Part(19)

3.2K 76 3
                                    

           အပိုင်း(၁၉)

"ရာရာမရှိတော့ပါဘူး...ဆေးရုံကဆင်းသွားပါပြီ..."

သျှန် ဆေးရုံကိုနောက်ထပ်ရောက်လာချိန်မှာ ချာတိတ်ကိုမတွေ့တာကြောင့် မေးကြည့်တော့.ဆင်းသွားပြီဆိုတဲ့ သီရိစိုးရဲ့စကားကြောင့် တုန်လှုပ်သွား၏။

"ချာ..ရာရာရဲ့ကျန်းမာရေးက ပြန်ကောင်းလာပြီလား..."

"ဟုတ်ပါတယ်...ပြန်ကောင်းလာပါပြီ ဆေးရုံကဆရာဝန်တွေကို နှုတ်ဆက်ပြီး ထွက်သွားပါပြီ..."

"ဘယ်ကိုသွားမယ်ပြောခဲ့သေးလဲ..."

"ကျွန်မကိုတော့ အကြာကြီးလာမတွေ့နိုင်တော့ဘူးလို့ပြောသွားတယ်...ကြည့်ရတာ အဝေးကိုထွက်သွားတဲ့ပုံပဲ"

"ဘယ်အချိန်ကလဲ..."

"လွန်ခဲ့တဲ့(၂)နာရီလောက်..."

"ကျေးဇူးတင်ပါတယ်ဆရာမ...ခွင့်ပြုပါဦး"

သီရိစိုးရဲ့စကားကိုပင် ဆုံးအောင်နားမထောင်ဘဲ အလောတကြီးပြန်ထွက်သွားတဲ့သျှန်ကြောင့်။

"ခဏ..."

"ဆရာမ ကျွန်တော်အရေးကြီးလို့‌နောက်မှ..."

"ရာရာရဲ့ချစ်သူလား..."

"ဗျာ..."

"အဟင်း...ဘာမဟုတ်တော့ပါဘူး သွားပါ..."

ထူးဆန်းလှတဲ့ သူနာပြုကြောင့် သျှန် ချာတိတ်ကိုရှာဖို့ထွက်လာခဲ့လိုက်သည်။

သျှန်က ရာရာတို့အိမ်လေးကို ဦးတည်နေတဲ့အချိန်မှာတော့ ရာရာက သျှန်ရဲ့ဆန့်ကျင်ဘက်လမ်းကို ဦးတည်နေခဲ့သည်။

"ချာတိတ်..."

သျှန် ရာရာ့အိမ်ရောက်တဲ့အခါမှာတော့ ခြံဝန်တံခါးပွင့်နေတာကြောင့် အထဲဝင်ပြီး ကြည့်မိတော့ ပစ္စည်းတွေဘာတစ်ခုမှမရှိ‌တော့ဘဲ ပုံမှန်ထက်သန့်ရှင်းနေတဲ့ အခန်းကိုသာတွေ့လိုက်ရသည်။

"ထွက်သွားပြီ..."

ခေါင်းငိုက်စိုက်ကျလျက်...မျက်လုံးကိုစုံမှိတ်လိုက်တဲ့ သျှန်။
နီးစပ်ခွင့်မရသလို ပေါင်းဖက်ခွင့်မရတဲ့ ခံစားချက်ကို ပွေ့ပိုက်ထားရတာ မုန်းတယ်။

ဦး (သို့) ပထမဆုံးရင်ခုန်မိသော/ဦး (သို့) ပထမဆုံးရင်ခုန်မိသောWhere stories live. Discover now