Part(11)

2.8K 75 1
                                    


           အပိုင်း(၁၁)

"ဦးသျှန်..."

"အင်း"

"ကြယ်လေးတွေက လင်းလက်ပြီး တောက်ပနေတာနော်...အဲ့ကြယ်လေးတွေကို တစ်ခါလောက်ထိကြည့်ချင်တယ်"

ရာရာက လက်လေးနဲ့ လှမ်းပြီး ကြယ်တွေကို ထိသလိုလုပ်နေတဲ့ မြင်ကွင်းကို သျှန် ဘေးကနေငေးကြည့်နေမိသည်။

"ဟင်..ဟိုမှာ..."

"ကြယ်ကြွေလာပြီ"

"ကြယ်ကြွေလာရင် ဆုတောင်းရတယ်တဲ့ ဦးသျှန်လည်းဆုတောင်းလေ...အတူတူတောင်းရအောင်"

ရာရာက ပျော်ရွှင်စွာ လှဲအိပ်နေရာမှ ထိုင်လိုက်သည်။ ပြီးတော့ မျက်လုံးမှိတ်ပြီး ဆုတောင်းသည်။

ရာရာဆုတောင်းပြီးတော့ မျက်လုံးဖွင့်ကြည့်လာပြီး ဦးသျှန်ကို လှည့်ကြည့်တော့ ဦးသျှန်က ရာရာ့ကို စိုက်ကြည့်‌နေတာ‌ကြောင့်...

"မတောင်းဘူးလား..."

"ကိုယ်ဆုတောင်းပြီးပြီ..."

"ဘာလဲ"

"ဆုတောင်းဆိုတာ တခြားသူကို မပြောပြရဘူး..."

"ဟင် မပြောပြဘူးလား..."

သျှန်က ရာရာမေးနေတာကို အရေးမလှုပ်ဘဲ ပြုံးပြီး ရာရာ့ခေါင်းလေးကို ပုတ်ကာ ထသွားတော့...

ရာရာလည်းအမြန်ထကာ အနောက်ကနေအပြေးလေးလိုက်လာသည်။

"ဦးသျှန် တစ်ကယ်မပြောပြဘူးလား...ရာရာကတခြားသူလား"

ရှေ့ကနေ တိတ်တဆိတ်ပြုံးရင်း သွားနေတဲ့ ဦးသျှန်နဲ့...
နောက်ကနေ ‌လိုက်ပြီး မေးနေတဲ့ရာရာ။

သူတို့နှစ်ယောက်ကို ကြည့်နေတဲ့ ဦးစည်းခြား(or)ဂျိမ်းစ်...

"ရာရာ ချစ်တတ်လာပြီ"

အချစ်ဆိုတဲ့အရာက ပျော်ရွှင်နေပြီဆို အနှောင်အယှက်တွေက ဝင်လာတတ်စမြဲပါ။

‌နောက်တစ်နေ့ရုံးတက်ချိန်ကနေ ဆင်းတဲ့ချိန်အထိ သူတို့နှစ်ဦး‌မျက်နှာချင်းဆိုင်တွေ့ရသည့်အချိန်က ရှားပါးလာခဲ့သည်။

အလုပ်ချိန် အတူမရှိရင်တောင် ထမင်းစားတဲ့ချိန်ဆို တူတူစားနေကြပေမဲ့ အချိန်တစ်ခုကြာလာတော့ အဲ့လိုမျိုးတွေမရှိတော့ပါ။

ဦး (သို့) ပထမဆုံးရင်ခုန်မိသော/ဦး (သို့) ပထမဆုံးရင်ခုန်မိသောWhere stories live. Discover now