Part(6)

3.8K 93 2
                                    

ပထမဆုံးရင်ခုန်မိသော (သို့) ဦး

           အပိုင်း(၆)

"ဝေါ...."

မိုးက တဖြည်းဖြည်းနဲ့ ပြင်းထန်စွာ ရွာသွန်းနေသလို ထီးတစ်ချောင်းအောက်မှာ ရပ်နေတဲ့လူနှစ်ဦးရဲ့ အကြည့်ဟာလည်း လွှဲဖယ်သွားခြင်းမရှိသေးပေ။

"ဦးသျှန် မဖြေနိုင်ဘူးမလား...ရာရာကို အစကတည်းက ထားခဲ့ဖို့အစီအစဉ်ရှိရင် မချစ်ပါနဲ့ ဂရုမစိုက်ပါနဲ့ ဒီတိုင်းလွှတ်ထားပေးပါ"

ရာရာက အေးစက်စွာပြောရင်း သျှန်ရဲ့ထီးအောက်ကနေ ထွက်သွားသည်။

သျှန်ကတော့ ခဏတာ ခြေစုံရပ်ကာ ကျန်နေခဲ့သည်။
အမှန်က စဉ်းစားနေခြင်းဖြစ်လိမ်မည်။

ကိုယ်မုန်းတဲ့လူတစ်ယောက်ရဲ့ သမီးကို မုန်းချင်ပေမဲ့ ရာရာကိုတော့ သျှန်မုန်းလို့မရပါ။ ခံစားချက်တွေမပျော်ဝင်အောင် ထိန်းချုပ်ထားပေမဲ့ နမ်းမိတဲ့အချိန်တိုင်း သူပျော်ရွှင်ရသလို ရာရာဝမ်းနည်းနေတဲ့အချိန်တိုင်း ဝမ်းနည်းနေရသည်။ ဒါကဟန်ဆောင်နေတာမဟုတ်ဘဲ အတည်။

ဒီတစ်ခါက ပထမဆုံး သူ့တာဝန်အပေါ် တာဝန်မကျေသလို ခံစားရခြင်း...

တောင်းပန်ပါတယ် ဒုချုပ်...တာဝန်ကိုတော့ပြီးအောင်လုပ်မှာပါ။

သျှန်ထီးကိုပြစ်ချကာ အထဲကို လိုက်ဝင်သွားမိတော့ ရာရာက ဧည့်ခန်းမှာမရှိတော့။ သူရာရာ့အခန်းကို တွန်းဖွင့်ဝင်လိုက်လျှင်...

"ကျွီ...."

ရာရာက ကုတင်ဘေးမှာ မတ်တပ်ရပ်ကာ မိသားစုဓာတ်ပုံကို ငေးကြည့်နေသည်။ သူ့ဝင်လာတာ‌မြင်တော့ ဓာတ်ပုံကို ဘေးချကာ သူ့ကို သွေးအေးအေးအကြည့်နဲ့ကြည့်သည်။ ပထမဆုံးစတွေ့တုန်းကလိုပဲ။ အသက်မဲ့သည့်အကြည့်။

"ဘာပြောစရာ ကျန်သေး အွန်း..."

ရာရာရဲ့စကားမဆုံးခင် သျှန်က ရာရာ့နားသွားကာ မျက်နှာသွယ်သွယ်လေးကို အကြမ်းပတမ်းဆွဲယူပြီး နှုတ်ခမ်းချင်းထိကပ်လာတာက ရာရာ့မျက်လုံးကို ပြူးသွားစေပြန်သည်။

သတိပြန်ဝင်လာမှ အတင်းတွန်းထုတ်ပေမဲ့ မလွှတ်ပေးဘဲ နှုတ်ခမ်းကို စုပ်ယူနမ်းရှိုက်လာသည့် သျှန်...

ဦး (သို့) ပထမဆုံးရင်ခုန်မိသော/ဦး (သို့) ပထမဆုံးရင်ခုန်မိသောWhere stories live. Discover now