Part - 33

2.2K 63 7
                                    

ဦးဝဏ္ဏထွန်းတို့လဲညစာစားပြီးနောက်သမီးဖြစ်သူကိုအခန်းထဲ၌ လာရန်ခေါ်လိုက်သည်

"ဖေဖေ သမီးကိုခေါ်တယ်ဆိုလို့"

"ဟုတ်တယ် ခနလာပါအုံး ဖေဖေပြောစရာရှိလို့"

"ဟုတ်ကဲ့ဖေဖေ"

"မနက်ဖြန်ကျ သမီးငယ်အကိုပြန်လာလိမ့်မယ် နောက်ပြီးသူ့ကောင်မလေးပါခေါ်လာမယ်လို့တော့ပြောတယ်"

"ဘယ်လို ကိုရဲက ကောင်မလေးပါရနေပြီပေါ့"

" ဟုတ်ပါ့သမီးရေ"

"အလုပ်ဂျပိုးလေးက ခုတော့ကောင်မလေးရသွားပြီးပေါ့ သမီးက ကိုရဲကို တစ်သက်လုံး လူပျိုကြီးဘဝနဲ့နေတော့မယ်ထင်နေတာ"

"ဖေဖေလဲအဲ့လိုတွေးထားတာအစက ကဲကဲ သမီးလဲအိပ်တော့ပေါ့ သမီးသက်ထားတစ်ယောက်ထဲဖြစ်နေမယ်သွားသွား"

"ဖေဖေတို့ကတော့ အခုတော့သမီးအရင်းကိုမချစ်တော့ဘူးပေါ့ သူ့ချွေးမလေးလဲရရော"

"မဟုတ်ရပါဘူးသမီးရယ်"

"ဟွန့် သိပါတယ် သွားတော့မယ် good night ပါဖေဖေ"

"Goodnightပါသမီးငယ်"

ကျွန်တော်ဒီနေ့ အိမ်ကိုပြန်ရမည့်နေ့ပင် အိမ်မပြန်တာလဲ
ကြာပြီဖြစ်သောကြောင့် အိမ်ကိုပြန်ဖို့ပြင်ဆင်လိုက်သည်
အလုပ်ကိစ္စနဲ့ရှမ်းပြည်ဘက်ကိုခရီးသွားရသည် မထင်
မှတ်ဘဲ ရှမ်းပြည်ကကောင်မလေးတစ်ယောက်နဲ့တွေ့ရခဲ့
တယ် သူကကျွန်တော့်ထက်နှစ်နှစ်ကြီးတယ် အခုကျွန်
တော်ရန်ကုန်ပြန်မယ်ဆိုတော့ သူကပါလိုက်မယ်ဆိုတာ
ကြောင့် အိမ်ကိုကြိုပြီးအကြောင်းကြားထားလိုက်ရသည်

အထုတ်အပိုးတွေအားလုံးပြင်ဆင်ပြီးနောက်လေယာဉ်
ကွင်းသို့သွားရန်ထွက်လာခဲ့လိုက်သည် အချိန်နည်းငယ်ကြာစီးပြီးနောက်ရန်ကုန်သို့ရောက်ခဲ့ရသည် ပြီးနောက်ကားငှါးပြီး အိမ်သို့တန်းလာခဲ့သည်

နန်းရဲ့အကိုရဲသွေးပြန်လာမည်ဆိုသောကြောင့် မနက်ထဲကစောစောထကာကြိုဖို့အတွက်ပြင်ဆင်ထားလိုက်ပြီးနောက် အိမ်ရှေ့တံခါးမကြီးရှေ့၌ စောင့်နေလိုက်သည်။ နာရီဝက်လောက်ကြာတော့ ခြံရှေ့၌ကားဟွန်းတီးသံကြားသောကြောင့်ထွက်ကြည့်တော့ကိုရဲဖြစ်နေသည်။ နန်းလဲအလျင်အမြန် ခြံတံခါးသွားဖွင့်ကာ ကြိုလိုက်သည်။

You've reached the end of published parts.

⏰ Last updated: May 02, 2023 ⏰

Add this story to your Library to get notified about new parts!

ငယ်သာမမရဲ့အချစ်ဆုံးWhere stories live. Discover now