Part(21)

3.3K 67 0
                                    

           အပိုင်း(၂၁)

"ဘာလို့ ရာရာနဲ့ကွဲသွားတာလဲ..."

ရေလွှာသိချင်တဲ့အကြောင်းကို မေးလိုက်တော့ တိတ်ဆိတ်သွားတဲ့ သျှန် အရက်ကိုသာတစ်ခွက်ပြီးတစ်ခွက်သောက်နေသည်။

"ဆောရီး ငါမသိသင့်တဲ့အကြောင်းထင်တယ်..."

"ငါတို့က မဆုံစည်းနိုင်တဲ့ မျဉ်းပြိုင်လိုပဲ ပေါင်းစပ်လို့မရဘူး..."

"ဘာလို့လဲ နင့်စိတ်ကို ဘာလို့အဲ့လိုချုပ်တည်းထားရတာလဲ ငါ့အထင် နင်တို့ကြားထဲက အထင်လွဲမှားမှုတွေကို ကိုယ်တိုင်တွေ့ပြီး ‌ဖြေရှင်းသင့်တယ်..."

"မဟုတ်ဘူး အဲ့ဒီလိုမဖြစ်ဘူး...ရာရာခံစားနေရလိမ့်မယ်..."

"ဒါဆို နင်က အခုတစ်ယောက်တည်းကြိတ်ပြီး ခံစားနေ‌တော့မှာလား..."

"ချာတိတ်ရဲ့ဒယ်ဒီ ငါ့ကြောင့်သေခဲ့တာ...အဟွန်း..."

"ဟင်..."

မထင်မှတ်ထားတဲ့စကားကြောင့် ရေလွှာအံ့ဩသွားရတာအမှန်ပင်။ ခဏကနည်းနည်းသောက်ထားတဲ့အရက်တောင် အာနိသင်မရှိတော့သလို။

"ငါ့မိဘတွေကို သတ်ခဲ့တဲ့သူက ရာရာ့ဒယ်ဒီ...အဟွန်း ဒါကြောင့် ငါတို့ဆုံစည်းလို့မရတော့တာ..."

"ဒါကို ရာရာသိပြီးပြီလား..."

သျှန်က ပါးစပ်နဲ့မ‌ဖြေဘဲ ခေါင်းကိုအသာရမ်းပြကာ အရက်ကိုမော့သောက်ပြန်သည်။ မူးနေပြီဖြစ်တာကြောင့် သျှန့်စကားသံတွေက နည်းနည်းရောထွေးလာသည်။

"ဘယ်လိုပဲဖြစ်ဖြစ်...အဲ့ဒါက နင့်တို့နဲ့မှမဆိုင်တာ မိဘတွေရဲ့ပတ်သတ်မှုက မကောင်းခဲ့တာနဲ့ပဲ နင်တို့ကဝေးကွာရမှာလား..."

"ဒါဆို ငါက ဘာလုပ်ရမှာလဲ..."

"အဲ့အတိတ်ကို လွှတ်ချလိုက်ပါ...နင်သိလား ငါနင့်ကိုမကြိုက်တော့ဘူးလို့ ဆုံးဖြတ်ချက်ချလိုက်တော့ ငါ့စိတ်တွေလန်းဆန်းပြီး ပျော်လာတယ်...နင်အခုလို ရာရာအကြောင်းပြောနေတာတောင်မှ ငါဘယ်လိုမှမဖြစ်တော့ဘူး အဲ့တာ ငါနင့်ကို တစ်ကယ်လွှတ်ချလိုက်လို့ပဲ နင်လည်း မိဘတွေရဲ့မကောင်းတဲ့ပတ်သတ်မှုကို မေ့ပြီး ဆိုးဝါးလှတဲ့အတိတ်ကို လွှတ်ချလိုက်ပါ...ဒါဆို နင်ဘာလုပ်ရမယ်ဆိုတာ ခေါင်းထဲမှာပေါ်လာခဲ့လိမ့်မယ်..."

ဦး (သို့) ပထမဆုံးရင်ခုန်မိသော/ဦး (သို့) ပထမဆုံးရင်ခုန်မိသောWhere stories live. Discover now