Part - 31

540 32 0
                                    

ဒီနေ့ဟာ ဖြူစင့်မေမေရဲ့တစ်နှစ်ပြည့်ဖြစ်သောကြောင့်
မေမေဆီသို့သွားရန်ထွက်လာခဲ့လိုက်သည် ဖြူစင်မေမေ့
ဆီသို့ရောက်တော့ သက်ထားရဲ့ကားလေး ရပ်ထားသည်
ကိုလှမ်းမြင်လိုက်မိသည် ဒါ့ကြောင့် ဖြူစင်လဲ သက်ထား
ကိုထိုနေရာ၌လိုက်ရှာမိချိန်ရုတ်တရက်ကောင်းကင်၌မိုး
များရွာချလာသည် ဖြူစင်အိမ်ကအထွက်၌ ကောင်းကင်
ဟာမဲမှောင်စဖြစ်နေပြီမို့ ထီးယူလာမိလို့ကံကောင်းတယ်
ပြောရမည် ဖြူစင်လဲ မျက်စိတစ်ဆုံးဝေ့ကြည့်မိတော့
အုတ်ဂူလေးတစ်နေရာ၌ ကျောပေးပြီးစကားပြောနေတာ
သောသက်ထားကိုတွေ့လိုက်ရသည် မိုးများရွာချလာပြီ
မို့သက်ထားအပေါ်သို့ထီးလေးမိုးပေးလိုက်တော့သက်
ထားဟာဖြူစင့်ကိုမော့ကြည့်လာသည် သက်ထား၏မျက်
လုံးအိမ်၌လည်းမျက်ရည်ဥကလေးများဟာဝေ့တက်နေ
လျက်။

" ဟင် ဖြူစင် "

" ဟုတ်တယ် ငါ နင်မပြန်သေးဘူးလားမိုးရွာနေပြီကော ပြီးတော့ဒီအုတ်ဂူက"

"ဒါငါ့ဖေဖေလေ"

"အော် အေးပါ လာငါတို့သွားရအောင် နင်လဲနင့်အဖေကိုလာတွေ့ပြီးပြီမလားပြန်ကြရအောင်"

"ငါမပြန်ချင်သေးဘူးဖြူစင်"

"နင့်ကိုဆရာမနန်းစိတ်ပူနေမှာပေါ့"

"ငါစိတ်ညစ်တာပဲသိတယ်"

" ဒါဆိုလာ နင်မပြန်‌သေးဘူးဆိုလဲ ငါ့အိမ်လိုက်ခဲ့ ပေါ့"

"အေးကောင်းသား သွားကြမယ်အဲ့တာဆို"

သက်ထားနှင့်အတူဖြူစင်လဲအိမ်သို့ပြန်လာခဲ့လိုက်သည် အိမ်သို့ရောက်တော့သက်ထားကိုအခန်းထဲ၌နေစေကာ ဖြူစင်အောက်သို့ဆင်းပြီး မုန့်တစ်ချို့နှင့် ကော်ဖီပူပူလေးပြင်ဆင်လိုက်သည် ပြီးနောက်အခန်းထဲသို့ဝင်လာပြီး အိပ်ယာဘေး၌ရှိသောခုံလေးပေါ်တွင်တင်လိုက်သည် သက်ထားကိုကြည့်တော့ ပြတင်းပေါက်ပြင်ဘက်ကိုတွေတွေလေးငေးကြည့်နေတာကိုတွေ့လိုက်သည် ဒါ့ကြောင့်ဖြူစင်လဲသက်ထားဆီသို့ လျှောက်လာပြီး

" သက်ထားနင်အဆင်ပြေရဲ့လား"

"ဖြူစင်ငါရင်ထဲမှာနစ်နေအောင်ခံစားနေရတယ်ဟာ"

ငယ်သာမမရဲ့အချစ်ဆုံးWhere stories live. Discover now