Ep6

1.2K 69 0
                                    

unicode

"အားလူံး ထမင်းစား နား ကြမယ် ဟိတ်...
မွန်းတည့်တော့မယ်... အားလုံး တဲ ဆီလာခဲ့ကြ..”

လယ်ကွင်း သုံးလေးကွင်းစာ.ကြားရလောက်အောင် အော်နိုင်သည့် အသံပိုင်ရှင်ကတော့ ဒေါ်အေးကြည်ပါပဲ.. ။

ဟိုမြို့သားက ဘာသဘောလဲ မသိဘူး မိမိနား အရမ်းကပ်နေသည်လို့ သာယာအေး တွေးမိသည်။ ရွာစရောက်တဲ့နေမှာ ဖြစ်သလိုမျိုး တစ်ချက်ချက် ရင်ဘတ်ထဲက တမျိုးကြီး ခံစားရသည်။ မိကြာဉကလည်း မြို့သား က ကျုပ်နား ကပ်မှန်းရိပ်မိလားမသိ၊ သူကပါ.. မိမိအနား လာလာကပ်နေပြန်တော့သည်။

ကိုရင်မောင်ရဲ့ ညစောင့် တဲ က သိပ်မကျယ်တော့

မြေကြီး မှာ တဖွဲ့ ၊ တဲ ပေါ်မှာ တစ်ဖွဲ့ ထိုင်ကြသည်။

မြို့သားက တော့ သာယာအေး အနားမှာပဲ ထိုင်သည်။ ထမင်းစားတော့လည်း ​ကိုယ်တော်ချောက ဒေါ်အေးကြည်တို့နဲ့ လူကောင်လိုက်ကြီးပဲ လိုက်လာတာ ဆိုတော့ ထမင်းချိုင့်လည်းမပါ ၊
အဲ့တာနဲ့ပဲ သာယာအေးတို့ဝိုင်း ကနေ ခွဲ ကျွေးရတော့တာပေါ့ ။ အရေးထဲ ဇွန်းက အပိုပါ မလာ၊
ပါလာတဲ့ ဇွန်းတွေက ဟင်းရေသောက် ဇွန်းကြီးတွေနဲ့ လက်ဖက်စားဇွန်းလေး တွေ ၊
သာယာအေး တို့က တောကမို့ လက်နဲ့စားနိုင်ပေမဲ့
မြို့သားက လက်နဲ့ မစား တတ်ပြန် ဲအဲ့တာနဲ့ပဲ ။

မင်းရေစက်ထင် လည်း သာယာအေးပေးထားတဲ့ ထမင်းပန်းကန်လေးကို ကိုင်ကာ..မစားသေးပဲ
ဟိုကြည့်ဒီကြည့် ကြည့်နေသည်။ ဒါကို သာယာအေးက သတိထားမိကာ..

"ဟိတ်လူ မစားဘူးလား..”

"သာယာအေး ကိုယ့်ကို မင်း ခွင့်ကျွေး ပါလား.. ”

"ဘာ...ဗျ..ခများ လက်မပါဘူးလား ”

"လုပ်ပါ ကိုယ် လက်နဲ့ မစားတတ် လို့.. ”

သာယာအေးတို့ ပြောနေတာ တွေကို ကိုရင်မောင်က ကြားကာ..

"ကျွေးလိုက်ပါ သာယာအေးရာ...ဟိုမှာ မြို့ကလာတာ ကောက်တွေစိုက်ပီး ဗိုက်ဆာနေရောပေါ့
မျက်နှာကိုကြည့်အုန်း ဇီးရွက်လောက်ပဲ ကျန်တော့တယ်....လာလာ သူမကျွေးရင် ငါကျွေးမယ်”

ပန်းမြိုင်လယ်က မောင့်ချစ်သူWhere stories live. Discover now