Part - 28

1.5K 128 5
                                    

သဲငယ်ထွက်‌သွားပြီးနောက်နန်းမြတ်နိုးဘက်
သို့လှည့်ကာ....

"နင်ငါ့ကိုဘာပြောစရာရှိလို့လဲ"

နန်းလေသံခပ်အေးအေးလေးဖြင့်ဆိုလိုက်
သည်။

"ငါ...ငါလေ...ဟို..."

"ငါ့အချိန်ပုပ်တယ် နင်ပြောစရာမရှိရင်လဲ
ခွင့်ပြုအုံး"

မြတ်နိုးလှည့်ထွက်တော့မည်လုပ်သောနန်း
ရဲ့လက်ကိုဆွဲပြီး...

"နန်းငါနင့်ကိုချစ်တယ် ပြီးတော့မေ့လို့လဲမရ
ခဲ့ဘူး"

နန်းသိတာပေါ့။မြတ်နိုးနန်းကိုဘာပြောချင်
နေလဲဆိုတာ။နန်းမကြားချင်တဲ့စကားကိုနန်း
ကြားခဲ့ရလေပြီလေ။နန်းမြတ်နိုးဘက်သို့ပြန်
လှည့်ကာ....

"အဟက်....နင့်ပါးစပ်ကငါ့ကိုချစ်တယ်လို့
ပြောရဲသေးတယ်နော်"

"ငါတောင်းပန်ပါတယ်နန်းရယ် ဖြစ်ခဲ့သမျှ
အရာတွေအားလုံးကို ငါ...ငါ..လေအခုနောင်
တရနေပါပြီ...ငါ့ကိုပြန်လက်ခံပေးပါနော်နန်း"

"နင်ငါ့ကိုဘာထင်နေတာလဲ ဘာလဲအရင်တုန်းကလိုနင်ပြောသမျှယုံပေးနေတဲ့မိန်းမ
လို့ထင်နေတုန်းလား..နင်စိတ်ကြိုက်လူတကာ
နဲ့ပလူးပြီးမှငါ့ဆီပြန်လာတယ် ငါကအဲ့တာ
ကိုပြန်လက်ခံရအောင်ငါအရူးမဟုတ်ဘူး"

"နန်းရယ် ငါတောင်းပန်ပါတယ်နော်...ဖြစ်ခဲ့
သမျှအရာတွေအားလုံးကို...တဂယ်ပြောတာ
ပါ‌ငါနောင်တလဲရနေပါပြီဟာ"

သက်ထားမမအတွက်အအေးယူပြီးပြန်လာ
တော့မမလက်ကိုမမမြတ်နိုးကဆွဲပြီးငိုယိုနေ
တာကိုတွေ့ခဲ့ရသည်။ထို့နောက်မမမြတ်နိုး
ပြောလိုက်တဲ့စကားကြောင့်သက်ထားရုတ်
တရက်ခြေလှမ်းများရပ်တန့်သွားခဲ့ရသည်။

"နန်း ငါနင့်ကိုအရမ်းချစ်တယ် အရင်ကလဲချစ်ခဲ့သလိုအခုထိလဲငါနင့်ကိုချစ်နေသေးတယ်ပြီးတော့ငါနင့်ကိုတစ်ရက်မှမေ့လို့်မရ
ခဲ့ဘူး။နင်သိလားငါဒီကိုအလုပ်ကိစ္စနဲ့လာရ
မယ်ဆိုတော့ငါအရမ်းပျော်သွားခဲ့တာ။ငါအ
ရမ်းချစ်တဲ့နင်နဲ့ပြန်တွေ့ရတော့မှာမို့လို့လေ"

"နင်အရှက်မရှ်ိငါ့ကိုချစ်တယ်လို့ပြောရဲသေး
တယ်နော်..."

ငယ်သာမမရဲ့အချစ်ဆုံးWhere stories live. Discover now