unicode
ရွာဉီးကျောင်း မုဒ်ပေါက် အဝင် ဝရှေ့တွင်
ကျောက်သင်ပုန်း ကြီးကြီး တစ်ခု ထောင်ထားသည်။ ထိုကျောက်သင်ပုန်းပေါ်တွင်.."ဝိုင်းဝိုင်းလည် အငြိမ့်” ဆိုသည့်စာတန်းနှင့်အတူ
အငြိမ့်မင်းသမီး ၃ယောက် ပါသည့် ဗီနိုင်းတစ်ခုနေရာယူနေသည်။ ထိုဗီနိုင်း ၏ အောက်ဘက်
မြေဖြူနဲ့ ရေးထားသည့် စာသားက.." (-)ရွာရဲ့... ဝါကျွတ်ပွဲ
သီတင်းကျွတ်လဆန်း -ရက်၊-ရက် ”ဆိုပြီး ရေးထားသည်။
ဘုန်းကြီးကျောင်း မုဒ်ဝ တွင် ကလေးများ အလုအယှက် ဖြင့် ဗီနိုင်းကို ကြည့်ရှုနေကြသည်။
"ဟာ..ဟျောင့်... ဒီမင်းသမီး လှတယ်ဟျောင့်”
"အေး... ဒီမင်း သမီးလည်း လှတယ်... ”
လက်နှစ်ဖက်ကို နောက် ပစ်ကာ..အဖြူရောင်စတသ်အကျီနဲ့ယော ပုဆိုးကို တွဲဝတ်ထားသည့်
ခပ်ဝဝ လူကြီး တစ်ယောက်... ထိုကလေးတွေနားကိုလျှောက်လာသည်။"ဟိတ်... ကလေး တွေ.. ပိုစတာ ကို လက်နဲ့ မထောက် နဲ့လေ... ပြဲကုန်မယ်..ကြည့်ပြီးရင်..သွား
ကြတော့.... သွား....”ထိုလူကြီး၏ မာန်ပါပါနဲ့ အော်ဟောက်သံ အဆုံး
ကလေး တသိုက် ဘုန်းကြီးကျောင်းထဲ ပြေးဝင်သွားကြသည်။ ထိုလူကြီးမှာ ရွာသူကြီး ဖြစ်သည်။..
ဘုန်းကြီးကျောင်ထဲတွင်...ဘုရားပွဲည နှစ်ည မှာရောင်းရန် ဆိုင်ခန်းများ ဆောက်သူက ဆောက်နေကြသည်။
ဘုန်းကြီးကျောင်းက ကျယ် လို့တော်သေးသည်။အငြိမ့်ကမည့် ဇာတ်ခုံကတော့ အထူးတလည် ဆောက်စရာ မလိုပေ။ အဘယ်ကြောင့်ဆိုသော်
အရင် ၂နှစ်လောက်ထဲက နှစ်စဉ်ကျင်းပတိုင်း
ဆောက်နေစရာ မလိုရန်.. ခိုင်ခိုင်ခန့်ခန့် တခါထဲ
ဆောက်ထားခြင်းကြောင့် ဖြစ်သည်။ဇာတ်စင် ရှေ့မှာတော့.. နေရာ မှတ်သူ က မှတ်နေကြသည်။.. ထုံးဖြူး စည်းသား လုပ်သူက လုပ်နေကြသည်။
...
သာယာအေးတို့အိမ်မှာ.. မင်းရေစက်ထင် လည်းရောက်နေသည်။.. ရောက်ဆို.. ဘယ်အချိန်ကထဲကလည်း ဆို... မနက်မိုးလင်း ထဲကပါ။
ချောင်းပေါက်မတက် လာလွန်း လို့ အနီးအနား အိမ်တွေကတောင် ပြောနေ ကြသည်။

YOU ARE READING
ပန်းမြိုင်လယ်က မောင့်ချစ်သူ
Romanceရင်ဘက်ထဲက ဒဏ်ရာတွေမို့ ဟန်ဆောင်ကာ ဖုံးဖိထားလို့ ရပါတယ်ပြော လည်း...၊တိုက်ဆိုင်မှုတွေကြုံလာတဲ့အခါ ဟန်မဆောင်နိုင်ပဲ ကျလာတဲ့ ငါ့မျက်ရည်တွေ ကို ဖုံးဖိမထားနိုင်ခဲ့ဘူး...မောင်..💔