unicode
ဘုရားပွဲ.. ပထမနေ့
"ဟလို...ဟလို..တက်ဆီ... အဟမ်း..
(. .)ရွာ အတွင်းရှိ.. ကန်တော့ပွဲ အလှည့် လိုက်ပါမည့်. .အမျိုးသား၊အမျိုးသမီးငယ်များ ပေါ့ခမျာ..
ကန်တော့ပွဲ လှည့် တော့မည် ဖြစ်ပါ၍..
ဒေါ် အေးကျင် တို့.အိမ်ရှေ့သို့.. အမြန်ဆုံး..
လာရောက်ကျပါရန်.. အသိပေးအပ်ပါသည်ခမျာ”ဉီးဇင်းပညာ မှ ကန်တော့ပွဲ့ လှည့်တော့မှာ မို့ မိုက်နဲ့ အော်နေခြင်းဖြစ်သည်။
ဒေါ်အေးကျင်တို့ အိမ်က..ရွာမြောက်ပိုင်း ရွာတံခါး နားမှာရှိသည်။ အိမ်ဝိုင်း ကျယ်သောကြောင့်
နှစ်စဉ် ပဒေသာပင် လှည့်တိုင်း ထိုအိမ်ဝိုင်း ထဲမှာ ပဒေသာပင် များ ထားကာ..ထိုအိမ်ရှေ့လမ်းမကြီးကနေ ရွာကိုပတ်ပြီး.. ဘုန်းကြီးကျောင်းသို့ဝင်သည်။.....
"မိကြာဉ တို့ အဖွဲ့... ပြီးပြီ လားဟေ့.. ဟိုမှာ ဉီးဇင်းက မိုက်နဲ့အော်နေပြီ.. ”
အိမ်ထဲမှာ အလှပြင်လို့ မပြီး ဖြစ်နေကြသည့်
ကြာဉရယ်၊ မိအေးရယ် ၊ သိန်းဆွေရယ် တို့ကို
သာယာအေး အိမ်အပြင်က လှမ်းအော်ခြင်း ဖြစ်သည်။အိမ်ရှေ့စားပွဲမှာ ကိုရင်မောင်နဲ့သာယာအေး နှစ်ယောက်သာ..ထိုင်နေသည်။ မင်းရေစက်ထင်လည်း မလာသေးပါ ။ ချိန်းထားတာကတော့..
ကြာဉ တို့ အိမ်မှာပင်။"မိန်းကလေးတွေကတော့ ပြောမနေပါနဲ့ကွာ..”ဟု
ကိုရင်မောင်ကပြောသည်။စောင့်နေရင်း.. ၅မိနစ်ခန့်ကြာတော့..
မင်းရေစက်ထင်ရောက်လာသည်။..သာယာအေး စားပွဲပေါ်ကို လက်နှစ်ဖက်တင်ကာ ထိုင်နေရင်း.. အိမ်ထဲဆီ လှမ်းလာနေသော..ခြံဝကလူကို သတိထားမိသွားသည်။
ကိုသောင်းစိန်တို့အလှူတုန်းကလိုပင်..
ဒီတစ်ခါတော့..အဖြူရောင်စတစ် အကျီနဲ့.. အနက်ရောင် ပိုးပုဆိုး ကို တွဲဝတ်ထားတဲ့.. ချစ်သူမောင် က.. ဒီနေ့မှာ ပိုခန့်ညားနေသည်။
စီးထားတာ ကလည်း အနက်ရောင် ကတ္တီပါ ဖိနပ်လေး ။ သူ့ရဲ့ ခြေထောက်ဖြူဖြူနဲ့ ကတ္တီပါ ဖိနပ်နဲ့ အရမ်း လိုက်ပါတယ်ဆို..ဒီနေ့စီးလာပြန်တော့..
သူ့ကို ရွာထဲက လူတွေဝိုင်းကြည့်တော့မည်။

KAMU SEDANG MEMBACA
ပန်းမြိုင်လယ်က မောင့်ချစ်သူ
Romansaရင်ဘက်ထဲက ဒဏ်ရာတွေမို့ ဟန်ဆောင်ကာ ဖုံးဖိထားလို့ ရပါတယ်ပြော လည်း...၊တိုက်ဆိုင်မှုတွေကြုံလာတဲ့အခါ ဟန်မဆောင်နိုင်ပဲ ကျလာတဲ့ ငါ့မျက်ရည်တွေ ကို ဖုံးဖိမထားနိုင်ခဲ့ဘူး...မောင်..💔