Part - 24

1.5K 132 3
                                    

သက်ထားမမမြတ်နိုးရဲ့ခရီးဆောင်အိတ်လေး
ကိုဆွဲပြီးကားပေါ်သို့တင်ကာရှေ့ကားတံခါး
လေးဖွင့်ပေးပြီးသက်ထားချစ်ရတဲ့အမျိုးသ
မီးလေးကိုထိုင်စေဖို့ဖွင့်ပေးလိုက်သည့်အချိန်
မမမြတ်နိုးဟာ

" သက်ထားညီမလေး......မမအဲ့မှာထိုင်ချင်
တယ်။ ညီမလေးနဲ့ မတွေ့ရတာကြာတော့
စကားတွေအများကြီး ပြောချင်သေးလို့"

သက်ထားတွေဝေခဲ့သည်။သက်ထားဟာမမ
ကလွဲရင်ဒီခုံမှာဘယ်သူ့မှပေးထိုင်တာမဟုတ်
‌သက်ထားမေမေရောအပါဝင်ပေါ့

"အာ...ဟို...မမမြတ်နိုးကလဲနောက်ကနေထိုင်
ပြောလဲရတာပဲကို...ပြီးတော့သက်ထားနဲ့မမ
ကလဲ‌မတွေ့ရမယ့်သူတွေကြလို့"

"ညီမလေးကလဲ....ကိုယ့်အမပဲကို...မထိုင်
ခိုင်းချင်တာလား....ငြိုငြင်တာလား"

"အာ...ဟို..မဟုတ်ပါဘူးမမမြတ်နိုးကလဲ"

နန်းရဲ့ကလေးငယ်နှင့်မြတ်နိုးတို့စကားအချေ
အတင်ဖြစ်နေကြသည်ကိုနန်းကပင်မနေနိုင်
ကာဝင်ပြောလိုက်သည်။သူတို့နှစ်ယောက်အခုလိုအချေတင်ဖြစ်ကြပုံနဲ့ဒီတသက်အိမ်ပြန်ရောက်မည်မဟုတ်သောကြောင့်နန်းတွေး
လိုက်သည်။

"သဲငယ်....မမနောက်မှာပဲထိုင်လိုက်မယ်
လေ။ဘာမှမဖြစ်ပါဘူးသဲငယ်မမကိုရှေ့မှာ
ထိုင်ခိုင်းလိုက်နော်"

နန်းပြောပြီးပြီးချင်းနောက်မှာထိုင်လိုက်သည်။

သက်ထားလဲမမမြတ်နိုးကိုမျက်စောင်းလေး
တစ်ချက်ထိုးပြီကားစက်နိုးကာထွက်လာခဲ့
သည်။ကားမောင်းစဉ်တစ်လျှောက်ကားပေါ်
တွင်တိတ်ဆိတ်နေသောကြောင့်သက်ထား
ဘက်ကပင်အရင်စကားစလိုက်သည်။

"မမမြတ်နိုး"

"ပြောလေ....ညီမလေး"

"ဒီတစ်ခေါက်ပြန်လာတာ ဒီမှာဘယ်လောက်
ကြာမှာလဲ ပြီးတော့ဘယ်တော့လောက်ပြန်
မှာလဲ"

"ဟော်တော်...ငါ့ညီမလေးကတော့ကွာမမက
အခုမှပြန်ရောက်လာတာလေ...ချက်ချင်းပဲ
ပြန်နှင်လွှတ်နေတာပဲ"

"အာ....မဟုတ်ပါဘူး...မမမြတ်နိုးကလဲ"

"ဟား...ဟား....မမစတာပါ....မမဒီကိုပြန်
လာတာကဟိုကမမလုပ်တဲ့ကုမ္မဏီကဒီမှာ
ရုံးခွဲဖွင့်ထားတယ်လေမကြာသေးပါဘူးဖွင့်
တာကလဲ...ပြီးတော့အဲ့ရုံးခွဲကစီမံတဲ့အမက
ခွင့်ယူပြီးရွာပြန်သွားတယ်ဆိုလို့...မမကိုဒီ
မှာခဏလာထိုင်ခိုင်းတာ...အဲ့အမပြန်လာရင်
တော့မမပြန်မှာလေ"

ငယ်သာမမရဲ့အချစ်ဆုံးWhere stories live. Discover now