unicode
အိမ်ရောက်တော့.....
မင်းရေစက်ထင် က ပစ္စည်းများထည့်ပြီး ကိုင်လာသည့်တောင်းအား အလျင်မြန်ချကာ
ခုတင်ပေါ်မှာ ကလေးအားပွေ့ကာ ထိုင်နေသည့်ဒေါ်ခင်အေးရဲ့အနားသို့ ပြေးသွားသည်။
ခုတင်ပေါ်မှာ ထပ်၍ဒူးထောက်ကာလက်အုပ်လေးချီပြီး ဒေါခင်အေးအား တောင်းပန်ပါတော့သည်။"ဒေါ်လေး ကျနော်တောင်းပန်ပါတယ်ဗျာ
ကျနော် အရာအားလုံးအတွက် ရှိခိုးပြီးတောင်းပန်ပါတယ် နော် "ကန်တော့်ရင်း မျက်ရည်စက်လက်ဖြစ်နေသော မင်းရေစက်ထင် ကို ဒေါ်ခင်အေးက
"ရပါတယ်ကွယ် ဒေါ်လေးတို့စိတ်ထဲဘာမှမထားတော့ပါဘူး.. အခုကစပြီး အဒေါ့်သားလေးနဲ့မြေးလေးကို စောင့်ရှောက်ပေးပါလို့ပဲ တောင်းဆိုပါရစေ.."
ဒေါ်ခင်အေးသည်လည်းငိုသံပါနေသည်။"စိတ်ချပါ ဒေါ်လေး ကျနော် ကတိပေးပါတယ်
ဒါ ကျနော့်သမီးလေး မလား ကျနော့်ကိုပေးချီပါလား "မင်းရေစက်ထင် ကအသနားခံသည့်အသံလေးဖြင့် တောင်းဆိုတော့ ဒေါ်ခင်အေး လည်းမြေးဖြစ်သူကို သူ့အဖေလက်ထဲထည့်ပေးလိုက်သည်။ မင်းရေစက်ထင် လက်ထဲရောက်လာသည့် ၁နှစ်အရွယ်သူ့သမီးလေးအား မျက်ရည်စများတွဲခိုနေသည့်မျက်ဝန်းတွေနဲ့အတူ ပြုံးကာကြည့်မိသည်။ ကလေးလေးက ရီပြပါတော့သည်။
"ဖေ့ဖေ့ သမီးလေး.. ၊ဖေဖေ့ကို ခွန့်လွတ်ပါကွယ်...နော်၊ နောက်ထပ် သမီးလေးကိုထပ်ပစ်မထားတော့ဘူး "
မင်းရေစက်ထင် ကလေးကိုတဝနမ်းရှုံ့လိုက်သည်။ ထိုအခါ ကလေးလေး ကသူ့ရဲ့လက်သေးသေးလေးနဲ့ မင်းရေစက်ထင် ရဲ့ပါးအား
လာကိုင်သည်။"မငိုပါနဲ့ တော့ မောင်ရယ်.. အခု သာယာတို့ပျော်ပျော်ရွှင်ရွှင်နေသွားကြမယ် နော် "
မင်းရေစက်ထင် မျက်ရည်များနဲ့ခေါင်းကိုဆက်တိုက်ညှိိမ့်လိုက်ပြီး သာယာအေးရဲ့ပါးလေးကိုပါ နမ်းလိုက်သည်။
"ကဲ ဒါဆို မိသားစုသိုက်သိုက်ဝန်းဝန်းဖြစ်သွားပြီဆိုတော့ အားလုံးချစ်ချစ်ခင်ခင်နေသွားကြမယ်....ဖြောင်း..ဖြောင်းး..ဖြောင်း"
![](https://img.wattpad.com/cover/286843391-288-k618881.jpg)
YOU ARE READING
ပန်းမြိုင်လယ်က မောင့်ချစ်သူ
Romanceရင်ဘက်ထဲက ဒဏ်ရာတွေမို့ ဟန်ဆောင်ကာ ဖုံးဖိထားလို့ ရပါတယ်ပြော လည်း...၊တိုက်ဆိုင်မှုတွေကြုံလာတဲ့အခါ ဟန်မဆောင်နိုင်ပဲ ကျလာတဲ့ ငါ့မျက်ရည်တွေ ကို ဖုံးဖိမထားနိုင်ခဲ့ဘူး...မောင်..💔