လဝန်းတို့လဲနေရမည့်အခန်းဆီသို့လျှောက်
လာကာလဝန်းနဲ့မမတို့ကတစ်ခန်းလဝန်းတို့
ဘေးအခန်းတွင်ဖြူစင်နဲ့ယုယတို့ကတစ်ခန်း
လဝန်းတို့အခန်း၏မျက်နှာချင်းဆိုင်တွင်အန်
တီလေးအခန်း။ယုယစိတ်ပျက်မိသည်။ယုယကအန်တီ
နဲ့တူတူနေချင်သည်။ဒါကြောင့်အန်တီနဲ့တူတူ
နေရန်မပြောပေးသောလဝန်းမကိုစိတ်ထဲက
နေကျိန်ဆဲနေမိသည်။အခန်းရှေ့ရောက်တော့ယုယကလဝန်းနား
သို့ရောက်လာခဲ့သည်။"ဟဲ့..လဝန်းမ"
"ဘာလဲ"
"ငါ့ကိုဘာလို့နင့်အန်တီလေးနဲ့တစ်ခန်းထဲ
တူတူမထားတာလဲ"
"နင့်ကိုမယုံလို့...တော်ကြာင့ါအန်တီလေးကို
နင်တစ်ခုခုလုပ်လိုက်မှာဆိုးလို့ဟေ့"
"ဟာ...လဝန်းမနော်...ငါ့အန်တီနဲ့တစ်ခန်းထဲ
နေချင်တာကို"
"ဟား...ဟား..ငါစီစဉ်ပေးပါ့မယ်ဟ"
"တဂယ်နော်"
"အေးဟေ့...ခုတော့နင့်အခန်းပြန်တော့ငါနား
ချင်ပြီ...ညကျမှကမ်းခြေမှာတစ်ဝိုင်းထောင်
ကြမယ်"
"အေးအေး"ယုယထွက်သွားပြီးလဝန်းလဲအခန်းထဲသို့
ဝင်လာလိုက်သည်။အခန်းထဲသို့ရောက်တော့
ကုတင်ပေါ်တွင်မျက်နှာကြီးဆူပုတ်နေသော
မမကိုတွေ့လိုက်သည်။လဝန်းစိတ်ထဲကရယ်
မိသည်မမဖြစ်နေသောပုံစံလေးသည်တစ်
ဂယ့်ကလေးလေးတိုင်းပင်။"မမ"
"ဘာလဲ"
"ဟင်...မမစိတ်ဆိုးနေတာလား"
"ဟုတ်တယ်ဟေ့...ရှင်လေးကလေဒီကိုလာ
ကထဲကယုယနက်တစ်ပူးပူးတစ်တွဲတွဲ"
"အာ...မဟုတ်ပါဘူးမမရဲ့..သူကငယ်လေး
ကိုလာကူညီဖို့ပြောခိုင်းတာပြီးတော့သူငယ်
လေးကိုရန်လာရှာသေးတယ်"
"ဟင်...ဟုတ်လားငယ်လေးကိုသူကဘာလို့
ရန်လာရှာတာလဲ"
"ဘာဖြစ်ရမလဲမမရယ်...အန်တီလေးနက်
တစ်ခန်းထဲမနေရလို့တဲ့"
"ဟင်...ငယ်လေးသူငယ်ချင်းတို့တစ်သိုက်က
ဘူးထနေကြတာကြီးပဲ"
"ဟား...ဟား...အဲ့နှာဗူးလေးကိုပဲချစ်နေတာ
မဟုတ်ဘူးလား"
"မချစ်ပါဘူး...သွားပါ"
"ဟာ....မမနော်"
"ဘာလဲ"
"မမ...တဂယ်မချစ်တာလား"
"ဟုတ်တယ်"
"ငယ်လေးငိုလိုက်မှာနော်"
"ငိုပေါ့"နန်းလဲကလေးငယ်ကိုစချင်သောကြောင့်
ပြောလိုက်သည်။ထိုကလေးငယ်သည်ငို
လိုက်မှာနော်လို့ပြောပြီးချက်ချင်းကြီးငိုချ
လိုက်သေးသည်။နန်းလဲထိုကလေးငိုတော့
ခြေမကိုင်လက်မကိုင်ဖြစ်ကာပြာသလဲလဲ
ပြန်ချော့ရသေးသည်။
YOU ARE READING
ငယ်သာမမရဲ့အချစ်ဆုံး
Romanceကိုယ့်ကိုအခန်းလိုက်ပြပေးတဲ့ဆရာမလေးကလဲကိုယ့်ကောင်မလေးဖြစ်လာနိုင်ပါတယ်နော်😛