အတန်းထဲတွင်မြန်မာစာဆရာမဒေါ်မြတ်
မြတ်မွန်အား..
"ကလေးတို့ရေ..လာမယ့်အပတ်ထဲစာမေးပွဲ
ရှိတယ်နော်စာတွေကိုသေချာပြန်လုပ်ထား
ကြဘာသာစုံကိုသေချာပိုင်ပိုင်နိုင်နိုင်ပြန်လုပ်
ထားကြ"
"ဟုတ်ကဲ့ပါဆရာမ"အတန်းထဲကကျောင်း
သားတွေလဲပြိုင်တူပြောလာကြတယ်။
"ဟုတ်ပြီ..အဲ့တာဆိုဆရာမသွားပြီးနော်
နောက်တစ်ချိန်ကသချာ်မလား"
"ဟုတ်ကဲ့ဆရာမ"အတန်းခေါင်းဆောင်ကပဲ
ဦးဆောင်ပြီးပြောလိုက်တယ်။
ဒေါ်မြတ်မြတ်မွန်လဲဆရာမနားနေခန်းအ
ရောက်နန်းနဲ့တွေ့...
"အော်..နန်းရေ"
"ဟုတ်ကဲ့အမ"
"နန်းကခုချိန်၁၀တန်းbio(B)အခန်းကိုဝင်ရမှာ
မလား"
"ဟုတ်တယ်အမဘာဖြစ်လို့လဲ"
"အော်...ဟိုဟာနန်းအတန်းထဲရောက်ရင်လဝန်းလေးကိုတစ်ချက်လောက်လွှတ်လိုက်
ပါအုံးနော်။အမစောနကခေါ်ဖို့မေ့ခဲ့လို့"
"အော်..ဟုတ်ကဲ့အမနန်းပြောလိုက်ပါ့မယ်။ဒါ
ဆိုနန်းကိုခွင့်ပြုအုံးနော်"
"အေးအေး..ညီမလေး"
နန်းလဲအခန်းထဲကိုရောက်လာတဲ့အချိန်လ
ဝန်းလေးကသူ့သူငယ်ချင်းတွေနဲ့စကားပြော
နေကြတယ်။ဆရာမလာပြီဆိုပြီအားလုံးနှုတ်
ဆက်ဖို့ထကြတော့...
"လဝန်းမေ"
"ရှင်..ဆရာမ"
"ဆရာမမြတ်မြတ်မွန်ကနားနေခန်းကိုခဏ
လာခဲ့ပါတဲ့ပြောလို့"
"ဟုတ်ကဲ့ဆရာမလဝန်းသွားလိုက်ပါ့မယ်။
လဝန်းကိုခွင့်ပြုပါအုံးနော်ဆရာမ"
"အေးအေး..သမီးလေး"
လဝန်းလဲအတန်းထဲကထွက်နန်းလဲ..
"ရပြီသားတို့သမီးတို့မနှုတ်ဆက်နဲ့တော့
ထိုင်လိုက်ကြတော့နော်"
လဝန်းလေးနားနေခန်းထဲရောက်တော့..
"ဟို..အန်တီလေး"
"အော်..ရောက်လာပြီလားငါ့တူမလေး"
"ဟုတ်"
"အင်း..ဝင်လာခဲ့အုံး။အန်တီလေးပြောစရာရှိ
လို့"
"ဟုတ်..အန်တီလေးဘာပြောစရာရှိလို့လဲ"
"သမီး..သမီးမေမေနေမကောင်းဖြစ်နေတယ်"
"ဘယ်လို! မေမေနေမကောင်းဖြစ်နေတယ်
ဟုတ်လားအန်တီလေး"
"ဟုတ်တယ်။ဖျားဝာာကမနေ့ထဲကတော်
တော်ဖျားနေတာ"
"ဟင်..!အဲ့တာသမီးကိုဘာလို့ခုမှလာပြောရ
တာလဲအန်တီလေးရယ်သမီးကိုမနေ့ထဲက
လာပြောမှပေါ့"
"အန်တီလေးလဲပြောမလို့ပါပဲသမီးရယ်သမီး
မေမေကမပြောဖို့မှာထားလို့ပါ"
"ဟာ..မေမေကလဲဒီလောက်ထိဖြစ်နေတာကို"
"သမီး..သမီးမေမေကိုအပြစ်မမြင်လိုက်ပါနဲ့
နော်။သမီးမေမေကသမီးအဲ့အကြောင်းသိရင်
စိတ်ပူပြီစာသေချာမလုပ်နိုင်မှာဆိုးလို့ပါ"
"ဟာ..မေမေကလဲအဲ့လောက်ထိမလုပ်သင့်
ဘူးထင်တယ်အန်တီလေး"
"အင်း...အန်တီလေးနားလည်ပါတယ်သမီး
ရယ်"
"မေမေခုကောဘယ်လိုနေသေးလဲဟင်အန်တီ
လေး"
"ခုတော့နည်းနည်းတော့သက်သာလာပါပြီ။
ဒါပေမယ့်..."
"ဒါပေမယ့်ဘာဖြစ်လဲအန်တီလေး"
"သမီးမေမေကသိတယ်မလား။အရင်ထဲက
ရောဂါအခံရှိနေတာပြီးတော့သူ့အစာအိမ်ရော
ဂါကလဲဒီရက်ပိုင်းအခြေနေဆိုးနေတာ"
"ဟာကွာ...မေမေရယ်"ဆိုပြီးလဝန်းလေးတစ်
ယောက်မျက်ရည်တွေကျပြီးသူ့အန်တီလေး
နားမှာငိုနေရှာတယ်။(လဝန်းလေးသနားပါတယ်)
"အန်တီလေးသမီးမေမေကိုတွေ့ချင်တယ်"
"အိုကွယ်...သမီးလေးခုကစာသင်နေတဲ့အ
ချိန်လေဘယ်လိုလုပ်တွေ့လို့ရမှာလဲ"
"မသိဘူး။လဝန်းမေမေကိုတွေ့ချင်တာပဲသိ
တယ်"
"ဟင်..ဒီကလေးကတော့။ဒီလိုလုပ်သမီးည
နေကျောင်းဆင်းတဲ့ချိန်အန်တီလေးနဲ့လိုက်ခဲ့
အန်တီလေးဆရာကြီးကိုခွင့်တစ်ရက်ယူဖို့
ပြောလိုက်မယ်။ဟုတ်ပြီလားသမီးလေး"
"ဟုတ်ကဲ့"
"အဲ့တာဆိုသွားတော့နော်သမီးလေခုချိန်ကသ
ချာ်ချိန်မလား။ဆရာမလေးနန်းကိုအားနာစ
ရာကြီးဖြစ်ကုန်မယ်"
"ဟုတ်ကဲ့..အန်တီလေးသမီးသွားတော့မယ်
နော်"
"အေးအေး..သမီးလေး"
YOU ARE READING
ငယ်သာမမရဲ့အချစ်ဆုံး
Romanceကိုယ့်ကိုအခန်းလိုက်ပြပေးတဲ့ဆရာမလေးကလဲကိုယ့်ကောင်မလေးဖြစ်လာနိုင်ပါတယ်နော်😛