Part(10)

3.3K 73 0
                                    

           အပိုင်း(၁၀)

"မင်းရဲ့ဂိုဏ်းအစပျောက်သွားချင်ရင် ငါ့ကိုလာမထိနဲ့"တဲ့
တောက်စ်....ဂျိမ်းစ် မင်းကများ။

"ဒိုင်း..."

ဦးစည်းခြားရဲ့စကားသံတွေကို ပြန်ကြားကာ ဒေါသထွက်နေတဲ့မိုက်ကယ်။ မျက်လုံးများက ဒေါသစိတ်ကြောင့် နီရဲစူးရှနေသည်။

"ဒိုင်း..."

မှောက်မိုက်နေတဲ့ သေနတ်ပစ်ခန်းမှ ထွက်ပေါ်လာတဲ့ သေနတ်ပစ်သံတစ်ချို့။

"ဘော့စ်..."

နာမည်ခေါ်ပြီး အနားကို အရေးတကြီးရောက်လာသည့် ခန့်။

မိုက်ကယ်က သေနတ်ကိုချလိုက်ကာ ပြောဆိုသည့်သ‌ဘောနဲ့မေးဆတ်ပြလိုက်တော့ ခန့်က ခေါင်းကို ငုံပြီး တစ်လုံးချင်း ပီသစွာပြောသည်။

"ဘော့စ်ပိုင်တဲ့ လက်နက်တွေကို နယ်စပ်ပို့တဲ့အချိန် ကြားဖြတ်တိုက်ခံ‌ရပါတယ်...ပြီးတော့ ဘော့စ်ပိုင်တဲ့ ဟန်ပြအ‌သေးစားကုမ္ပဏီမှာရဲတွေရှောင်တခင် ဝင်စစ်ခံနေရပါတယ်..."

ထိုကုမ္ပဏီရဲ့နောက်ကွယ်မှာ ဘိန်းတရားမဝင်လုပ်နေတာကို ဦးစည်းခြားက ရဲဘက်ကို သတင်းပေးလိုက်ခြင်းကြောင့်ဖြစ်သည်။

မိုက်ကယ် လက်သီးကို ပိုပြီး ကျစ်နေအောင်ဆုပ်ပြီး အံကိုတင်းတင်းကြိတ်သည်။

"ငါတို့လည်း အောက်ခြေဝန်ထမ်းတွေကို လာဘ်မထိုးဘဲ ထိပ်ကို သွားတွေ့ကြရမှာပေါ့...ပေးစစ်လိုက်ပါ တခြားလုပ်ငန်းတွေကို မထိခိုက်အောင် လုပ်လိုက်..."

"ဟုတ်ကဲပါ ဘော့စ်..."

"အလွမ်းအက္ခရာကို စောင့်ကြည့်ထား သူ့ဘေးက ကောင်ကိုအဓိကထားပြီးစောင့်ကြည့်...အလွမ်းအက္ခရာကိုဖမ်းဖို့ဆိုရင် အဲ့ကောင်က ကျည်ကာပဒ ကျည်ဆံနဲ့ပစ်ဖို့ဆိုရင် ကျည်ကာရှိနေလို့မဖြစ်ဘူး..."

"ဟုတ်ကဲ့ပါ...ဘော့စ်"

"ဆက်တိုက်မတိုက်ခိုက်ဘဲ မထင်ထားတဲ့အချိန်မှ လျှပ်တစ်ပြတ်တိုက်ခိုက်လိုက်မယ်ဆိုရင်...ဒိုင်း"

မိုက်ကယ်က ခန့်ကို စေ့စေ့ကြည့်ကာ...သေနတ်ကို လျှပ်တပြတ်ကိုင်ကာ ပစ်လိုက်တာက အဝေးမှာ ရှိနေတဲ့ ‌ကျည်ဆံပစ်တဲ့နေရာဆီသို့...

ဦး (သို့) ပထမဆုံးရင်ခုန်မိသော/ဦး (သို့) ပထမဆုံးရင်ခုန်မိသောWhere stories live. Discover now