Part - 6

2K 156 1
                                    

"ဟဲ့....လဝန်းမ..နင်ဘာတွေတွေးနေတာလဲ
ငါခေါ်တာမကြားရလောက်အောင်...ပြောစမ်း
မဟုတ်မှလွဲရော...နင့်ဆရာမအကြောင်းပဲ
လား"

ယုယဆိုသည်မှာငယ်သူငယ်ချင်းလို့မပြောရ
ဘူးအကုန်လုံးကိုသိနေတော့သည်။

"အေးဟုတ်တယ်ဟေ့...ငါမမကိုလွမ်းနေတာ
အခုချိန်မမဘာတွေလုပ်နေလဲမသိဘူး။မမ
ကိုအရမ်းတွေတွေ့ချင်နေတယ်။နေ့ခင်းကလဲ
နှုတ်တောင်မဆက်လိုက်ရဘူးမမအရိပ်
ယောင်လဲမတွေ့လိုက်ရဘူးလေ"
"အဲ့တာများနင်ကနင့်မမကိုနင်ချစ်နေတဲ့အ
ကြောင်းဖွင့်ပြောလိုက်လေ။နင်လက်နှေးရင်
တော်ကြာ...နင့်မမကိုလက်ဦးသွားလိုက်မယ်
နော်။ပြီးတော့ငါကြားထားတာရှိတယ်။နင့်မမ
ကိုphysicsဆရာဦးမျိုးလင်းကကြိုက်နေတယ်ဆိုတဲ့သတင်းလေ။
"ဟမ်...ဘယ်လို...ယုယ မမကိုဆရာဦးမျိုး
လင်းကကြိုက်နေတယ်ဟုတ်လား"
"ဟုတ်တယ်.."
"နင်ကဘယ်ကကြားလာတာလဲ"
"အော်...တစ်နေ့ကကျောင်းမှာဘုရားခန်းပန်း
သွားလည်ပြီးအပြန်ဆရာမနားနေခန်းရှေ့က
နေဖြတ်လျှောက်လာတော့ဆရာမတွေပြော
တာငါကြားခဲ့တာ"
"ပြိုင်ဘက်ကပေါ်လာပြီဟာ.."
"အဲ့တာကြောင့်နင့်ကိုငါပြောတယ်မလား
နင်အမြန်လှုပ်ရှားလိုက်ပါဆိုနေမှပဲ။နင်ချစ်
နေတဲ့အကြောင်းပြောလိုက်အချိန်မဆွဲ‌နဲ့နင်
ခုမပြောရင်နောက်ကျသွားလိ့မ်မယ်နော်လ
ဝန်း"
"ငါလဲပြောချင်တာပေါ့ယုယရယ်။ဒါပေမယ့်
ငါတို့ကြားမှာဆရာနဲ့တပည့်ဆိုတဲ့စည်းက
ခြားထားသေးတယ်လေဟာ။ငါတို့ကမဖြစ်
နိုင်ဘူးလို့တော့ထင်တယ်"
"သေလိုက်ပါတော့...လဝန်းရယ်။နင်ကစစ်မ
ထွက်ခင်မြှားကုန်ခံတော့မလို့လား။ဘယ်သူ
ပြောလဲတပည့်နဲ့ဆရာမမကြိုက်ရဘူးလို့။
သူများတွေဆိုယူကြတဲ့သူတွေတောင်ရှိတယ်
ငါပြောမယ်မဖြစ်နိုင်တာမရှိဘူး။မဖြစ်သေး
တာပဲရှိတယ်လဝန်းမ။နင်နင့်မမကိုချစ်တယ်
မဟုတ်လား။ချစ်ရင်‌ဖွင့်ပြောလိုက်နင့်မမလဲ
နှလုံးသားနဲ့ချစ်တတ်တဲ့လူပဲ။နင်ကြောက်မ
နေနဲ့နင့်ရင်ထဲမှာရှိတဲ့ခံစားချက်ကိုပြောပြ
လိုက်။အဓိကကနင်နင့်မမကိုချစ်တယ်ဆို
တာနင်မမသိဖို့ပြောပြလိုက်။ကျန်တာကနင့်
မမအပိုင်း။နင့်ဘက်ကဖွင့်ပြောဖို့ပဲလိုတယ်"
"အေးပါ...ငါကြိုးစားကြည့်မယ်"
"အေး..ဒီလိုမှပေါ့။ငါနင့်ကိုကူညီမှာပါဟ။နင်
လဲငါ့ကိုနင့်အန်တီလေးနဲ့အဆင်ပြေအောင်
လုပ်ပေးရမယ်"
"အေးပါဟယ်...လုပ်ပေးရမှာပေါ့"
"ငါတို့ကျောင်းဘက်သွားကြည့်ရအောင်"
"ဘာသွားလုပ်မလို့လဲယုယ"
"နင်ပဲနင့်မမကိုလွမ်းတယ်ဆိုကျောင်းမှာရှ်ိ
ရင်လဲရှိအုံးမှာပေါ့။အဲ့တာကြောင့်သွားကြည့်
ရအောင်လို့ပြောတာ"
"ဟီး..ဟီး..တဂယ်လား..သွားကြည့်မယ်။စက်
ဘီးနဲ့သွားရအောင်။ကျောင်းကနီးတယ်လေ
လမ်းမလျှောက်ချင်လို့"
"အေးပါ..လဝန်းမရယ်"
လဝန်းတို့သူငယ်ချင်းနှစ်ယောက်စက်ဘီးတစ်ယောက်တစ်စီးနဲ့ကျောင်းရှေ့သို့ရောက်
လာကြသည်။
"ဟဲ့...ယုယ...ကျောင်းကပိတ်ထားတယ်လေ
ကျောင်းမှာဘယ်သူမှမရှိကြတော့တာကိုဆ
ရာမတွေလဲကျောင်းပိတ်ရက်အိမ်ပြန်ကြပြီ
လေ။ငါလဲမမကိုတွေ့ချင်ဇောနဲ့ပြောဖို့မေ့နေ
တာနင့်ကို"
"အေး...ဟုတ်သား။အဲ့တာဆိုငါတို့ကန်ဘောင်
ဘက်သွားရအောင်။အဲ့နားမှာကော်ဖီဆိုင်
အသစ်ဖွင့်ထားတယ်။အဲ့ဆိုင်ရဲ့အပြင်အဆင်
ကအရမ်းမိုက်တာ..သွားရအောင်နော်..ပြီး
တော့ငါအိမ်မပြန်ချင်သေးဘူးရယ်"
"ဟွန်...ထင်သားပဲနင့်ကို"

ငယ်သာမမရဲ့အချစ်ဆုံးWhere stories live. Discover now