သက်ထားအန်တီလေးအခန်းကနေပြန်လာ
ပြီးအခန်းထဲဝင်လာတော့မမကသက်ထား
ကိုကုတင်ေပါ်ကေနလက်ပိုက်ပြီးမျက်ထောင့်နီကြီးနဲ့ကြည့်နေလျက်....သက်ထားလဲမမစိတ်ဆိုးပြီဆိုတာသိရသည်။ဒါကြောင့်...မမအနားသို့သွားကာ.."မမ...မအိပ်သေးဘူးလား..ညဉ့်နက်နေပြီကို"
"တော်ပါ...ရှင်ပြောတော့ယုယနဲ့ပြောပြီးချက်
ချင်းပြန်လာမယ်ဆို...ခုကြည့်အချိန်ကိုဘယ်
နှစ်နာရီထိုးနေပြီလဲဆိုတာ...ကျွန်မမအိပ်ချင်
သေးလို့အခန်းပြင်ထွက်စောင့်နေတာယုယတို့
ပြန်လာတာတော့တွေ့ပါရဲ့...ရှင့်ကိုမတွေ့ဘူး
ဘယ်တွေသဝေထိုးနေတာလဲဟမ်...ဘယ်
ကောင်မလေးတွေနဲ့သွားပြီးကြူနေတာလဲ"
"အာ...မကြူပါဘူးမမရဲ့...သက်ထားလဲယုယ
တို့နဲ့တူပြန်လာတာ...အန်တီလေးအခန်းရှေ့
ရောက်တော့အန်တီလေးမအိပ်သေးတာနဲ့
အန်တီလေးနဲ့စကားပြောနေလို့ကြာသွားတာ
ဟီး...ဟီး..."
"ခုမှမျက်မှာချိူလာသွေးမနေနဲ့...ခြေလမ်း
တွေပျက်ကြည့်နော်...တစ်ခါထဲသိမ်းပလိုက်
မယ်"
"ရော်...ခုထဲကတစ်ခါထဲသိမ်းပလိုက်ပါလား
အသိမ်းခံချင်နေလို့"
"ဟွန့်..."နန်းသက်ထားကိုမျက်စောင့်လေးတစ်
ချက်ထိုးပြီးနဖူးလေးကိုလက်ကလေးနဲ့ဖွဖွ
လေးတောက်လိုက်သည်။
"အားး..နာလိုက်တာ"
"အပိုတွေ...ကျွန်မရှင့်ကိုဖြေးဖြေးလေးတောက်တာပါနော်"
"ဟီး...ဟီး...မမကလဲ"
"ကဲ..ပြောပါအုံး...မမမြတ်နဲ့ဘာတွေပြောနေ
ကြတာလဲ"
"ဟင်...အန်တီလေးကသက်ထားတို့ကိစ္စကို
သိသွားပြီ"
"ဘယ်..ဘယ်...ဘယ်လို...ကလေး..မမတို့
ကိစ္စကိုသိသွားပြီဟုတ်လား"
"ဟုတ်တယ်မမ"
"မမမြတ်ကဘာပြောလဲ"
"ဟူးးး...သဘောတူတယ်တဲ့...ကန့်ကွက်စရာ
မရှိဘူးတဲ့"
"တော်သေးတာပေါ့...ဒါနဲ့ကလေးကဘာလိုမျက်နှာမကောင်းတာလဲ...အမှန်ဆိုပျော်သင့်
တယ်လေ"
"ဟုတ်ပါတယ်...ဒါပေမယ့်ကလေး...ယုယကိ
စ္စလဲပါတယ်...အန်တီလေးယုယကိုလက်ခံ
အောင်ဘယ်လိုပြောရင်ကောင်းမလဲလို့ပါ"
"ကလေးရယ်...အဲ့တာကကြားလူတွေဝင်စွတ်
ဖက်လို့မရဘူးလေ...သူတို့နှစ်ယောက်ကိုယ်
တိုင်ရှင်းမှရမှာလေ...ဟုတ်ပြီလား"
"ဟုတ်..မမ"
"လာ...အိပ်ကြရအောင်နောက်ကျနေပြီ"
"ဟုတ်..မမ"သက်ထားလဲမမရင်ခွင်ထဲကိုတိုးဝှေ့ပြီးမမကို
ဖက်ကာအိပ်ပျော်သွားခဲ့သည်။
ဒီလိုနဲ့သက်ထားတို့လဲချောင်းသာကပြန်လာ
မမကလဲကျောင်းဖွင့်တော့ကျောင်းကိုသွား
ရသည်။သက်ထားတို့ကတော့uinတက်ဖို့
ကျောင်းသွားအပ်ရသည်။
YOU ARE READING
ငယ်သာမမရဲ့အချစ်ဆုံး
Romanceကိုယ့်ကိုအခန်းလိုက်ပြပေးတဲ့ဆရာမလေးကလဲကိုယ့်ကောင်မလေးဖြစ်လာနိုင်ပါတယ်နော်😛