မနက်ခင်းနေရောင်ခြည်လေးဟာအခန်းပြ
တင်းပေါက်ဆီကနေဝင်ရောက်ကာနန်းမျက်
နှာလေးပေါ်နေရောင်ခြည်၏အလင်းများကျ
ရောက်လာသောကြောင့်နန်းမျက်လုံးလေး
တွေသည်ပွင့်လာခဲ့သည်။နန်းမျက်လုံးလေး
တွေပွင့်လာသည့်အချိန်ကုတင်ဘေးကစင်လေးပေါ်ကနာရီကိုလှမ်းကြည့်လိုက်သည်။
နာရီကိုကြည့်တော့အချိန်က၆နာရီထိုးနေတော့သည်။နန်းလဲနာရီကြည့်ပြီးတစ်ဖက်ပြန်
လှည့်တော့တစ်ဖက်တွင်နန်းသိပ်ချစ်ရသည့်
ကလေးသည်နန်းကိုကျောပေးကာပုစွန်ထုပ်
လေးတိုင်ကွေးကွေးလေးအိပ်ပျော်နေလေ
သည်။နန်းလဲကလေးအိပ်နေသောပုံစံကိုတစ်
ချက်ကြည့်ပြီးမျက်နှာသစ်ရေချိုးကာအောက်ထပ်သို့ဆင်းလာလိုက်သည်။အောက်
ထပ်ရောက်တော့..."Morning သမီး"
"Morning ဖေဖေ.....ကိုရဲတစ်ယောက်ရော
ဖေဖေ"
"အော်...သမီးအကိုက...အလုပ်ကိစ္စနဲ့ခရီး
သွားတယ်ကွဲ့"
"ဟုတ်ကဲ့...ဖေဖေ"
"ဒါနဲ့....သမီးနဲ့ညကပါလာတဲ့ကလေးမလေး
ရော"
"လဝန်းလေး...အိပ်နေတုန်းဖေဖေရဲ့...စော
လဲစောသေးတော့...သမီးလဲမနိုးလိုက်တာပါ
သူနိုးတာနဲ့မနက်စားစားပြီး...အိမ်ပြန်လိုက်
ပို့ပေးမလို့"
"အင်းအင်း...သမီးလေး"နန်းဖေဖေနဲ့စကားပြောပြီးမီးဖိုခန်းထဲသို့ဝင်
လာသည်။မီးဖိုခန်းထဲရောက်တော့.."ကြီးကြီးဝင်း....သမီးမနက်စားပြင်လိုက်မယ်"
"ရပါတယ်....သမီးလေးရယ်....ကြီးကြီးဝင်း
ပဲပြင်လိုက်ပါ့မယ်...ဒါကကြီးကြီးဝင်းလုပ်နေ
ကျပဲကို"
"မဟုတ်တာကြီးကြီးဝင်းရယ်...ပြီးတော့နန်း
ရဲ့တပည့်မလေးကိုနန်းကိုယ်တိုင်ချက်ပြုတ်
ပြီးကျွေးချင်လို့ပါ"
"အင်းလေ...သမီးလေးက...သမီးလေးတပည့်
မလေးကိုတော်တော်ချစ်ပုံပဲကွယ်"
"ဟုတ်ကဲ့...ကြီးကြီးဝင်း"နန်းလဲကြီးကြီးဝင်းနဲ့စကားပြောတာရပ်ပြီး
နန်းရဲ့ကလေးနိုးလာရင်စားဖို့အတွက်နန်းကြီး
သုပ်လေးသုပ်ကာ...ခဏကြာတော့...နန်းလဲ
ကလေးစားဖို့အတွက်နန်းကြီးသုပ်လေးကိုပန်းကန်ထဲသို့ထည့်ကာပေါ်ထပ်သို့တက်လာ
ခဲ့သည်။အခန်းရှေ့ရောက်တော့နန်းလဲတံခါး
လေးဖွင့်ကာကုတင်ပေါ်ကိုကြည့်လိုက်တော့
နန်းရဲ့ကလေးသည်ငုပ်တုတ်လေးထိုင်နေ
လေသည်။နန်းလဲစားစရာကိုစားပွဲပေါ်ချပြီး
ကလေးနားသို့သွားကာ...
YOU ARE READING
ငယ်သာမမရဲ့အချစ်ဆုံး
Romanceကိုယ့်ကိုအခန်းလိုက်ပြပေးတဲ့ဆရာမလေးကလဲကိုယ့်ကောင်မလေးဖြစ်လာနိုင်ပါတယ်နော်😛