ပထမဆုံးရင်ခုန်မိသော (သို့) ဦး
အပိုင်း(၃)
"ဦးလေးကြီး...ဘာလို့ရာရာကို နမ်းတာလဲ"
ကြည့်ပါလား...မေးတဲ့ပုံစံက ရှက်နေတဲ့ပုံမဟုတ်ဘဲ မျက်ခုံးတွန့်ပြီး မေးလာသည်။ နမ်းလို့ရှက်တဲ့ထဲမှာ သူမမပါတာများလား?! ဒါမှမဟုတ် သူကြားဖူးတဲ့စကားကပဲ မှားနေတာလား။
"ကူညီပေးတာ မင်းကြို့မထိုးအောင်"
"ကြို့ထိုးတဲ့မိန်းကလေးတိုင်းကို အဲ့လိုနမ်းရတာလား..."
"မဟုတ်ဘူး မင်းကိုပဲ ငါ့ကိုဘယ်လိုမျိုးထင်နေလို့လဲ"
သျှန်စကားကြောင့်ရာရာ ပြောစရာစကားတွေပျောက်ရှသွားရသည်။
ဦးလေးကြီးက ဘာလို့အတည်ပေါက်ကြီးဖြစ်နေတာလဲ။
သျှန်ကတော့ သူရဲ့သရုပ်ဆောင်မှုက ထိရောက်တာကြောင့် အနည်းငယ်နှုတ်ခမ်းတွန့်သည်။
မကြာခင်မှာ ငါက မင်းရဲ့ယုံကြည်ရတဲ့သူဖြစ်လာတော့မှာ။"အိမ်ကို ပို့ပေးမယ်ဆို သွားရအောင်..."
"အင်း"
"..×¥^¢^£ကိုပို့ပေးပါ ဦးလေးကြီး...."
သျှန်က ရာရာကို မနေ့ကအိမ်ကိုပဲ ပို့ပေးဖို့ဦးတည်နေတာကြောင့် ကားထဲမှာ တိတ်ဆိတ်ပြီးလိုက်လာတဲ့ ရာရာက အိမ်လိပ်စာပြောပြမှ ဦးတည်ရာကို ပြောင်းလိုက်သည်။
ရာရာကထိုစကားသာပြောပြီး ခေါင်းကကားမှန်ဘက်လှည့်ကာအပြင်ကို ငေးကြည့်နေသည်။
စိတ်ဆိုးသွားတာလား? မဖြစ်နိုင်တာ စိတ်ဆိုးတယ် ဒေါသထွက်တယ်ဆိုရင် နမ်းတော့ဘာလို့ ငြိမ်ခံနေရတာလဲ? ပြီးတော့ ဘာမှမပြောလာဘူးလေ။
ရာရာနေတဲ့ လမ်းကြားထဲကွေ့ဝင်ခဲ့တော့ ရာရာက စကားစလာသည်။
"ရာရာကို ဒီနားချခဲ့လို့ရတယ်..."
"ဘာလို့လဲ အိမ်ထိပို့ပေးမယ်..."
ရာရာက ဘာစကားမှ ပြန်ပြောမနေတော့ဘဲ ငြိမ်နေလိုက်သည်။ လိုက်ချင်လိုက်ဆိုတဲ့သဘော!
အလွမ်းအက္ခရာက တစ်မျိုးတော့တစ်မျိုးလေး။ ဘယ်လိုမျိုးလဲတော့ မပြောတတ်။
YOU ARE READING
ဦး (သို့) ပထမဆုံးရင်ခုန်မိသော/ဦး (သို႔) ပထမဆုံးရင္ခုန္မိေသာ