Part(16)

2.8K 63 1
                                    

           အပိုင်း(၁၆)

"သဲဆုရှင်ကို ခေါ်လာခဲ့ပြီးရင် အလွမ်းအက္ခရာကိုပါ ကြိုးနဲ့ချည်ထားလိုက်..."

"လွှတ်..."

ရာရာက ခန့်ရဲ့လက်ကနေရုန်းလို့မရတာကြောင့် လက်ကို ကိုက်ချလိုက်သည်။

"အား...ခွေးမ..."

"ဖျောင်း..."

"အာ့..."

ယောကျ်ားလေးတစ်ယောက်ရဲ့အားပြင်းတဲ့ရိုက်ချက်ကြောင့် လဲကျသွားတဲ့ရာရာ။ ပါးတစ်ဖက်က ကြိမ်းစပ်စွာ။

"မလွှတ်မှန်းသိရင် ထွက်ပြေးဖို့မကြိုးစားနဲ့...
မင်း ပင်ပန်းရုံပဲရှိမယ်..."

ရာရာ့ပါးနှစ်ကို ခန့်က လက်နဲ့ညစ်လိုက်တော့ နာကျင်မှုကြောင့် ရာရာမျက်ရည်ပင်ဝိုင်းလာသည်။

ရာရာရဲ့လက်တွေကိုရော ခြေတောက်တွေပါ ကြိုးနဲ့တုပ်ပြီးမှ သဲဆုကို ခေါ်လာကြသည်။

"သဲဆု..."

ရာကာ့ဘေးနားမှာ လာချတော့ သဲဆုကသတိမေ့နေသည်။

"သဲ...သဲဆု..."

မိုက်ကယ်ရဲ့လူတစ်ယောက်က ရေပုံးကိုယူလာပြီး သဲဆုပေါ်ကိုလောင်းချလိုက်သည်။

"အဟွတ်...အဟွတ်..."

"သဲဆု...သဲဆု..."

"ဟင်...ရာ..ရာ.."

သဲဆုကိုတော့ ကြိုးမချည်ထားပါ။ သဲဆုရဲ့ပုံစံကလည်း ကိုယ့်ကိုကိုယ်ထရပ်ဖို့ပင် အနိုင်နိုင်ရယ်ပါ။

ဘယ်လောက်တောင် နှိပ်စက်ထားကြတာလဲ။

"မြင်လား...မင်းချစ်တဲ့သူ...မင်းကို ကာကွယ်ပေးတဲ့သူတိုင်း ဒီလိုနာကျင်ပြီး သေတော့မှာကို မြင်လား..."

"တောက်စ် လူယုတ်မာ..."

"ဟား..ဟားးး"

"ရာ...ရာ..."

"သဲဆု...ပြောလေ..."

"ဦး...ဦးရော..."

"ဒယ်ဒီအဆင်ပြေတယ်...ဦးသျှန်ရဲ့အကူအညီနဲ့ကောင်းကောင်း တရားရင်ဆိုင်ဖို့ပြင်နေတယ်..."

"အဟင်း..."

"ဒိုင်း..."

"ဒိုင်း..."

ဦး (သို့) ပထမဆုံးရင်ခုန်မိသော/ဦး (သို့) ပထမဆုံးရင်ခုန်မိသောWhere stories live. Discover now