"ကဲ..ကလေးတို့ဒီနေ့ဆရာမသချာ်အခန်း၅
သင်မယ်။သားတို့သမီးတို့ဖတ်စာအုပ်ကိုလှန်
ထားပြီးဆရာမပြောတာသေချာနားထောင်
ကြနော်"
ကျောင်းသူကျောင်းသားတွေလဲတန်ပြိုင်
"ဟုတ်ကဲ့"ဆိုပြီးအော်လာကြတယ်။
အတန်းထဲကကျောင်းသူကျောင်းသားတွေ
ကလဲဆရာမနန်းအချိန်ဆိုအကုန်လုံးကတက်
တက်ကြွကြွနဲ့စာလိုက်သင်ကြတယ်။ဒါပေ
မယ့်လဝန်းလေးခင်ဗျာမှာတော့..
"ဟူး..ငါ့နှယ့်လည်းသေချင်ပါတယ်ဒီနေ့မှစာ
သင်ရတာလဲစိတ်ကမပါ။ဆရာမနန်းကလဲ
သချာ်အခန်း၅သင်မယ်တဲ့။ဟူး..ငါ့လောက်
ကံဆိုးတာငါပဲရှိတယ်။သနားဖို့ကောင်းလိုက်
တာမိလဝန်းရယ်"လဝန်းလေးလဲသက်ပြင်း
တွေပဲလိမ့်ချနေမိတယ်။
နန်းစာသင်နေတော့လဝန်းလေးကိုသတိထား
မိသွားတယ်။
"နောက်ဆုံးတန်းကကလေးမလေးကဘာလို့
စာသင်တာလိုက်မကြည့်ပဲငါ့ကိုပဲကြည့်နေရ
တာလဲ။ငါ့မျက်နှာမှာတစ်ခုခုများပေနေတာ
လားမသိဘူး"
နန်းလည်းစိတ်ထဲကနေတီးတိုးပြောနေလိုက်
တယ်။
"ကဲ..သားတို့သမီးတို့ဆရာမအပြင်ခဏထွက်
လိုက်အုံးမယ်ဆရာမရှင်းပြထားတဲ့အပုဒ်တွေ
ကိုပြန်ကြည့်ထားကြနော်"ဆိုပြီးနန်းလည်း
သန့်စင်ခန်းဘက်ကိုထွက်လာလိုက်တယ်။
သန့်စင်ခန်းရောက်တော့နန်းတစ်ယောက်မှန်
ကြည့်ပြီး..
"ဟင်...ငါ့မျက်နှာမှာလည်းဘာမှမရှိပါဘူး
အဲ့တာဟိုကောင်မလေးကဘာလို့ငါ့ကိုစိုက်
ကြည့်နေရတာလဲ"
နန်းလည်းတစ်ယောက်ထဲတွေးပြီးနားမလည်
ဖြစ်နေခဲ့တယ်။
နန်းတစ်ယောက်စာသင်ခန်းထဲပြန်ရောက်
တော့ချက်ချင်းဆိုသလိုနန်းရဲ့မျက်လုံးလေး
တွေကလဝန်းလေးကိုလိုက်ကြည့်လိုက်တယ်
"အဲ့ကလေးမလေးကချစ်စရာလေးပါပဲရယ်
နေတာလေးကိုကအသဲယားစရာလေးပါးချိုင့်
လေးကလဲရယ်နေရင်ခွက်သွားတာပဲ"
"ဟူး...ငါဘာဖြစ်လို့သူ့အကြောင်းတွေးနေရ
တာလဲ"ဆိုပြီးနန်းတစ်ယောက်မျက်နှာလေး
တွေနီလာပါလေရော
တိုက်တိုက်ဆိုင်ဆိုင်အဲ့ချိန်မှာပဲကျောင်း
ခေါင်းလောင်းလေးထိုးလာပါလေရော
"ကလောင်...ကလောင်...ကလောင်"
"ဟော..ကျောင်းဆင်းပြီသားတို့သမီးတို့ရေ"
"မဂ်လာပါဆရာမ"
"မဂ်လာပါသားတို့သမီးတို့။အိမ်ပြန်တာဂရု
စိုက်ပြီးပြန်ကြနော်"
"ဟုတ်ကဲ့"ဆိုပြီးတစ်တန်းလုံးပြိုင်တူအော်
လာကြတယ်။
လဝန်းတို့သူငယ်ချင်းလဲပြန်ရန်ပစ္စည်းတွေ
သိမ်းနေကြစဉ်..အရှေ့ခုံကကောင်မလေးနှစ်
ယောက်ကနန်းအကြောင်းကိုပြောနေတာလ
ဝန်းလေးကနားထောင်နေခဲ့တယ်။
"ဟဲ့..ချိုသဲ"
"အေး..ဘာလဲ"
"စောနကဆရာမနန်းကဂရုစိုက်ပြီးပြန်တဲ့..ဟီး.."
"အေးလေ..အဲ့တာဘာဖြစ်လဲ"
"အော်..ဆရာမနန်းကခုလိုပြောတော့ငါရင်တွေခုန်လာလို့ပါ"
"ဟဲ့..အိတုန်မဆရာမကနင့်တစ်ယောက်ထဲကို
ပြောတာမဟုတ်ဘူးငါတို့အကုန်လုံးကိုပြော
တာပါနော်..ရှင်ကလဲ.."
"ဘာပဲဖြစ်ဖြစ်ပေါ့ဟာငါကဆရာမကိုမြင်မြင်
ချင်ချစ်မိသွားတာဆိုတော့..ဟီး.."
"အေးပါနင်ခုပြောတာရပ်ထအိမ်ပြန်ကြမယ်"
သူတို့နှစ်ယောက်လည်းထွက်သွားကြတော့
လဝန်းလေးတစ်ယောက်ရင်ထဲတစ်ခုခုအလို
မကျဖြစ်သွားတယ်။နန်းကိုသဝန်တိုသလိုလို
ပြီးတော့လဝန်းရင်ထဲမှာတစ်ခုခုဆုံးရူံးရသ
လိုမျိုးဖြစ်လာခဲ့တယ်။လဝန်းလေးလဲတွေး
ပြီးဘော်ဒါကိုပြန်လာခဲ့တယ်။ဖြူစင်ကတော့
ဘေးနားသူ့သူငယ်ချင်းလဝန်းလေးမျက်နှာမ
ကောင်းတော့...
"ဟဲ့..လဝန်းမနင်ဘာဖြစ်နေတာလဲ။နင့်ကို
ကြည့်ရတာညနေကျောင်းဆင်းကထဲကမျက်
နှာကမှိုင်နေတာဘာဖြစ်တာလဲငါ့ကိုပြောပြ"
"ဘာမှမဖြစ်ပါဘူးဖြူစင်ရယ်"
"သေချာလား"
"အင်း..သေချာတယ်"
"အင်းလေ..ပြီးရောအဲ့တာဆိုငါရေချိုးလိုက်
အုံးမယ်။ပြီးရင်နင်ချိုး။ညကျရင်စာကျက်
ဝိုင်းမှာစာကျက်ရမာဆိုတော့...နင်နားရင်နား
လိုက်အုံး"
"အေးပါဖြူစင်ရယ်နင်ရေသာသွားချိုးပါ"
လဝန်းတစ်ယောက်ဖြူစင်ကိုရေသွားချိုးခိုင်း
ပြီးလဝန်းလေးလဲစောင့်နေရင်းအိပ်ပျော်သွား
ခဲ့တယ်။
"ဟဲ့..လဝန်းမ...ထ..ထ.."
"ဟမ်..ဘာလို့လဲ"
"ဘာလို့လဲလုပ်မနေနဲ့နာရီကိုကြည့်၆နာရီထိုး
တော့မယ်ပြီးရင်ငါတို့စာကျက်ဝိုင်းသွားရအုံး
မှာနော်နင်ရေသွားချိုးချည်တော်ကြာနောက်
ကျမှနှစ်ယောက်သားပြောခံနေရမယ်"
"အေးပါဟ..သွားပါပြီအတင်းတွေကိုပဲရှင်ဆို
သည်မှာလဲ.."
လဝန်းလေးလဲရေချိုးပြီးတော့Lotionလေးလိမ်းအိကျီလေးကိုလည်းလှယ်ပြီးဖြူစင်နဲ့
အတူစာကျက်ဝိုင်းဆီကိုထွက်လာခဲ့တယ်။
စာကျက်ဝိုင်းရောက်တော့ဆရာကြီးကအဖွဲ့
တွေရောဆရာမတွေပါခွဲပေးထားတယ်။
ဆရာကြီးလဲအဖွဲ့တွေခွဲထားတာကိုနာမည်
တွေရွတ်ပြလိုက်တယ်။နာမည်ရွတ်ပြလိုက်
ပြီးအချိန်မှာပဲ..
"အာ..သေပါပြီငါတော့ဆရာမနန်းနဲ့တစ်ဖွဲ့
ထဲကျပြန်ပြီ"
ဖြူစင်ကဘေးနားကနေ..
"ဟဲ့..လဝန်းမ။နင်တော့ပွပြီပဲ"
"ဟမ်..ဘာပွတာလဲဖြူစင်မ"
"ရှင်လဲတုံးဝေးတာပဲ။ငါပြောတာကနင်နင့်ဆရာမလေးနဲ့တစ်ဖွဲ့ထဲကျတယ်ပြောတာ"
"အော်..အင်းပါ"
"ဘာအော်လဲနင်မပျော်ဘူးလား။သူများတွေ
ကိုကြည့်စမ်းဆရာမနန်းနဲ့ကျချင်လွန်းလို့ဖြစ်
နေကြတာရှင့်မှာတော့ဆရာမနဲ့တစ်ဖွဲ့ထဲကျ
တာကိုမပျော်တာရှင်တစ်ယောက်ပဲရှိတယ်"
"နင်မသိဘူးနော်ဖြူစင်မ..ဆရာမနန်းက
သချာ်လေးဟာ"
"အော်..နင်ပြောမှလားငါလဲသိတယ်"
"ဟာ..ဆရာမကသချာ်ဆိုတော့ငါတို့ကိုလဲ
သချာ်တွေပဲသင်ပြီးစာမေးရင်ဘယ်လိုလုပ်
မှာလဲဟငါမှသချာ်မတော်တာကို"
လဝန်းတို့နှစ်ယောက်တီးတိုးပြီးစကားပြော
နေကြတော့..
"ဟိုသမီးနှစ်ယောက်ကလာထိုင်လေဘာလုပ်
နေကြတာလဲ"
"ဟို..ဟုတ်ကဲ့လာပြီဆရာမ"ဆိုပြီးဖြူစင်ကပဲ
ဦးဆောင်ပြီးပြောလိုက်တယ်။
ထိုင်တော့လည်းဖြူစင်နဲ့လဝန်းကတူတူထိုင်
ကြတယ်။လဝန်းတို့အဖွဲ့ထဲမှာယောကျာ်းလေးနှစ်ယောက်မိန်းကလေးနှစ်ယောက်။
မိန်းကလေးနှစ်ယောက်ကလဝန်းနဲ့ဖြူစင်
ယောက်ကျာ်းလေးနှစ်ယောက်ကတစ်ယောက်ကကောင်းကောင်းနောက်တစ်ယောက်ကရဲရင့်။
"ကဲ..ဒီနေ့အတန်းထဲမှာဆရာမသင်ခဲ့တဲ့သချာ်အခန်း၅ကိုတစ်ချက်ပြန်ကြည့်ထားနော်
ပြီးရင်ပြန်တွက်ပေးရမယ်အဲ့တာကိုဟုတ်ပြီ
လား"
"ဟုတ်ကဲ့"ဆိုပြီးကောင်းကောင်းကပြောလိုက်
တယ်။
လဝန်းလေးတစ်ယောက်အဲ့မှာဒုက္ခရောက်
တာပဲ
အတန်းထဲမှာလဲဒီနေ့နန်းစာသင်တာကိုမကြည့်ပဲနန်းကိုပဲကြည့်ခဲ့တော့ခုပြန်တွက်ရ
မယ်လဲဆိုရောဒုက္ခရောက်ပါလေရာ
"ဟာ..တောက်"ဆိုပြီးလဝန်းလေးတစ်ယောက်တိုးတိုးလေးတောက်ခေါက်ခဲ့တယ်။
ဖြူစင်ကဘေးကထိုင်တော့ကြားသွားတော့
"ဟဲ့..လဝန်းမနင်ဘာဖြစ်နေတာလဲ"
"ငါ..ဟိုဟာ..ဟိုဟာ.."
"ဟမ်..နင်လာနေတာလား"
"ဟာမဟုတ်ပါဘူးနင်ကလဲငါပြောတာကဆ
ရာမနန်းကအခန်း၅ပြန်ကြည့်ထားပြီးရင်ပြန်
တွက်ရမယ်ဆိုလို့ပါ"
"အော်..ဘာများလဲလို့နင်ကလဲ။နင်နေ့ခင်းက
ဆရာမသင်တာနင်နားလည်တယ်မဟုတ်ဘူး
လား"
"ဟာ..ငါလိုက်မကြည့်လိုက်ဘူး"
"ဘယ်လို..နင်ကလိုက်မကြည့်ဘူးဆိုတော့
နင်ကဘယ်ကိုသွားကြည့်နေလို့လဲ"
"ငါ ဟိုဟာ..ငါဆရာမနန်းကိုကြည့်နေရလို့ပါ"
"အော်..ဖြစ်ရမယ်လဝန်းမရယ်ရှင်ကပြောတော့..မသေချာဘူးဆိုကိုယ့်ကိုယ်ကိုခုတော့
ရှင်ကဆရာမကိုသေချာစိုက်ကြည့်နေတယ်
ဆိုတော့...ရှင်မရိုးသားဘူးနော်လဝန်းမ"
"ဟာ..နင်ကလဲနောက်မှအဲ့တာပြောခုငါဘာ
လုပ်ရမလဲ"
"ငါသိပြီ..ခုကနင်နဲ့ဆရာမနဲ့တွေ့ဖို့အခွင့်ကောင်းပဲ"
"ဟမ်..ဘာကြီး"
"ဟာ..လဝန်းမရယ်နင်မတုံးစမ်းနဲ့"
"ငါပြောတာကနင်ဆရာမနဲ့နီးစပ်ဖို့အခွင့်
ကောင်းလို့ပြောတာ"
"ဟုတ်လား..အဲ့တာဆိုငါဘာလုပ်ရမလဲ"
"ဒီဟာမနဲ့တော့ခက်ပြီ။နင်မရဘူးဆိုတာကို
ဆရာမကိုပြောလိုက်။အဲ့ကျရင်ဆရာမနင့်ကို
လာရှင်းပြမာပဲအဲ့မှာစပြီလေဟာ"
"ဟီး..ကျေးဇူး"
"ဟိုမှာဆရာမလာပြီခေါ်လိုက်ဆရာမကို"
"အေးပါဟ"
"ဟို..ဆရာမ"
"ပြောလေသမီးဘာဖြစ်လို့လဲ"
"သမီးနေ့ခင်းကဆရာမသင်ပေးလိုက်တဲ့အ
ပိုင်းနားမလည်လို့အဲ့တာရှင်းပြပေးပါလား"
"အော်..ဘာများလဲလို့ရပါတယ်ရှင်းပြပေး
မယ်နော်"
"ကဲ..ဘယ်အပိုင်းလဲAPလားGPအပိုင်းလား"
လဝန်းလေးတွေဝေသွားတယ်ဆရာမကမေး
တော့။အမှန်တော့လဝန်းလဲအကုန်နားမလည်
လိုက်တာတော့အမှန်ပဲဒါပေမယ့်အများရှေ့
မှာဆိုတော့လဝန်းလဲတစ်ပိုင်းပဲပြောလိုက်
တယ်။
"ဟို..GPအပိုင်းပါဆရာမ"
"အိုခေ..သမီးလေးလာရှင်းပြမယ်နော်..
Gpအပိုင်းက..*******"
"ကဲနားလည်ပြီလား"ဆိုပြီးနန်းလဲဘေးနားက
လဝန်းလေးကိုကြည့်လိုက်တော့လဝန်းလေး
ကအိပ်ငိုက်နေပါရော။
"ဟော်တော်..ဒီကလေးမကအိပ်ငိုက်နေတာ
လား"
"ဟွန့်..တွေ့မယ်အိပ်ငိုက်ချင်အုံး"
(ဗုန်း) နန်းလဲစားပွဲခုံပေါ်ကိုတုတ်နဲ့ရိုက်ချ
လိုက်တော့...
"အမယ်လေ...မေမေရေကယ်ပါအုံး"
လဝန်းလေးလဲယောင်ပြီးပါးစပ်ကအော်
ပြောလိုက်မိတယ်။(ယောင်တာလေးကလဲနော်)
လဝန်းလဲပါးစပ်ကပြောမိလိုက်တော့စာကျက်နေတဲ့သူတွေအကုန်လဝန်းလေးကို
ငေးကြည့်နေကြတယ်။လဝန်းလဲရှက်သွား
ကာမျက်နှာလေးကိုငုပ်ပါးနှစ်ဖက်ကလဲနီရဲ
သွားပါလေရော။လဝန်းလဲရှက်ရှက်နဲ့နန်း
ကိုခွင့်တောင်းပြီးသန့်စင်ခန်းဘက်ထွက်လာ
ခဲ့တယ်။
နန်းတစ်ယောက်လဝန်းလေးရှက်သွားပြီး
သန့်စင်ခန်းဘက်ပြေးသွားတာကိုကြည့်ပြီး..
"ငါလုပ်လိုက်လို့ကလေးမလေးရှက်သွားပြီး
ထွက်သွားတယ်။ငါ့ကိုများစိတ်ဆိုးသွားတာ
လားမသိဘူး။မဖြစ်ဘူးငါလိုက်သွားအုံးမှ"
"သမီးတို့ခဏလေးနော်ဆရာမခဏသွား
လိုက်အုံးမယ်"
"ဟုတ်ကဲ့"ဆိုပြီးဖြူစင်လေးကဦးဆောင်ပြီး
ပြောလိုက်တယ်။သန့်စင်ခန်းရောက်တော့..
"အာ..သေပါပြီငါဘာတွေထပြောလိုက်တာ
ပါလဲဆရာမရှေ့မှာရှက်စရာကြီးသွားပါပြီ"
"ကလေးရေ..ကလေး..မမပါ..ကလေးရဲ့တစ်ချက်လောက်ထွက်ခဲ့ပါအုံး"(အမယ်လေဖြစ်
သည်းနေလိုက်တာမမနန်းတစ်ယောက်သူ့က
လေးကို)
"အယ်...ဆရာမ"
"ကလေးဘာဖြစ်သွားတာလဲမမလုပ်လိုက်
လို့ကလေးကိုအရှက်ခွဲသလိုဖြစ်သွားတယ်
မမတောင်းပန်ပါတယ်နော်"
လဝန်းလဲနားမလည်စွာဖြင့်မျက်လုံးလေးပေ
ကလပ်ပေကလပ်ဖြင့်ကြည့်နေခဲ့တယ်။
"ဟိတ်..ကလေးဘာဖြစ်သွားတာလဲ"
နန်းတစ်ယောက်လဝန်းလေးကိုလှုပ်ရမ်းလိုက်တော့မှလဝန်းလဲအသိပြန်ရလာတော့
တယ်။
"ဟို..ဘာမှမဖြစ်ပါဘူးဆရာမရဲ့"
"သေချာလား"
"ဟုတ်သေချာပါတယ်"
"အဲ့တာဆိုဘာလို့ထွက်လာခဲ့တာလဲ"
လဝန်းတစ်ယောက်ဖြေဖို့တိုင်ပတ်နေခဲ့တယ်။
တဂယ်တော့လဝန်းကနန်းရှေ့မှာအိပ်ငိုက်နေ
တာကြောင့်လန့်နိုးပြီးရုတ်တရက်ထပြောလိုက်ကာနန်းကိုရှက်ပြီးထွက်လာလိုက်တယ်
"ဟိတ်..ကလေးမမမေးနေတယ်လေ"
"အော်..ဟိုဟာ..လဝန်းလက်လာဆေးတာပါ"
"ဟုတ်လို့လား"
"ဟုတ်ပါတယ်ဆရာမရဲ့"
"ဟုတ်ပါပြီအဲ့တာဆိုလည်းပြီးရော"
နန်းတစ်ယောက်လဝန်းပုခုံးလေးကိုသူ့လက်
လေးနဲ့ကိုင်ထားရာမှပြန်လွတ်ပေးလိုက်တယ်
ရုတ်တရက်လိုပဲသူတို့နှစ်ယောက်ကြားမှာ
တိတ်ဆိတ်သွားခဲ့တယ်။
အဲ့တာလဝန်းကပဲအရင်စခေါ်ခဲ့တယ်။
"ဟိုလေ..လဝန်းတစ်ခုလောက်မေးလို့ရမလား"
"မေးလေးကလေးရဲ့"
"ဆရာမကိုလဝန်းမမလို့ခေါ်လို့ရလား"(လဝန်းတို့ကစပြီဇာတ်လမ်းက)
"အော်..ဘာများလဲလို့ရပါတယ်ကလေးရဲ့။
ဒါပေမယ့်အများရှေ့မှာအဲ့လိုမခေါ်နဲ့နော်
တော်ကြာကလေးကအ့လိုခေါ်တော့မမကိုမ
လေးစားပဲနေမှာဆိုးလို့။ဒီလိုနှစ်ယောက်ထဲ
ရှိတဲ့ချိန်ခေါ်ပေါ့.ဟုတ်ပြီလား"
"ဟုတ်ကဲ့မမ"
"ကဲ..လာသွားမယ်တော်ကြာ ကြာနေလို့ပြော
နေကြအုံးမယ်"
"ဟုတ်ကဲ့မမ"
လဝန်းလဲစာကျက်ဝိုင်းကနေပြန်ရောက်အ
ခန်းထဲရောက်တော့ဖြူစင်လဲလဝန်းကို...
"ဟဲ့..လဝန်းမနင်ဘာဖြစ်နေတာလဲတစ်လမ်း
လုံးလည်းပြုံးစိစိနဲ့"
"ဟာ..ဘာမှမဖြစ်ပါဘူး"
"နင် ထီပေါက်တာလား"
"အမယ်လေထီပေါက်တာထက်ပိုဆိုးတယ်"
"ဟယ်..တဂယ်ကြီးလား"
"အေး..ဟုတ်တယ်"
"ပြောပြစမ်းပါငါ့ကို"
"ဒီလိုဟေ့..***********"
"အမယ်လေနင်တော့အ့တာကြောင့်ပျော်နေ
တာကို"
"အေးဟုတ်တယ်"
"ဟဲ့မေးပါအုံးမယ်ငါလဲနင့်ကို"
"မေးလေဖြူစင်ရဲ့"
"နင့်မမကနင့်ကိုဘာလို့ကလေးလို့ခေါ်တာလဲ"
"ငါလဲမသိဘူး။ငါ့ကိုစတွေ့ကထဲကကလေး
လို့ခေါ်တာပြီးတော့သူကလဲသူ့ကိုယ့်သူမမလို့
ပြောတာ"
"အဲ့တာဆိုသေချာပြီလဝန်းမ"
"ဟဲ့...ဘာကိုလဲဟ"
"သေတာသေလိုက်ချင်တယ်ဒီမသာမနဲ့တော့"
"နင့်ကိုလဲနင့်မမကကြိုက်နေတယ်ဆိုတာကို
ပြောတာ"
"ဟမ်..နင်ကဘယ်လိုသိတာလဲ"
"လာပြန်ပြီဒီဟာမကတော့နင်မကြားဖူးဘူးလားမြင်မြင်ချင်းချစ်မိသွားတယ်ဆိုတဲ့စကားလေ"
"အော်..ကြားဖူးတယ်"
"အေးလေ..အဲ့တာပေါ့ပြီးတော့နင်ကသာမသိ
တာ။နင့်မမကနင့်ကိုဆိုဆက်ဆံတာကတစ်မျိုးငါတို့တွေကိုတစ်မျိုးမတူဘူး"
"ဘယ်လိုမတူတာလဲ"
"ဟာဒီမသာမကတော့နင်ရည်းစားတစ်ခါမှ
မထားဖူးဘူးလား"
"ဟင့်အင်း"
"အလိုတော်...တဂယ်ကြီးလား"
"အေးဆို"
"အေးအေး..ထားပါငါပြောပြမယ်နင့်ကို။ဆရာမနန်းကနင့်အပေါ်ဆိုနွေးနွေးထွေးထွေး
ကြင်ကြင်နာနာနဲ့တယုတယလေးနဲ့ဟ"
"ဟာ..ဖြူစင်မကလဲမမက..အယ်..ဆရာမနန်းက.."
"အမယ်လေင့ါရှေ့မှာနင်ဆရာမကိုမမလို့
ခေါ်လဲဘာမှမဖြစ်ပါဘူးဟယ်..ပြောစရာရှိ
တာဆက်ပြောအမေမရယ်"
"ဟီး..အေးပါ။ငါပြောမယ်စောနကငါဘယ်
နားရောက်သွားပြီလဲပြောတာ"
"ရှင့်နှယ့်လဲဦးနှောက်ကအရမ်းကောင်းပါပေ
ရဲ့။ဆရာမနန်းကဆိုပြီးအဲ့နားရောက်သွားပြီ"
"အော်..အေးအေး။နင့်အမြင်မှာသာအဲ့လိုတွေးနေတာမမကဆက်ဆံတာချင်းကတူတူပါပဲဟ"
"ဟာ..ဒီဟာမနဲ့တော်ခက်ပါပြီနင်ကနင့်ကိုဆ
ရာမနန်းကအဲ့လိုမျိုးဂရုစိုက်ပေးနေလို့နင့်
ကိုယ်တိုင်ကတော့ဘယ်မြင်ရမလဲဘေးက
ရှိတဲ့လူတွေကတော့ရိပ်မိတာပေါ့ဟ"
"အော်..အဲ့လိုလား..ဟီး..နင်ပြောတာအမှန်ဆို
ငါတော့သေပျော်ပြီ"
"အမယ်လေ..ရှင့်နှယ်လည်းနော်တယ်ခက်ပါ့"နောက်တစ်နေ့မနက်ကျောင်းရောက်တော့လ
ဝန်းတို့သူငယ်ချင်းတစ်စုမုန့်ဈေးတန်းကအ
ပြန်စက်ြ့လမ်းကထိုင်ခုံလေးမှာ..
"ဟမ်..လဝန်းမနင်တဂယ်ကြီးလားနင့်ကိုယ်
နင်သေချာပြီပေ့ါဟုတ်လား"
"ဟာ..ဒီမသာမတွေကလဲဖြေးဖြေးပြောပါ
ဟယ်..ငါလန့်လို့သေတော့မယ်"
"ဟီး..ဆော်တီးသူငယ်ချင်းလေး"
"သေချာသွားပြီးဟငါ့ကိုယ်ငါပြီးတော့ငါဆ
ရာမနန်းကိုချစ်တယ်ဆိုတာကိုပေါ့"
"အေးဟာ..ငါဝမ်းသာတယ်လဝန်းမရယ်အခု
ဆိုငါတို့အဖွဲ့ကအကုန်လုံးကLgbtတွေဆိုတော့"
"ဟဲ့...ယုယငါကယောကျာ်းလေးနော်"
"အမယ်လေးဟယ် ငါမှားပြောမိတာပါကျော်
ဇင်ရဲ့ဝမ်းသာပြီးတော့.."
"အေးပါ"
"အရင်တုန်းကတော့မိလဝန်းမတို့ကလုံးဝအ
ဖြောင့်ပဲဆိုပြီးခုတော့သူကိုယ်တိုင်ကကွေး
သွားပြီးဖြူစင်ရေး"
"ဟုတ်ပါ့ယုယ"
"ဟာ..မသာမတွေနော်လာမစနဲ့"
"အမယ်လေးငါတို့ကဝမ်းသာလို့ပါနင်ခုလို
မျိုးဖြစ်လာတဲ့တွက်"
"အေးဟ..ငါလဲမထင်ထားဘူးlgbtတစ်ယောက်ဖြစ်လာမယ်ဆိုတာကို.."
"ဟဲ့..နေကျအုံးငါတို့အဖွဲ့ထဲမှာတစ်ယောက်
သောသူကမျက်နှာကြီးမှုန်ကုပ်ကုပ်ကြီးဖြစ်
နေပြီဟငါတို့လဲသူ့ကိုပုံစံပြောင်းပေးလိုက်ရ
မလား"
အမှန်တော့ယုယကကျော်ဇင်ကိုပြောသည်။
"ဟာ..နင့်ဘာသာနင်အသာနေစမ်းပါယုယ
ရယ်ငါတော့မနေဘူးအဲ့လိုမျိုးကြီးကို"
"အေးပါ..အေးပါ..ပြောထားအုံးကျော်ဇင်နင်
လဲလဝန်းမလိုဘယ်ချိန်ကွေးသွားမလဲဆို
တာကို"
"အေးနင်သာစောင့်ကြည့်နေ"
"ဟဲ့..ယုယမအလကားနေရင်းငါ့နာမည်ကပါ
လာပြန်ပြီနော်..ဟွန့်"
"ဟီး...ချစ်လို့ပါချင်းဂုလေးကလဲ"
YOU ARE READING
ငယ်သာမမရဲ့အချစ်ဆုံး
Romanceကိုယ့်ကိုအခန်းလိုက်ပြပေးတဲ့ဆရာမလေးကလဲကိုယ့်ကောင်မလေးဖြစ်လာနိုင်ပါတယ်နော်😛