တကြီးခေါ်သံကိုသာ နောက်ဆုံးကြားလိုက်ရပြီး လောကကြီးနဲ့ ခဏတာ အဆက်ပြတ်သွားရသည်။

"အမြန်ဆင်းလေ...ဘာလုပ်နေကြတာလဲ"

သျှန်က ချက်ချင်းပြေးဆင်းသွားပေမဲ့ ကျန်တဲ့သူတွေက မဆင်းဘဲ ကျန်‌ခဲ့တာကြောင့် ဦးစည်းခြားက ဒေါသတကြီးနဲ့‌ပြောသည်။

"တောက်စ် ရာရာတစ်ခုခုဖြစ်လို့ကတော့
မင်းတို့ကိုပါ သတ်ပစ်မယ်..."

"ချာတိတ်...ချာတိတ်..."

သျှန် လှုပ်နိုးနေပေမဲ့ ရာရာကတော့ ပြန်ထူးမလာပါ။
ရာရာ့ကိုယ်လုံးလေးကိုပွေ့ချီပြီး ကားဆီသို့ တက်သွားသည်မှာ အလောတကြီး။

'ကျေးဇူးပြုပြီး ဘာမှမဖြစ်လိုက်ပါနဲ့'

~~~~~~~~~~~~~~~~~~~

နီးစပ်ရာ ဆေးရုံ၏VIPအခန်းတွင်း၌
လူနာကုတင်ထက်မှာ အိပ်ပျော်လျက်ရှိနေသော ရာရာ။

ပြုတ်ကျတဲ့အရှိန်ကြောင့် မျက်နှာနဲ့လက်တွေမှာ ပွန်းပဲ့ဒဏ်ရာတွေက ဟိုတစ်စ ဒီတစ်စ။

"ဒုန်း..."

တံခါးကိုစောင့်ဖွင့်ပြီး အထဲကို ဝင်လာတဲ့ သဲဆု...

"ဖြန်း..."

သျှန်ရဲ့ပါးကို အားပြင်းပြင်းနဲ့ရိုက်ချလိုက်သည်။

"သစ္စာဖောက် ရှင့်ကြောင့် ရာရာဒီလိုဖြစ်တာ..."

သျှန် ဘာမှပြန်မပြောမိ။ သဲဆုပြော‌တာလည်း မှန်နေတာပဲ။ ရာရာဒီလိုဖြစ်တာ သူ့ကြောင့်။

ဦး (သို့) ပထမဆုံးရင်ခုန်မိသော/ဦး (သို့) ပထမဆုံးရင်ခုန်မိသောWhere stories live. Discover now