Part - 21

2.2K 134 8
                                    

"တီ...တီ...တီ"

ဖုန်းထမြည်သောကြောင့်သက်ထားနိုးလာ
ခဲ့သည်။

"ဟယ်လို"

"ဟယ်လို...သမီးသက်ထားလား..အန်တီယု
ယအမေပါ"

"အာ...ဟုတ်ကဲ့အန်တီ...ဘာကိစ္စရှိလို့လဲမသိ
ဘူး"

"တစ်ခြားမဟုတ်ပါဘူး...ယုယသမီးဆီလာ
သေးလားမနေ့ညထဲကအိမ်ပြန်မလာလို့"

"ဘယ်...လိုအန်တီ...ယုယကညနေကျောင်း
ပြန်တုန်းကတော့တူတူပြန်လာတာပဲပြီးတော့
သူကဝင်စရာရှိသေးတယ်ဆိုလို့သမီးတို့နဲ့
လမ်းခွဲခဲ့တယ်အန်တီ"

"ဟေ...ဟုတ်လား...အိမ်ကိုပြန်မလာဘူးသမီး
ရဲ့...အန်တီစိတ်ပူလို့...ဖုန်းဆက်‌‌ေတာ့လဲဖုန်းမကိုင်ဘူးဘာလုပ်ရမှန်းတောင်မသိဘူးသမီးရယ်...သူ့အဖေကလဲအလုပ်ကိစ္စနဲ့ခရီးသွားတာဆိုတော့"

"အန်တီစိတ်မပူနဲ့နော်...သမီးယုယဆီဖုန်းဆက်ကြည့်လိုက်မယ်..အန်တီစိတ်အေးအေး
လေးထားနော်"

"အေးပါကွယ်...သမီးသိရရင်အန်တီ့ဆီအကြောင်းကြားပေးပါနော်"

"ဟုတ်ကဲ့ပါအန်တီ"

သက်ထားဖုန်းချပီးတော့အိပ်လို့လဲပြန်မရတာကြောင့်‌မျက်နှာသစ်ရေချိုးဖို့ရေချိုးခန်း
ထမည့်အချိန်ခိုက်ဘေးက‌ပုစွန်ထုပ်လေးတိုင်းခွေခွေလေးအိပ်နေသည့်မမကိုကြည့်
လိုက်ကာနဖူးလေးကိုအနမ်းတစ်ချက်ခြွေ
ပြီးရေချိုးခန်းထဲသို့ဝင်သွားလိုက်သည်။

~~~~~~

မနက်ခင်းနေရောင်ခြည်လေးဟာအခန်းထဲသို့
ဝင်ရောက်လာပြီးမျက်ခွံလေးတွေဟာလဲ
အလိုလိုပွင့်လာလျက်...ယုယနိုးလာတော့
ဘေးနားကယုယမြတ်နိုးရသည့်အမျိုးသမီး
လေးပေ။

"အိပ်နေ‌တာတောင်ချစ်‌ဖို့ကောင်းနေရလား
အန်တီရယ်" ယုယနှုတ်ဖျားလေးကနေ‌ရေ
ရွတ်လိုက်မိသည်။ပြီးနောက်အန်တီ့နဖူးလေး
ကိုအနမ်းတစ်ပွင့်ခြွေပြီး...

"အန်တီ...အန်တီ"

"အင့်..."

ယုယနိုးနေတာတောင်အန်တီဟာအင့်ကနဲဟင့်ကနဲနဲ့ကိုလုပ်နေသောအန်တီရယ်ပါ။

ငယ်သာမမရဲ့အချစ်ဆုံးWhere stories live. Discover now