Part(12)

2.6K 61 0
                                    

           အပိုင်း(၁၂)

ဘတ်စကတ်ဘောကွင်းထဲမှာ အပြေးအလွှားကစားနေကြတဲ့ သူတို့နှစ်ဦး။ တစ်ယောက်နဲ့တစ်ယောက် အနိုင်လုရင်း နောက်ဆုံးဘယ်သူမှမနိုင်ဘဲ သရေအဖြစ်နဲ့ရပ်လိုက်ကြသည်။

"ဟူး..."

‌ရာရာက အောက်ကိုလှဲချလိုက်ပြီး ကောင်းကင်ပေါ်ကို မျက်နှာမူထားသည်။ သဲဆုကတော့ ရာရာ့ကိုသာငေးကြည့်နေရင်းသာ အမောဖြေနေသည်။

"စိတ်ညစ်စရာ ရှိနေမဲ့ပုံပဲ..."

ရာရာ သဲဆုကို မကြည့်ဘဲမေးလိုက်သည့် စကား။

"ဘယ်လိုသိလဲ..."

"နင်နဲ့ငါနဲ့တူတဲ့အချက်က စိတ်ညစ်ရင် ဒီလိုပင်ပန်းတာကို လုပ်တတ်ကြတယ်လေ"

အဟင်း...သဲဆုပြုံးလိုက်မိသည်။
ရာရာဆီက ဂရုစိုက်မှုကို ရလိုက်ရတဲ့ခံစားချက်ကြောင့် ပျော်ရွှင်သွား၏။

"လိုချင်တာ‌ရနေပြီး ဒယ်ဒီ့အနားမှာ ‌နေဖို့ရွေးချယ်လိုက်တဲ့သူက ဘာလို့စိတ်ညစ်နေတာလဲ"

သဲဆုက ရာရာ့ဘေးနားမှာ အတူလာလှဲအိပ်ရင်း ကောင်းကင်ကြီးကို မော့ကြည့်သည်။

"နင့်ဒယ်ဒီက ကောင်းတဲ့သူမှမဟုတ်တာ...ဒါတွေ နင်နားမလည်ပါဘူး "

ဒီစကားက သဲဆုဆီက ခဏခဏကြားနေရတဲ့စကားဖြစ်နေ၍လား၊ သဲဆုစိတ်ညစ်နေတာကို ရန်စကားမပြောချင်၍လား မသိ။ ရာရာစိတ်မဆိုးမိ။

"တကယ် ဒယ်ဒီကမကောင်းတဲ့သူလား..."

"နင့်အတွက်က ဦးက အဖေကောင်းပါ...
အဲ့တာကြောင့် ဦးရဲသွေးသစ်သျှန်ကို ရွေးချယ်ခဲ့တာ"

"ဒယ်ဒီကလား?..."

"အင်း"

"နင်စိတ်ညစ်တာ ဒါကြောင့်လား..."

"အင်း ဦးက တစ်ခြားတစ်ယောက်ကို
‌ ရွေးချယ်လိုက်ပြီဆိုရင်
အရင်တစ်ယောက်က စွန့်ပစ်ခံရမလာ
ထွက်သွားအောင်လုပ်မလားဆိုတာ မသိနိုင်ဘူး"

"စိတ်မပူပါနဲ့ နင့်ကို ဒယ်ဒီ ဘာမလုပ်ပါဘူး
အဲ့လိုဖြစ်အောင် ငါလုပ်မှာမလို့..."

ရာရာရဲ့စကားကြောင့် စိတ်ညစ်မှုတွေကြားထဲမှ
အနည်းငယ်ပြုံးသွားတဲ့ သဲဆု။

ဦး (သို့) ပထမဆုံးရင်ခုန်မိသော/ဦး (သို့) ပထမဆုံးရင်ခုန်မိသောWhere stories live. Discover now