Part - 19

2K 148 7
                                    

ချောင်းသာကပြန်လာပြီကထဲကယုယအန်တီ
နဲ့မတွေ့ရတာဒီနေ့နဲ့ဆိုတစ်ပတ်ရှိနေပြီ။ယုယ
လဲကျောင်းကိစ္စကြောင့်အန်တီ့ကိုသွားမတွေ့
ဖြစ်ချောင်းသာကကိစ္စကိုသေချာအောင်ယု
ယဒီနေ့အန်တီ့ကိုတွေ့ဖို့ဆုံးဖြတ်လိုက်သည်။
အန်တီကျောင်းဆင်းဖို့၁၅မိနစ်အလိုကထဲက
ကျောင်းရှေ့နားကအုတ်ခုံလေးမှာထိုင်စောင့်
နေလိုက်သည်။ခဏကြာတော့အန်တီထွက်
လာခဲ့သည်။မတွေ့ရတာကြာတော့အန်တီက
တစ်နေ့တစ်ခြားပိုပို‌လှလာသည်ဟုယုယမှတ်
ချက်ချမိသည်။အခုလဲအန်တီဟာကျောင်း
စိမ်းထမိန်လေးနှင့်ရင်ဖုံအိကျီအဖြူလက်
ရှည်လေးကိုတွဲဝတ်ကာဘေး‌တွင်လဲကြိမ်ဆွဲ
ခြင်းလေးကိုဆွဲထားလျက်။ခေါင်းတွင်လဲနှင်း
ဆီပန်းအနီကိုပန်ဆင်ထားသေး။ယုယအန်တီ့
ကိုအချိန်တော်ကြာအောင်ငေးကြည့်မိသည်။

မြတ်ဒီနေ့မြတ်ရဲ့ဂျူတီမရှိသောကြောင့်စော
စောပြန်ရသည်။‌မြတ်ကျောင်းဆောင်ထဲက
ထွက်လာတော့ကျောင်းရှေ့အုတ်ခုံပေါ်လေး
ကနေမြတ်ကိုရယ်ကျဲကျဲလေးလုပ်ပြကာထိုင်
စောင့်နေသောယုယ။ပုံမှန်ဆိုမြတ်ကညီမလေးနန်းနဲ့အတူတူပြန်လေ့ရှိသည်။ဒီနေ့ကျမှ
ညီမလေးနန်းကသူ့ဂျူတီရှိတာကြောင့်မြတ်
တစ်ယောက်ထဲပြန်ရသည်။မတွေ့ချင်လို့ရှောင်နေသောသူကိုမှဒဲ့လာတိုးနေလျက်ပင်။
မြတ်ထိုကလေးကိုမျက်နှာချင်းမဆိုင်ချင်တာ
တော့အမှန်ပင်။မြတ်လဲထိုကလေးကိုမြတ်နှ
လုံးသားလေးကမြတ်မြတ်နိုးနိုးနဲ့ချစ်မိနေ
တာကိုတော့မြတ်ဝန်ခံချင်မိသား။သို့ပေမယ့်
မြတ်ဘဝမှာမြတ်ချစ်ရတဲ့သူတွေကိုတစ်
ယောက်ပြီးတစ်ယောက်ဆုံးရူံးခဲ့ရပြီးပြီမလား
ဒ့ါကြောင့်မြတ်ခုဒီကလေးကိုအဖြေပေးသင့်
မပေးသင့်မြတ်ဆုံးဖြတ်ရခက်နေမိသား။မြတ်ကြောင့်ဒီကလေးအထိခိုက်မခံစေချင်ဘူးသူ့ရဲ့ပျော်ရွှင်နေတဲ့ဘဝလေးသာယာနေ
တဲ့ဘဝလေးကိုမြတ်ကြောင့်ပျက်စီးမှာကို
မြတ်မလိုလားပင်။မြတ်တွေးနေချိန်မှာပင်
ထိုကလေးဟာမြတ်အနားသို့ရောက်လာကာ
မြတ်ဆွဲထားသောခြင်းတောင်းလေးကိုလှမ်း
ယူလိုက်သည်။

"အန်တီ..ပေး..ပေး...ယုယဆွဲပေးမယ်"
"ရပါတယ်...တို့ဘာသာပဲဆွဲမယ်"
"စိမ်းကားလိုက်တာအန်တီရယ်...မတွေ့တာ
မှတစ်ပတ်ပဲရှိသေးတာကိုစိမ်းကားနေတာ"
"မဟုတ်ပါဘူးကွယ်...ထားပါ...ဒါနဲ့မင်းဒီကို
ဘာလာလုပ်တာလဲ"
"ယုယအန်တီ့ကိုလာကြိုပေးတာလေ"
"အို...တို့မင်းကိုလာကြိုဖို့မပြောထားပါဘူး"
"ဟုတ်ပါတယ်...အန်တီလာကြိုဖို့မပြောထား
ဘူး...ဒါပေမယ့်...ဒါကယုယလုပ်ပေးရမယ့်
တာဝန်လေ...ပြီးတော့ယုယရှင်းစရာလဲရှိသေးတယ်...မပြီးမြောက်သေးသောကိစ္စကို
ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ရမှာရှိသေး
တယ်ပြီးတော့ယုယအန်တီ့ဆီကနေတိကျတဲ့
အဖြေတစ်ခုကိုလိုချင်တယ်"
"တို့နဲ့မင်းကြားမှာရှင်းစရာဘာကိစ္စမှမရှိဘူး"
"သေချာလား....မသိချင်ယောင်ပဲဆောင်တာ
လား။ချောင်းသာမှာတုန်းကကိစ္စကရော..ယု
ယပြောထားတဲ့ကိစ္စလေအဲ့ကိစ္စနဲ့ပတ်သက်ပြီးယုအန်တီ့ဆီကနေတိကျတဲ့အဖြေတစ်ခုကိုလိုချင်တာ"

ငယ်သာမမရဲ့အချစ်ဆုံးWhere stories live. Discover now