Part(13)

2.6K 65 0
                                    

           အပိုင်း(၁၃)

"လွှတ်..."

ကားနားရောက်မှ ပွေ့ထားတာ ချလိုက်ပြီး ကားတံခါးကို ဖွင့်ချိန်...ရာရာက သျှန့်လက်ကို
ပုတ်ထုတ်လိုက်ခြင်းဖြစ်သည်။

"ကျစ်...ချာတိတ် ဘာလို့ဆိုးနေတာလဲ.."

"ရာရာ...ထပ်.သောက်ဦးမှာ"

"မသောက်ရဘူး..."

"ခင်ဗျားကြောင့် သောက်တာလေ..."

"ကိုယ့်ကြောင့်သောက်တာဆိုရင် အိမ်ရောက်မှ
ပေါက်ကွဲအခုပြန်မယ်"

"ဟင့်အင်း...မရဘူး ရာရာ့ကိုချစ်ရင်"

"အလွမ်းအက္ခရာ...မင်း ချစ်တယ်ဆိုတဲ့စကားနဲ့ ကိုယ့်ကို မချုပ်ကိုင်နဲ့ အဲ့လိုမျိုးကလေးဆန်တဲ့အပြုအမူ...ထပ်မလုပ်နဲ့လို့ပြောထားတယ်လေ"

သျှန်က ရာရာ့လက်မောင်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီး အော်ပြောတော့ ရာရာငြိမ်ကျသွားသည်။

မူးနေတဲ့လူတောင် အမူးပြေသွားသလို။
ရာရာ့ခေါင်းကို ငုံ့ချလိုက်တော့ မျက်ရည်စက်က မြေပြင်ပေါ်သို့ ကြွေကျသွားရသည်။

'အဲ့တာကြောင့် ပေါက်ကွဲလို့မရတာ ဦးသျှန်...
ရာရာပေါက်ကွဲရင် ဦးသျှန်က ကလေးဆန်တယ်လို့
ပြောဦးမှာ...ရာရာကလေးမဆန်ချင်ဘူး'

စိတ်ထဲကနေ ပြန်ပြောရင်း ရာရာမျက်လုံးမှိတ်ရင်း လဲကျသလိုလုပ်လိုက်တော့ သျှန်ကထိန်းပေးရင်း ကားထဲကို ထိုးထည့်ပေးသည်။

လမ်းခုလတ်ရောက်တော့ သျှန်ရဲ့ဖုန်းက မြည်လာသည်။
သျှန်ကြည့်လိုက်တော့ ရေလွှာဆီက...

သူ ရာရာ့ကို ကြည့်လိုက်တော့ ကားမှန်ဘက်လှည့်ပြီး အိပ်ပျော်နေတာကြောင့်...

"ပြော...ဒီတစ်ခါရော ဘာကိစ္စလဲ"

"ရဲသွေးရယ် စိတ်ရှည်စမ်းပါ...ငါ့ကိုဆို မပြောချင်သလိုနဲ့"

"လိုရင်းသာပြောပါ...ရေလွှာ"

"အဟင်း...ဟုတ်ပါပြီ နင့်ကားထဲမှာ ငါ့ပါဆယ်ထုပ်မေ့ကျန်ခဲ့လို့..."

"ပါဆယ်ထုပ်...တွေ့ပြီ"

သျှန်ရှာကြည့်လိုက်တော့ ကားကူရှင်ဘေးနားမှာ ကျနေသည်။

ဦး (သို့) ပထမဆုံးရင်ခုန်မိသော/ဦး (သို့) ပထမဆုံးရင်ခုန်မိသောWhere stories live. Discover now