မြတ်နိုးမနက်ခင်းနိုးလာတော့တစ်ညလုံးငို
ထားသောအရှိန်ကြောင့်ခေါင်းဟာနှောင့်ကျိ
ကျိဖြစ်နေသည်။ရေချိုးပြီးအဝတ်အစားလှဲ
ကာအောက်ထပ်သို့ဆင်းလာတော့သက်ထား
နှင့်နန်းတို့ထမင်းစားဝိုင်းတွင်ကော်ဖီထိုင်သောက်နေတာတွေ့ရသည်။မြတ်နိုးလဲဝင်
ထိုင်ကာကော်ဖီကိုငှဲ့ပြီးတစ်ငုံသောက်ချကာ.."ညီမလေး....သက်ထား"
"......"
မြတ်နိုးခေါ်လိုက်တော့သက်ထားဟာဘာစ
ကားတစ်ခွန်းမှမဟပဲပြောဆိုသည့်အကြည့်
မျိုးဖြင့်ကြည့်သည်။"မနက်စာစားပြီးရင်ခြံထဲခနလာခဲ့အုံးပြောစ
ရာရှိတယ်" မြတ်နိုးကော်ဖီကိုကုန်အောင်
သောက်ပြီးထလာလိုက်ပြီးခြံထဲသို့သွားစောင့်နေလိုက်သည်။တစ်အောင့်ကြာတော့
သက်ထားလဲရောက်လာသည်။"ဘာပြောမို့လဲ"
"ဟူးး"မြတ်နိုးသက်ပြင်းရှည်လေးတစ်ချက်ချ
ကာသက်ထားကိုကြည့်ပြီး..."မမ...နန်းကိုပြန်လိုချင်တယ်"
သက်ထားလုံးဝမယုံနိုင်အောင်ဖြစ်ခဲ့ရသည်။
မမမြတ်နိုးကသက်ထားကိုတွေ့ပြီးပြောချင်
တဲ့စကားကဒီစကားပြောဖို့ကိုပဲ။"အဟက်...မမမြတ်နိုး...မမမြတ်နိုးကမမကို
ဘာထင်နေတာလဲ...ကစားစရာအရုပ်များ
ထင်နေတာလား။ကိုယ်တစ်ချိန်ကစွန့်ပစ်ထား
ပြီးတော့မှအခုမှပြန်လိုချင်နေရအောင်""ညီမလေး...မမမြတ်နိုးပြောပြီးပြီနော်..မမ
မြတ်နိုးအချစ်ဆုံးလူကနန်းပါဆိုတာကိုပြီး
တော့သူ့အတွက်နဲ့မမမြတ်နိုးယောကျာ်းကိုပါ
ကွာရှင်းခဲ့တာ""အဟက်....အဲ့တာမမအပိုင်လေ..သက်ထား
နဲ့မဆိုင်ဘူး။မမမြတ်နိုးသိထားရမှာကလဲမမ
ဟာသက်ထားအပိုင်ပဲ။အေး..သက်ထားအ
ပိုင်လို့ပြောထားတဲ့သူကိုမှလာထိရင်တော့သက်ထားလဲငြိမ်နေမှာမဟုတ်ဘူး""ဒီမှာ...ညီမလေး...ညီမလေးသိထားဖို့ကလဲ
မမမြတ်နိုးကလဲလိုချင်တာကိုမရရအောင်
ယူတတ်တယ်ဆိုတာကိုပဲ။ကိုယ်မှမပိုင်ရရင်
တစ်ခြားသူလဲဘယ်သူ့မှမပိုင်စေရဘူး"
YOU ARE READING
ငယ်သာမမရဲ့အချစ်ဆုံး
Romanceကိုယ့်ကိုအခန်းလိုက်ပြပေးတဲ့ဆရာမလေးကလဲကိုယ့်ကောင်မလေးဖြစ်လာနိုင်ပါတယ်နော်😛