part - 7

2K 160 2
                                    

မနက်နေရောင်ခြည်လေးသည်အခန်းထဲသို့ကျရောက်လာကာလဝန်းမျက်လုံးလေးများ
သည်တစ်ဖြည်းဖြည်းပွင့်လာခဲ့ရာလက်က
လေးနှစ်ဖက်ဖြင့်ပွတ်သက်ပြီးကုတင်ဘေး
ကနာရီကိုလှမ်းကြည့်တော့....

"ဟာ...သေပါပြီမိလဝန်းရယ်...ဒီနေ့လဲနောက်
ကျပြန်ပြီ..."

လဝန်းရေချိုးပြီးပြင်ဆင်ကာအောက်ထပ်သို့
ဆင်းလာသည်။အောက်ထပ်ရောက်တော့မေ
မေ့ကိုမတွေ့တာနဲ့မီးဖိုခန်းထဲသွားကာအန်တီ
လေးကိုတွေ့ရသောကြောင့်မေးလိုက်သည်...

"အန်တီလေး....မေမေရောဟင်.."
"တူမလေးရယ်...နာရီကိုကြည့်ဘယ်အချိန်
ရှိနေပြီလဲဆိုတာ...သမီးမေမေကကုမ္မဏီ
သွားပြီလေ"
"အယ်...ဟုတ်သား...ဟီး..ဟီး.."

အန်တီလေးမီးဖိုခန်းကနေထွက်လာပြီးဧည့်
ခန်းထဲကိုဝင်ကာပိုက်ဆံအိတ်လေးကိုလွယ်
ပြီး...လဝန်းဘက်သို့လှည့်ကာ....

"တူမလေး...အန်တီလေးဘုရားသွားလိုက်အုံး
မယ်ဒီနေ့ကသီတင်းကျွတ်လပြည့်နေ့လေအဲ့
တာကြောင့်ပါပြီးတော့အပြန်ဈေးဝင်ပြီးမုန့်
လုပ်ဖို့လိုအပ်တာတွေပါဝင်ဝယ်ခဲ့မယ်။အဲ့တာအိမ်မှာကောင်းကောင်းနေခဲ့နော်...အပြင်
တွေလဲလျှောက်မထွက်နဲ့အုံး...ကြားလား"
"ကြားပါတယ်...အန်တီလေးရယ်..အန်တီလေးသာစိတ်ချလက်ချသွား"
"အေးအေး"

အန်တီလေးနှင့်စကားပြောနေသည့်ရုတ်တ
ရက်ယုယရောက်လာခဲ့သည်။

"အယ်...ဆရာမဘယ်သွားမလို့လဲဟင်.."
"အော်..သမီးယုယရောက်လာတာပဲ..ဆရာမ
ဘုရားသွားပြီး..အပြန်‌ဈေးဝင်မလို့ပါ.."
"အော်...ဟုတ်..ဒါနဲ့တစ်ယောက်ထဲသွားမလို့
လားဆရာမ"
"အင်း..တစ်ယောက်ထဲပေါ့"
"အာ..စိတ်မချပါဘူးဆရာမရယ်..သမီးလိုက်
ခဲ့မယ်.."
"အယ်...ခါတိုင်းလဲဆရာမကတစ်ယောက်ထဲ
သွားနေကျပါသမီး‌ရဲ့"
"မရပါဘူး...သမီးလိုက်မယ်..နော်...နော်..
နော်"

ယုယအဲ့လိုပြောပြီဆိုကထဲကလဝန်းယုယအ
ကြံသိပြီးသား။ဒါကြောင့်လဝန်းလဲမနေနိုင်ပဲ
ဝင်ပြီးပြောပေးလိုက်သည်။

"အန်တီလေးရယ်...ခေါ်သွားလိုက်ပါနော်..ယု
ယပါတော့သမီးကပိုပြီးတော့တောင်စိတ်ချ
သွားတယ်..ခေါ်သွားလိုက်...ခေါ်သွားလိုက်"
"ဟင်...အင်းပါ..အဲ့တာဆိုလိုက်ခဲ့ပေ့ါသမီး
ယုယ.."
"ဟီး..ဟီး...ဟုတ်ကဲ့ဆရာမ"

ငယ်သာမမရဲ့အချစ်ဆုံးWhere stories live. Discover now