ပထမဆုံးရင်ခုန်မိသော (သို့) ဦး
အပိုင်း(၄)
"အွင်း...အင့်...."
ရာရာအစက ငြိမ်နေပေမဲ့ သတိဝင်လာတော့ တွန်းလွှတ်ကာ သျှန်ရဲ့မျက်နှာကိုစေ့စေ့ကြည့်ပြီး....
"ဦးသျှန်လဲ ဘာကွာလို့လဲ...အဲ့ဒီလူတွေနဲ့ တူတူပဲ"
လှည့်ထွက်သွားသည်။
ရာရာတို့နမ်းနေကြတဲ့ပုံစံကို စံစံက မြင်သွားပြီး မျက်လုံးပြူးသွားသည်။ စံစံလိုမြင်လိုက်ရတဲ့ သဲဆုကလဲ အံ့ဩကာ အနားသွားတော့မဲ့ စံစံကို ဆွဲကာ အထဲပြန်ဝင်ခဲ့ရသည်။
"ချစ်တယ် အလွမ်းအက္ခရာ..."
ထိုစကားတစ်ခွန်းက ရာရာ့ခြေလှမ်းတွေကို ရပ်တန့်သွားစေသည်။
"အချိန်တိုတိုအတွင်းမှာ ဘယ်လိုချစ်သွားလဲ ဆိုတာ မသိဘူး....မင်းနဲ့ပထမဆုံး ထမင်းတူတူစားခဲ့ရတာ...တစ်ခါမှ မနာခံတတ်တဲ့ကိုယ်က မင်းစကားကြောင့်ကိုယ် နာခံမိတယ်(အနာဆေးထည့်တုန်းက)...ခဏက အဖြစ်က ကိုယ့်ရင်ကို ပူလောင်စေတယ်...ဒါကမင်းကိုချစ်လို့ရာရာ Love at first sightဆိုတဲ့စကားကို မင်းနဲ့ကျမှကိုယ်ယုံခဲ့ရတယ်"
"ဒါတွေကို ရာရာ့ကိုယုံခိုင်းနေတာလား...ရာရာတို့တွေ့တာ ဘယ်လောက်တောင်ကြာသေးလို့..."
"မင်းယုံကြည်အောင် ကိုယ် မင်းဘေးနားမှာနေပြီးသက်သေပြမယ်...ကိုယ်ဒီစကားကို လွယ်လွယ်မပြောဘူးဆိုတာ မင်းယုံလာလိမ့်မယ်"
ရာရာ့ဘက်က စကားသံထွက်မလာတော့တာကြောင့် သျှန်ပြုံးလိုက်မိသည်။ သေချာပါတယ် သူ့စကားက ရာရာရဲ့နှလုံးကိုထိမှန်မယ်ဆိုတာ။
"ဦးသျှန် အချစ်ဆိုတာ ဘာလဲ သိလို့လား..."
"ခဏက နမ်းတော့ ရင်ခုန်လား"
ရာရာကမဖြေဘဲ မျက်နှာလွှဲသွားတာကြောင့် သျှန်ပြုံးလိုက်မိသည်။ ဘယ်လိုချာတိတ်လဲ...အဟက်။
"ရင်ခုန်တယ် ပျော်တယ်ဆိုရင် အချစ်ပဲ"
ဦးသျှန်ရဲ့ အချစ်အဓိပ္ပါယ်ကြီးက ရိုးရှင်းလိုက်တာ။
"ဒါဆို ရင်ခုန်တာ ရပ်သွားရင် မပျော်တော့ရင် အဲ့အချစ်က မရှိတော့ဘူး..."
YOU ARE READING
ဦး (သို့) ပထမဆုံးရင်ခုန်မိသော/ဦး (သို႔) ပထမဆုံးရင္ခုန္မိေသာ