အပိုင်း(၂၃)
"သျှန်...ဆေးရုံကို ငါလည်းလိုက်ချင်တယ်..."
လိုက်ချင်တယ်လို့ပြောတဲ့သူက သူ့ဆီက ခွင့်ပြုချက်မတောင်းဘဲ တိုက်ခန်းအောက်မှာစောင့်နေတယ်ဆိုပြီး ဖုန်းဆက်လာတဲ့ ရေလွှာ။
သူလည်း ရာရာ့ဆီသွားဖို့အဆင်သင့်ဖြစ်နေတာကြောင့် ဘာမှမပြောတော့ဘဲ အောက်ဆင်းလာခဲ့သည်။
"နင်က ဘာလိုက်လုပ်မလို့လဲ..."
"ငါလည်း လိုက်ကြည့်ရမှာပေါ့..."
မနေ့က စံစံပြောထားလို့ ရေလွှာအကြောင်းစုံသိပြီးပါပြီ။
"ဒါနဲ့ အဲ့ဒါတွေက ဘာတွေလဲ..."
သျှန်က ရေလွှာ့လက်ထဲမှာ ဆွဲထားတဲ့အထုတ်တွေကို မေးဆတ်ပြရင်းမေးသည်။
"ဪ ဒါတွေက စံစံကိုပေးမလို့..."
"နင့်ညီမက ဝက်လား...အိမ်ကိုနေ့တိုင်းပြန်လာနေတာပဲ..."
"မဟုတ်ဘူး စံစံရဲ့သူငယ်ချင်းတွေအတွက်ရော သူနာပြုဆရာမလေးတွေရော စားရအောင် ဝယ်လာတာ..."
သျှန်က တစ်ချက်ခေါင်းခါရင်း ရေလွှာလက်ထဲကနေ ကူဆွဲကာ ကားထဲထည့်လိုက်သည်။
"ငါလည်းရာရာကို တွေ့ချင်ပါသေးတယ်...မတွေ့ဖြစ်ခဲ့ရင် နင်ကတောင်းပန်တယ်လို့ပြောပေးပါ"
"နင်ဘာအပြစ်လုပ်ထားလို့လဲ..."
"နင့်ကိုကြိုက်မိတဲ့အပြစ်က အဆိုးဆုံးအပြစ်ပဲ..."
ရေလွှာက ပြောပြီး ကားမှန်ကိုဖွင့်လိုက်ကာ အပြင်ဘက်ကတိုက်လာတဲ့လေညှင်းကို မျက်လုံးမှိတ်ရင်း အရသာခံသည်။
သျှန်လည်း ဘာမှဆက်မပြောချင်တာကြောင့် ကားကိုသာဂရုတစိုက်မောင်းနေလိုက်သည်။
~~~~~~~~~~~~~~~~~~~
မနက်ကိုအစောကြီးထပြီး ရေချိုးအဝတ်အစားလှဲကာ ကြီးဝေနဲ့ မိုက်ခ်ကို အသင့်စောင့်နေတဲ့ ဒဏ္ဍာရီလေး...
သူမတို့လည်း မြန်မြန်လုပ်စရာရှိတာလုပ်ကာ ပြင်ဆင်ပြီး ရာရာ့ဆီထွက်ခဲ့လိုက်သည်။ မနေ့ကဆေးရုံမှာ ကိုကိုးကအအိပ်စောင့်ပေးသည်။
YOU ARE READING
ဦး (သို့) ပထမဆုံးရင်ခုန်မိသော/ဦး (သို႔) ပထမဆုံးရင္ခုန္မိေသာ