နောက်နေ့မနက်လဝန်းလေးသူ့အဒေါ်နဲ့အတူ
ကျောင်းကိုအတူရောက်လာသည်။"မမမြတ်ရောက်လာပြီလား..အော်...လဝန်း
လေးနဲ့အတူလာတာပဲ"
"ဟုတ်တယ်ညီမလေးနန်းရေ..သမီးလေးသွား
တော့နော်အတန်းထဲ"
"ဟုတ်ကဲ့အန်တီလေး..ဆရာမနန်းသမီးကိုခွင့်
ပြုပါအုံးနော်"
"အေးအေးသမီးလေး"
လဝန်းအတန်းထဲရောက်သော်အခါဖြူစင်က
"ဟဲ့...မြန်မြန်လာထိုင်စမ်းပါဟယ်ငါနင့်ကို
ပြောစရာရှိလို့မြန်မြန်လာ"
"အမယ်လေးဟယ်..ရှင်ကလဲလာနေတာပဲကို"
"အံမယ်ငါပြောပြမယ့်ဟာကတစ်ခြားမဟုတ်
ဘူး..နင့်ဆရာမအကြောင်းပြောပြမို့ကို"
"အေးပါ...ခုလည်းငါရောက်လာပြီပဲကိုပြော
တော့"
"ဒီလို...နင်မနေ့ကအိမ်ပြန်သွားတော့ဘော်ဒါ
မှာမရှိဘူးလေနင်က..."
"အေးဟုတ်တယ်လေ...ဘာဖြစ်လို့လဲအဲ့တာ"
"ဟာ...ဒီမသာမကတော့စကားကိုဆုံးအောင်
နားထောင်"
"အော်..အင်းအင်းဆက်ပြော"
"အဲ့တာညကစာကျက်ဝိုင်းမှာနင့်မမကငါ့ကိုမေးတယ်။လဝန်းလေးကိုမတွေ့မိဘူးရောတဲ့
ငါကဟုတ်တယ်ဆရာမသူ့အဒေါ်လေးလာခေါ်သွားတာလို့ပြောလိုက်တယ်"
"အဲ့မှာဘာဖြစ်လဲသိလား"
"မသိဘူးလေ"
"အော်..ဖြူစင်မရယ်ပြောစရာရှိတာအကုန်ပြောလေတန်းလန်းကြီးနဲ့စကားကို"
"အေးပါ..ယုယရဲ့"
"ငါဆက်ပြောမယ်။ငါကအဲ့လိုပြောပြီးဆရာမ
ကိုကြည့်လိုက်တော့ဆရာမအမူယာကဆက်
ပြီးမေးချင်နေတဲ့ပုံပြီးတော့နင့်အဒေါ်လာခေါ်
သွားတယ်ဆိုတော့နင်တစ်ခုခုဖြစ်တာလားဆို
ပြီးစိတ်ပူနေတဲ့အရိပ်ယောင်လေးကိုငါရိပ်မိ
ပါတယ်။ငါကပြောပြလိုက်တယ်။ဆရာမလ
ဝန်းကဘာမှမဖြစ်ပါဘူး။သူ့အမေနေမကောင်းလို့ခဏပြန်သွားတာလို့ပြောလိုက်
တာအဲ့တာဆရာမကသက်ပျင်းလေးရှည်ရှည်
လေးဆွဲပြီးဘာပြောလဲသိလား"
"မသိဘူးလေ"
"အော်...တဲ့ဆရာမက..ဟား..ဟား"
"ဟဲ့..ဖြူစင်အစုတ်ပလုပ်မမရီနဲ့ငါ့မမပြော
လိုက်တဲ့စကားကို..ငါရိုက်လိုက်လို့နင့်ရှိတဲ့
သွား၃၂ချောင်းကျွတ်ထွက်သွားမယ်"
"အမယ်လေးဟယ်..ပြောလဲပြောရသေး..
ရိုက်လဲရိုက်ခံရအုံးမယ်..ငါ့ဘဝကလဲ"
"အေးပါ..ငါတဂယ်မရိုက်ပါဘူးဟ..ဟီး..
ငါမုန့်ဝယ်ကျွေးပ့ါမယ်ဟနင့်ကို"
"ရတယ်မလိုဘူး..မုန့်စားချင်လို့နင့်ကိုပြောပြ
တာမဟုတ်ဘူး"
လဝန်းလဲသူငယ်ချင်းတွေနဲ့စကားပြောပြီး
မြန်မာဆရာမရောက်လာသည်။
YOU ARE READING
ငယ်သာမမရဲ့အချစ်ဆုံး
Romanceကိုယ့်ကိုအခန်းလိုက်ပြပေးတဲ့ဆရာမလေးကလဲကိုယ့်ကောင်မလေးဖြစ်လာနိုင်ပါတယ်နော်😛