ယုယလဲအန်တီပြောလိုက်သည့်စကားကိုနား
မလည်၊ဒါကြောင့်လဲယုယလဝန်းဆီကိုဖုန်း
ဆက်ဖို့ကြံလိုက်သည်။လဝန်းတို့ကမ်းခြေကနေအပြန်အခန်းထဲတွင်
ခြေလက်သန့်စင်ပြီးအိပ်ယာပေါ်တက်ကာ
အိပ်ဖို့ပြင်လေသည်။ထိုအချိန်တွင်ယုယဆီ
ကဖုန်းကဝင်လာခဲ့သည်။"တီ...တီ...တီ"
"ဟဲလို...ယုယမနင်လူအိပ်ချိန်ရောက်နေပြီ
ကိုဘာပြောမို့လဲ"
"ဟင့်...လဝန်း...ငါ့ဆီခဏလာခဲ့ပါလား..ဟင့်"
"ဟမ်...ယုယနင်ငိုနေတာလား...ငါလာခဲ့မယ်
ခုချက်ချင်း"
"အေးအေး"လဝန်းယုယနဲ့ပြောပြီးမမကိုကြည့်လိုက်တော့
မမမျက်နှာလေးဟာဆူပုတ်နေလို့သည်။"မမ"
"ပြော...ဘာလဲ"
"အာ....ဟိုလေ...ယုယလှမ်းခေါ်နေလို့ဘာဖြစ်
တာလဲမသိဘူး...ငိုသံကြီးနဲ့"
"ဖြူစင်ရှိတာပဲကိုသဲငယ်လေးရယ်...မမကို
တစ်ယောက်ထဲထားခဲ့မို့လား"
"အာ...မဟုတ်ပါဘူးမမရယ်...တစ်ဖက်မှာ
ယုယကလဲငိုသံကြီးနဲ့ဘာဖြစ်မှန်းမသိလို့
သဲငယ်သွားမှရမယ်မမရဲ့...မမအရင်အိပ်နှင့်
လေ...ပြီးတာနဲ့သဲငယ်ချက်ချင်းပြန်လာခဲ့
မယ်"
"အင်းပါ...မမကစတာပါ...သွားလိုက်ယုယဆီ
ကို...ပြီးတာနဲ့ပြန်လာခဲ့နော်"
"အင်းပါ..မမရဲ့"လဝန်းမမနဖူးလေးကိုနမ်းလိုက်ပြီးယုယဆီ
တို့ထွက်လာခဲ့လိုက်သည်။
ကမ်းခြေရောက်တော့ယုယသည်ဖြူစင့်
ပုခုံးကိုမှီပြီးကလေးတစ်ယောက်လိုငိုကြွေး
လိုနေသည်။လဝန်းလဲယုယတို့အနားကိုရောက်လာပြီး..."ဟဲ့...ယုယဘာဖြစ်လို့လဲပြောပါအုံးငါ့ကို.."
"လဝန်း....လဝန်း...ငါလေ..ငါအန်...အန်တီ့
ကိုဖွင့်ပြောလိုက်တယ်သိလား..."
"ဟယ်....တဂယ်ကြီးလား...ဘာပြန်ပြောလဲ
အန်တီလေးက"
"ဟင့်...အဟင့်....အန်...အန်...အန်တီကငါ့ကို
သူ့ကြောင့်နဲ့အထိခိုက်မခံနိုင်ဘူးတဲ့....ပြော
ပြီးလှည့်ထွက်သွားတယ်ဟာ...ငါနားမလည်
ဘူးအန်တီလေးပြောတဲ့စကားကို"
"နားမလည်ရင်နင်လိုက်သွားမေးပေါ့အန်တီ
လေးကို...မလိုက်ပဲငါတို့ကိုဘာလို့ခေါ်တာလဲ"
"ဟာ...အန်တီ့ကိုငါ့ကြောင့်အနှောင့်ယှက်ဖြစ်
မှာဆိုးလို့...ပြီးတော့လဝန်းမ...နင်သိတယ်မ
လားအန်တီလေးဘာကိုဆိုလိုလဲဆိုတာကို
ပေါ့....အန်တီလေးအရင်ကဘာတွေဖြစ်ခဲ့လဲ
ဆိုတာကိုရောလေ"
"ဟူး...."လဝန်းသက်ပြင်းလေးတစ်ချက်ချ
လိုက်ပြီး...
"အင်း...သိတယ်...ငါလဲအကုန်တော့မသိဘူး
အန်တီလေးပြောပြတာတော့မဟုတ်ဘူးမေမေပြောပြလို့ငါလဲသိတာ"
"ဟုတ်လား...ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို
ရောပြောပြပါလား"
"အေးပါ....လွန်ခဲ့တဲ့၈နှစ်တုန်းကအန်တီလေး
အရမ်းချစ်ရတဲ့ကောင်မလေးရှိခဲ့တယ်။တစ်
နေ့သူတို့နှစ်ယောက်အပြင်သွားကြတာ။လမ်း
မှာအန်တီလေးကမုန့်စားချင်တယ်ဆိုလို့အ့မ
မကသွားဝယ်ပေးတာမုန့်ဝယ်ပြီးအပြန်အန်
တီလေးကိုကားတစ်စီးကအရှိန်နဲ့လာနေတာ
အ့မမကမြင်သွားတယ်လေဒါကိုအန်တီလေး
ကမမြင်ဘူးအန်တီလေးကကျောပေးပြီးရပ်
နေတာဘေးကကလေးမလေးတစ်ယောက်
နဲ့စကားပြောနေတာကားလာတာကိုမသိဘူး
အဲ့ကားကလဲအန်တီလေးကိုတမင်သက်သက်
တိုက်ချင်နေတဲ့ပုံပဲဟအဲ့တာနဲ့အ့မမကအန်
တီလေးကိုတွန်းလိုက်ပြီးအန်တီလေးအစား
သူကဝင်ခံလိုက်တာကားတိုက်တဲ့နေရာမှာ
တင်အ့မမကချက်ချင်းဆုံးသွားခဲ့တာအန်တီ
လေးလက်ပေါ်မှာပေါ့ဟာ....ပြီးတော့ငါ့ဘိုး
ဘိုးနဲ့ဘွားဘွားတို့ကလဲအန်တီလေးကိုကယ်
ရင်ကနေကားအက်ဆီးဒင့်နဲ့ဆုံးပါးသွားခဲ့ေသးတာအဲ့ကနေစပြီးအန်တီလေးကဘယ်သူ့ကိုမှမချစ်တော့တာ...သူ့ဘဝထဲမှာသူ့အချစ်ဆုံးလူတွေကသူ့ကြောင့်သေရတယ်ဆိုပြီးတွေးနေလေတယ်လေအန်တီလေးက...အဲ့တာကြောင့်လဲနင့်ကိုသူတို့လိုမဖြစ်စေချင်လို့ပြောတာနေမှာ"
"ဟာ...အန်တီတော်တော်ခံစားနေရခဲ့မှာပဲ..
ငါအန်တီခံစားနေရတာတွေကိုကုစားပေး
ချင်တယ်လဝန်းရယ်...အန်တီ့အတွက်နဲ့ငါ့
အသက်ကိုပေးရမယ်ဆိုရင်တောင်ငါပျော်
ပျော်ကြီးပေးမှာပါ...ငါအန်တီကိုအဆုံးရူံးမ
ခံနိုင်ဘူး...အန်တီလက်ခံလာတဲ့ထိငါကြိုး
စားမယ်"
"ကောင်းတယ်...ယုယငါတို့လဲကူညီပေးမှာ"
"အင်း"
"သွားအိပ်ရအောင်...နောက်ကျနေပြီမနက်
ကျရင်လဲလျှောက်လည်ရအုံးမှာဆိုတော့"
"အင်းသွားကြမယ်"
YOU ARE READING
ငယ်သာမမရဲ့အချစ်ဆုံး
Romanceကိုယ့်ကိုအခန်းလိုက်ပြပေးတဲ့ဆရာမလေးကလဲကိုယ့်ကောင်မလေးဖြစ်လာနိုင်ပါတယ်နော်😛